Sales Hotline : 09448001653       Download App



TVET Teacher Training Institute ၂၀၂၀ ပြည့်နှစ်တွင် ဖွင့်လှစ်မည်

TVET Teacher Training Institute ၂၀၂၀ ပြည့်နှစ်တွင် ဖွင့်လှစ်မည်

နည်းပညာကောလိပ်နှင့် အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများကို သင်တန်းပို့ချပေးမည့် TVET Teacher Training Institute ကို ၂၀၂၀ ပြည့်နှစ်တွင် ဖွင့်လှစ်မည် ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန လက်အောက်ရှိ TVET Teacher Training Institute ကို တည်ဆောက်လျက်ရှိပြီး အဆိုပါကျောင်းပြီးပါက နည်းပညာကောလိပ်များနှင့် နည်းပညာ အထက်တန်း ကျောင်းများမှ ဆရာ၊ ဆရာမများအဖြစ် ပြန်လည်ခန့်အပ်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရသည်။

"သိပ္ပံဘာသာရပ်သင် ဆရာ၊ ဆရာမတွေကို ပြန်ပြီးပို့ချပေးမှာ။ သူတို့ကို သင်တန်းပို့ချပြီးရင် သူတို့က နည်းပြအဖြစ် ပြန်ခန့်ပြီး တခြားတက်ရောက်လာတဲ့လူတွေကို ပြန်ပို့ချနိုင်ဖို့ ပြန်ခန့်မယ်။ အခုသင်ရိုးတွေလည်း ရေးဆွဲပြီးစီးနေပြီ။ သင်တန်း စတဲ့ အချိန်မှာ ဘယ်လိုတွေသွားမလဲဆိုတဲ့ အစီအစဉ်တွေ လည်း ရေးဆွဲထားပါပြီ"  ဟုပြောသည်။

TVET Teacher Training Institute ကို ၂၀၂၀ ပြည့်နှစ်တွင် တည်ဆောက်ပြီးစီးရန် ရည်မှန်းပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလခန့်တွင် ဖွင့်လှစ်နိုင်ရန် လျာထားကြောင်း လက်ရှိတွင် တည်ဆောက်ပြီးစီးမှုမှာ ၅၀ ရာခိုင်နှုန်း ခန့် ပြီးစီးနေပြီဖြစ်သည်။

သင်တန်း ဆရာ၊ ဆရာမမပေါင်း ၈၀ ဦးခန့် စတင်တက်ရောက်နိုင်ပြီဖြစ်ပြီး Electrical, Electronic, Mechanical, Auto Mobile ဘာသာရပ်များကို ပို့ချသွားမည် ဖြစ်သည်။

TVET Teacher Training Institute တွင် သင်ကြားမည့် ဘာသာရပ်များနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံ၊ အလုပ်ရုံများ၏ လိုအပ်လျက်ရှိသော လူ့စွမ်းအး အရင်းအမြစ်များအတွက် စစ်တမ်းများ ကောက်ယူပြီး ဖွင့်လှစ်ရမည့် ဘာသာရပ် များကို တိုးချဲ့ဖွင့်လှစ်သွားမည် ဖြစ်သည်။

ထို Institute ကို ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်ခြင်း ဖြစ်ပြီး ဗဟန်းမြို့နယ်တွင် တည်ရှိသည်။

source: democracy

News Read 1988 times