Sales Hotline : 09448001653       Download App



လက်ရှိ မြန်မာနိုင်ငံမှာ လူငယ်အများစု တက်ရောက်နေတဲ့ သင်တန်း ၅ ခု

လက်ရှိ မြန်မာနိုင်ငံမှာ လူငယ်အများစု တက်ရောက်နေတဲ့ သင်တန်း ၅ ခု

ယနေ့ခေတ်မှာဆိုရင်တော့ အပြင်မှာ သင်တန်းတက်တာရှိသလို၊ အွန်လိုင်းကနေ တက်လို့ ရတာတွေလည်း ရှိနေပါပြီနော်။ သင်တန်းတွေ အများကြီး စုစည်းထားတဲ့ www.edge.com.mm သို့ တစ်ချက် ၀င်မွှေလိုက်ခြင်းဖြင့် မိမိ တက်ချင်တဲ့ သင်တန်းကို အချိန်တိုအတွင်း ရှာလို့ရပါတယ်။

ကိုယ်တက်ချင်တဲ့သင်တန်းကို ရှာဖွေဖို့ အခက်အခဲရှိပါက ဖုန်း 1876 သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသေးတယ်နော်...။

သင်တန်းတွေ တက်ပြီး ကိုယ့်အတွက် ဘာအကျိုးကျေးဇူးတွေ ပြန်ရပါလဲ။ သင်တန်းတွေမှာ အစပိုင်းလောက်သာ လူများပါတယ်။ နောက်ဆုံးပိုင်းမှာ လူ နည်းနည်း လာပါတယ်။ အဲဒါ ဘာကြောင့်လဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့သင်တန်းက ကိုယ်တကယ် စိတ်ဝင်စားလား၊ အလုပ်အတွက် လိုအပ်လားဆိုတာတွေ သေချာစဉ်းစားပြီးမှ တက်စေချင်ပါတယ်။

ယနေ့ခေတ်မှာ လူကြိုက်များပြီး ရေပန်းအစားဆုံး သင်တန်းအမျိုးအစား ငါးခုကို ရွေးချယ် ပေးလိုက်ပါတယ်။

နံပါတ် ၁ - ဂျပန်သင်တန်း

မြန်မာနိုင်ငံအတွင်းမှာ ဂျပန်ကုမ္ပဏီတွေ များလာတဲ့အတွက် လူငယ်အများစု ဂျပန်စာကို မဖြစ်မနေ တက်နေကြပါတယ်။ ဂျပန်ကုမ္ပဏီမှာ အလုပ်လုပ်မယ်ဆိုပါက အနည်းဆုံး N-4 လောက်အထိ အောင်ထားမှ အဆင်ပြေတာပါ။

နံပါတ် ၂ - ကွန်ပျူတာသင်တန်း

ဒီနေ့ခေတ်မှာဆိုရင်တော့ အလုပ်တွေတိုင်းမှာ ကွန်ပျူတာ ရနေမှသာ အလုပ်ရတဲ့ ခေတ်ဖြစ်နေပါတယ်။ ကွန်ပျူတာ မရဘဲ အလုပ်သွားလျှောက်မယ်ဆိုရင်တော့ အလုပ်ရဖို့ကတော့ မသေချာသလောက်ပါဘဲနော်။ ဒီတော့ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ကွန်ပျူတာနဲ့ပတ်သက်ပြီး အခြေခံဖြစ်တဲ့ စာရိုက်နည်း၊ email ပို့နည်း၊ microsoft word၊ excel တို့ကို သိထားသင့်ပါတယ်။

နံပါတ် ၃ - အင်္ဂလိပ်စာသင်တန်း

အလုပ်တွေမှာဆိုရင်တော့ အင်္ဂလိပ်စာဆိုတာ တကယ့်ကို အရေးပါပါတယ်။ အင်္ဂလိပ်စာရမယ်ဆိုလို့ကတော့ လစာကတော့ မိုက်နေပြီပဲ။ လစာများများမှ တကယ်လိုချင်တယ်ဆိုရင်တော့ E ကောင်းဖို့တော့ လိုမယ်နော်။

နံပါတ် ၄ - စာရင်းကိုင်

ကျောင်းပြီးတဲ့ မိန်းကလေးအများစုမေးလိုက်တာနဲ့ စာရင်းကိုင်သင်တန်း တက်နေတယ်ပဲ ပြောကြပါတယ်။ စာရင်းကိုင်ကို တကယ်ဝါသနာပါလို့ တက်တာလား၊ အခြား ဘာသင်တန်းကို တက်ရမှန်းမသိ ဖြစ်နေလို့လားဆိုတာ မိမိကိုယ်ကို လေ့လာ ဆန်းစစ်ပါ။

နံပါတ် ၅ - HR

အရင်တုန်းကတော့ HR ဆိုတာ ဘာမှန်းမသိတဲ့သူတွေ များမယ်လို့ ထင်ပါတယ်။ အမှန်တိုင်းပြောရရင် Admin ကိုယ်တိုင်လည်း မသိဘူးဗျ။ ဒီနေ့ခေတ်ကျတော့လည်း ရုံးတိုင်းရုံးတိုင်းမှာ HR ဆိုတာ ရှိနေပါတယ်။

သင်တန်းတွေကတော့ အများကြီးရှိပါတယ်။ မြန်မာပြည်မှာ ရှိတဲ့ သင်တန်းကျောင်းတွေကို စုစည်းပေးထားတဲ့ www.edge.com.mm သို့လည်း ဝင်ရှာလို့ရပါတယ်။

News Read 2451 times