Sales Hotline : 09448001653       Download App



စင်ကာပူအခြေစိုက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှု သင်တန်းကျောင်းမှ မြန်မာ ကျောင်းသားများကို ခေါ်ယူမည်

စင်ကာပူအခြေစိုက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှု သင်တန်းကျောင်းမှ မြန်မာ ကျောင်းသားများကို ခေါ်ယူမည်

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း နယ်ပယ်ရှိ  အလုပ်အကိုင် အခွင့်အလမ်းများကို  အလွယ်တကူရရှိနိုင်ရန် ဟိုတယ်လုပ်ငန်း၊ ဟိုတယ်စီမံခန့်ခွဲမှုနှင့် လေကြောင်းလုပ်ငန်း စီမံခန့်ခွဲမှု ဆိုင်ရာ အသက် မွေးဝမ်းကျောင်း ပညာရပ်များကို   စိတ်ဝင်စားသော မြန်မာ ကျောင်းသားများ အတွက် စင်ကာပူနိုင်ငံ အခြေစိုက် SDH Institute (Singapore) မှ အလုပ်အကိုင် ခေါ်ယူမည်ဖြစ်ကြောင်း J&J Elixir ၏ တွဲဖက်တည်ထောင်သူ မဖြူသန္တာ လွင်၏ ပြောကြားချက်အရ သိရသည်။

SDH Institute (Singapore) မှ မတ်၂၃ ရက်တွင် ရန်ကုန်မြို့  MICT  Park ၌ မြန်မာကျောင်းသားများ လာရောက်ခေါ်ယူခြင်းနှင့် ပညာသင်ဆု အစီအစဉ် မိတ်ဆက် ခြင်း ပြုလုပ်မည်ဖြစ်ရာ ယင်း အစီအစဉ်ကို ဟိုတယ်စီမံခန့်ခွဲမှု သင်တန်းကျောင်းနှင့် ဝန် ဆောင်မှု လုပ်ငန်းကို ဆောင်ရွက်ပေးလျက် ရှိသည့် J&J Elixir Training and Con-sultancy Service မှ ဦးစီး ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

READ - ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာ ဒီပလိုမာသင်တန်း လျှောက်လွှာခေါ်ယူခြင်း

''အခုလို ဟိုတယ်နဲ့ခရီးသွား လုပ်ငန်းစီမံခန့်ခွဲမှု ပညာတွေနဲ့ ပတ်သက်ပြီး မိဘတွေနဲ့ ကျောင်းသားတွေကို သေချာရှင်းလင်းအောင် လမ်းညွှန်ပေးမှာဖြစ်ပါတယ်။ဒါကြောင့် ယုံကြည်စိတ်ချရတဲ့ SDH  Institute ကို မြန်မာ ကျောင်းသားတွေနဲ့   မိတ်ဆက်ပေး တာဖြစ်ပါတယ်'' ဟု ပြောသည်။

ယင်းအခမ်းအနားတွင် J&J Elixir Trai-ning and Consultancy Service နှင့် SDH Institute တို့က မြန်မာကျောင်းသား၊ ကျောင်းသူများ လေ့လာသင်ယူနိုင်မည့် ဟိုတယ်နှင့် ခရီးသွား စီမံခန့်ခွဲမှု ဆိုင်ရာ ဘာသာရပ်များကို မိတ်ဆက်တင်ပြမည့် အပြင် SDH Institute တွင် တက်ရောက်နေသော ကျောင်းသား၊ကျောင်းသူမှလည်း  စင်ကာပူ၌   နေထိုင် ပညာ သင်ယူရသော ၎င်းတို့၏ အတွေ့အကြုံများကို  ပြန်လည်ဝေမျှ ပေးမည်ဖြစ်သည်။

SDH Institute သည် ကျောင်းသားများ၏ အနာဂတ်အလုပ်အကိုင် အခွင့်အလမ်း မြင့်မားစေရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့် ရလဒ်ကောင်းများ ရှိပြီး မြန်မာနိုင်ငံသားများ၏ အနာဂတ်ပညာရေး အခွင့်အလမ်း များ ပိုမိုကောင်းမွန်စေရန် နိုင်ငံတကာ တက္ကသိုလ်များ၊ ကျောင်းများ တက်ရောက်နိုင်ရန်  ပံ့ပိုးကူညီဆောင်ရွက် ပေးနိုင်မည်ဟု မျှော်မှန်းထားသည်။

SDH  Institute  သည် ၂ဝဝ၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး     ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း စီမံခန့်ခွဲမှုပညာရပ်ကို အထူးအလေးပေး လုပ်ဆောင်လျက် ရှိသည်။

READ - ဆရာအတတ်ပညာဒီပလိုမာ (၁)နှစ် သင်တန်း ၀င်ခွင့်လျှောက်လွှာ ခေါ်ယူခြင်း

source: မြဝတီ

News Read 2154 times