Sales Hotline : 09448001653       Download App



ဆရာအတတ်ပညာဒီပလိုမာ (၁)နှစ် သင်တန်း ၀င်ခွင့်လျှောက်လွှာ ခေါ်ယူခြင်း

ဆရာအတတ်ပညာဒီပလိုမာ (၁)နှစ် သင်တန်း ၀င်ခွင့်လျှောက်လွှာ ခေါ်ယူခြင်း

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) တွင် ၂၀၁၉ ခုနှစ် ဇွန်လ၌ ဖွင့်လှစ်မည့် ဆရာအတတ်ပညာဒီပလိုမာ(၁)နှစ်သင်တန်းသို့ အောက်ဖော် ပြပါ ဖွံ့ဖြိုးရေး တက္ကသိုလ် မူလတန်း ဆရာအတတ်သင်တန်းဆင်းများ လျှောက်ထားနိုင်ကြောင်း အကြောင်းကြားအပ်ပါသည်။

(က) မူလတန်းဆရာအတတ်သင်တန်း အမှတ်စဉ် (၄၄) ၂၀၁၂-၂၀၁၅ ပညာသင်နှစ်

(ခ) မူလတန်းဆရာအတတ်သင်တန်း အမှတ်စဉ် (၄၅) ၂၀၁၃-၂၀၁၆ ပညာသင်နှစ်

သင်တန်းတက်ရောက်ခွင့် လျှောက်ထားသူများအား ပူးတွဲဖော်ပြထားသော သတ်မှတ်ပုံစံဖြင့် လျှောက်ထားနိုင်စေရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများက အသိပေး ကြေညာ၍ လျှောက်လ၊ွှာများကို ခေါ်ယူစုစည်းပြီး လျှောက်လွှာ (၂) စုံကို လက်ခံကာ မိတ္တူ (၁) စုံကို တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများတွင် လက်ခံသိမ်းဆည်းထားရန်နှင့် မူရင်း (၁) စုံကို ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သို့ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့ အရောက်ပေးပို့ရန် ဖြစ်ပါသည်။

မူလတန်းဆရာအတတ်ပညာသင်တန်း အမှတ်စဉ် (၄၄) (၄၅) သင်တန်းဆင်းများထဲမှ ဆရာအတတ်ပညာ ဒီပလိုမာ (၁) နှစ် သင်တန်း တက်ရောက်ရန် ကျန်ရှိနေသူများအား လက်ခံသွားမည် ဖြစ်သည်။

READ - အခြေခံပညာအတန်းများ၏ အောင်စာရင်း ဧပြီ ၂၁ ရက် ကြေညာမည်

သင်တန်းတက်ရောက်ခွင့်ရရှိသူများ၏ အမည်စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများသို့ ဆက်လက်အကြောင်းကြားမည် ဖြစ်ပါသည်။

ဆရာအတတ်ပညာဒီပလိုမာ (၁) နှစ်သင်တန်း ဝင်ခွင့်ရရှိသူသည် သင်တန်းတက်ရောက်ရန် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သို့ လာရောက်ရာတွင် သက်ဆိုင်ရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ဆရာအတတ်ပညာဒီပလိုမာသင်တန်း (၁) နှစ်သင်တန်း တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် များရှိ ကျန်းမာရေးဌာနတွင် (အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး၊ HIV၊ ကာလသားရောဂါ၊ တီဘီ၊ နာတာရှည်နှင့် ကူးစက်ရောဂါများ) ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ပြီး ရောဂါကင်းရှင်းကြောင်း ဆေးစစ်ချက် လက်မှတ်မူရင်း တင်ပြရပါမည်။

ရောဂါကင်းရှင်းကြောင်း ကျန်းမာရေးစစ်ဆေးမှုကို ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ဖွဲ့စည်းထားသည် ဆေးစစ်အဖွဲ့ဖြင့် စစ်ဆေးမှုခံယူရမည် ဖြစ်ပြီး ဆေးစစ်ဆေးမှု အောင်မြင်ပြီး ကျန်းမာရေးကောင်းမွန်မှသာ တက်ရောက်ခွင့်ပြုရပါမည်။

ဆရာအတတ်ပညာဒီပလိုမာ (၁) နှစ်သင်တန်း အမှတ်စဉ် (၈) (၉) တွင် တက်ရောက်ခဲ့ပြီး သင်တန်းစည်းကမ်းဖောက်ဖျက်၍ မိခင်ဌာနသို့ ပြန်လည်စေလွှတ်ခံရသူများ လျှောက်ထားရန် မလိုပါ။

READ - အခမဲ့ ဒစ်ဂျစ်တယ်နည်းပညာ ကွန်ပျူတာအခြေခံသင်တန်း

News Read 8881 times