Sales Hotline : 09448001653       Download App



အဝေးသင် ပထမနှစ်ကျောင်းသား၊ ကျောင်းသူများ ယခုလကုန် နောက်ဆုံးထား၍ ကျောင်းအပ်ရမည်

အဝေးသင် ပထမနှစ်ကျောင်းသား၊ ကျောင်းသူများ ယခုလကုန် နောက်ဆုံးထား၍ ကျောင်းအပ်ရမည်

၂၀၁၉ ပညာသင်နှစ် အဝေးသင် ပထမနှစ်ကျောင်းသား၊ ကျောင်း သူများသည် မတ်လ ၂၉ ရက်နောက် ဆုံးထားကျောင်းအပ်ရ မည်ဟု တက္ကသိုလ်များက ကြေညာထားသည်။

ပထမနှစ်သင်တန်းများကို ဇန်န၀ါရီလကုန်အထိ ကျောင်း အပ်လက်ခံမည်ဟု မူလက သတ်မှတ်ခဲ့သည်။ သို့သော် ကျောင်းဝင်မှတ်ပုံတင်ရမည့်သူများ ကျန်ရှိနေခြင်း၊ အဝေးသင်တက္ကသိုလ် နောက် ဆက် တွဲ ၀င်ခွင့်ရသူများကို တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေး အဖွဲ့က ဆက်လက်ဝင်ခွင့်ပြုနေခြင်းကြောင့် ကျောင်းအပ်လက်ခံ ရက်ကို မတ်လ ၂၉  ရက်အထိ တိုးမြှင့်သတ်မှတ်သည်ဟု ကြေညာ ထားသည်။

‘‘ကျောင်းလာအပ်ဖို့ ကျန်သေးသူတွေ ရှိတာကြောင့် နှစ်လတိုးဖို့ ကျောင်းတွေကို ညှိပေးထားတာ။ ဒီလကုန်ကတော့ နောက်ဆုံးအပ်ရလိမ့်မယ်’’ဟု အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူတစ် ဦးက ဆိုသည်။

အဝေးသင်ပထမနှစ် ၀င်ခွင့်ရသူများသည် မှတ်ပုံတင်ကြေး ကျပ် ၅၀၊ ကျောင်းဝင်ကြေးကျပ် ၅၀၊ သင်တန်းကြေး (တစ်နှစ်အ တွက်)ကျပ် ၁,၅၀၀၊ စာအုပ်ဖိုး (တစ်နှစ်အတွက်)နှင့် သင်ခန်းစာပို့ချချက် (DVD)များ ကျပ် ၁၅,၀၀၀၊ စာမေးပွဲဝင်ကြေးကျပ် ၁၀၀၊ သိပ္ပံဘာသာရပ်များအ တွက် ဓာတ်ခွဲခန်းကြေး ကျပ် ၃၀၀နှင့် အပတ်စဉ် လက်တွေ့သင် တန်း မှတ်ပုံတင်ကြေးကျပ် ၂၅၀ ပေးသွင်းကာ ကျောင်း အပ်နှံရ မည်ဖြစ်သည်။

READ - နေပြည်တော် Junction Hotel နေရာတွင် အပြည်ပြည်ဆိုင်ရာ ကလေးများကျောင်း ဖွင့်လှစ်မည်

အဝေးသင်တက္ကသိုလ်များ ၏ အတန်းတင်စာမေးပွဲများကို ပညာသင်နှစ် တစ်နှစ်လျှင် တစ်ကြိမ်ကျင်းပသည်။

စာစဉ် တင်သွင်းထားပြီး သတ်မှတ်ရက်အတွင်း စာမေးပွဲဝင်ခွင့် လျှောက်လွှာ တင်သွင်းပြီးမှသာ စာမေးပွဲ ၀င်ရောက်ဖြေဆိုခွင့်ပြုမည်ဟု အဝေးသင်တက္ကသိုလ် များက ကြေညာထားသည်။

ထို့ပြင် သိပ္ပံဘာသာရပ် အထူးပြုသင်တန်းများသည် သိပ္ပံလက် တွေ့သင်တန်းကို ၇၅ ရာခိုင်နှုန်း တက် ရောက်ပြီးမှသာ စာမေးပွဲဖြေဆိုခွင့်ရမည် ဖြစ်သည်။

အဝေးသင်ဘာသာရပ် သင်တန်းများ ဖွင့်လှစ်မည့် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၃၉ ခုသို့ ၀င်ခွင့်ရသူများစာရင်းကို သက်ဆိုင်ရာ ကျောင်းများတွင် ကြေညာထားပြီး ဘာသာရပ် တစ်ခုချင်း၏ ၀င်ခွင့်ရအနိမ့်ဆုံး အမှတ်များသည် တက္ကသိုလ်တစ်ခုနှင့် တစ်ခု မတူ ညီပေ။

အရှေ့တိုင်းပညာ ဘာသာရပ်သည် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တိုင်းတွင် ၀င်ခွင့်ရအမှတ် အနိမ့်ဆုံးဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲရမှတ် စုစုပေါင်း ၂၄၀ ကျော်ရသူများ ၀င်ခွင့်ရသည့် ဘာသာရပ် ဖြစ်သည်။

သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ အင်္ဂလိပ်စာဘာသာရပ်များသည် တက္ကသိုလ်၊ဒီဂရီကောလိပ်၊ ကောလိပ်တိုင်း တွင် အမှတ်အမြင့်ဆုံး ဘာသာရပ်များဖြစ်ပြီး အနိမ့်ဆုံးဝင်ခွင့် ရအမှတ် ၃၂၀ မှတ်မှ ၃၆၀ ကျော် အထိ ဖြစ်သည်။

READ - တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာစစ်ဆေးရာတွင် လက်ရှိသင်ကြားနေသည့် ဘာသာရပ်နှင့်ကိုက်ညီသော ဆရာ၊ ဆရာမများသာ တာဝန်ပေးရန်ညွှန်ကြား

source: 7day

News Read 3249 times