Sales Hotline : 09448001653       Download App



ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသားများ ဆေးတက္ကသိုလ်တက်ရောက်ခွင့်ကို ယခင်ထက် တိုးမြှင့်ထား

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသားများ ဆေးတက္ကသိုလ်တက်ရောက်ခွင့်ကို ယခင်ထက် တိုးမြှင့်ထား

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုမှ တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသား၊ ကျောင်းသူများ ဆေးတက္ကသိုလ်တက်ရောက်ခွင့်ကို စုစုပေါင်းဝင်ခွင့်ရ ဦးရေ၏ ၆ ရာခိုင်နှုန်းအထိ တိုးမြှင့်ဝင်ခွင့်ပြု ထားကြောင်း သိရသည်။

နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသစရိတ်ခံစားခွင့် ရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကြီး ခြောက်ခု (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ)တို့မှ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများအတွက် ယင်းဒေသများမှ ပညာသင်ကြားပြီး သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသူများကို မူလပုံမှဝင်ခွင့်ပြု ရမှတ် အောက် လျှော့ပေါ့၍ ဆေးတက္ကသိုလ် များသို့ ၂၀၁၂ ခုနှစ် ပညာသင်နှစ်မှ ၂၀၁၆ ပညာသင်နှစ်အထိ စုစုပေါင်း ဝင်ခွင့်ပြု ကျောင်းသားဦးရေ၏ ၃ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ် ပညာသင်နှစ်မှ စတင်ပြီး ၆ ရာခိုင်နှုန်းခန့်ကိုလည်းကောင်း အဆိုပါ ဒေသများမှ ကျောင်းသား၊ ကျောင်းသူမျာကို ဝင်ခွင့်ပြုခဲ့သည်။

READ - ဗြိတိသျှကောင်စီ IELTS Prize ပညာသင်ဆု လျှောက်ထားနိုင်ပါပြီ

"ဆေးတက္ကသိုလ်အလိုက် အများဆုံး လက်ခံသင်ကြားပေးနိုင်သည့် လျာထားဦးရေ အတိုင်း ကျောင်းသား၏ စိတ်ပါဝင်စားမှု၊ ဦးစားပေးမှုများအပေါ် မူတည်ပြီး နောက်ဆုံးဖြတ်ရမှတ်အပေါ် ရမှတ်တူညီသူများကို လျာထားချက်ထက် ပိုခြင်း၊ လျှော့ခြင်း စသည်တို့ကို တိုင်းဒေသကြီး၊ ပြည်နယ်ခွဲခြားမှု မရှိဘဲ ရွေးချယ်ဆောင်ရွက်ခဲ့ပါတယ်" ဟုပြောသည်။

ယခုလတွင် ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရေဖြူမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသက်နိုင်ဦး မေးမြန်းသော မြန်မာတစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ် ဝင်ခွင့်ကို တိုင်းဒေသကြီးပြည်နယ်များ၏ လူဦးရေအပေါ် အခြေခံပြီး အချိုးကျ ခေါ်ယူပေးရန် အစီအစဉ် ရှိမရှိ နှင့် စပ်လျဉ်းသော မေးခွန်းအပေါ်တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတင်က ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

သွားလာရေးခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တက်ရောက်ခွင့်ပြုခဲ့သော ကျောင်းသား၊ ကျောင်းသူများမှာ ကချင်ပြည်နယ်မှ ၈ ဦး၊ ကယားပြည်နယ်မှ ၃ ဦး၊ ကရင်ပြည်နယ်မှ ၃၃ ဦး၊ ချင်းပြည်နယ်မှ ၅၇ ဦး၊ ရခိုင်ပြည်နယ်မှ ၃၅ ဦး၊ ရှမ်းပြည်နယ်မှ ၁၇ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၇၆ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၂ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၅၇ ဦး၊ နဂအတွင်း ၉ ဦး၊ ဓနုအုပ်ချုပ်ခွင့်ရဒေသမှ ၂၇ ဦး၊ ပအိုဝ်း ၃၄ ဦး၊ ပလောင် ၈ ဦး၊ ကိုးကန့် ၁ ဦး၊ ဝဒေသမှ ၅ ဦး ယခုအချိန်အထိ ၃၉၁ ဦး ဝင်ခွင့်ပြုထားပါသည်။

READ - ဦးတင်မောင် တက္ကသိုလ်ပညာသင်ဆု လျှောက်လွှာခေါ်ယူ

News Read 1793 times