Sales Hotline : 09448001653       Download App



အခမဲ့သင်တန်း (Strategy First Institute, CSR Program) တက်ရောက်လိုသူများ

အခမဲ့သင်တန်း (Strategy First Institute, CSR Program) တက်ရောက်လိုသူများ

ရန်ကုန်- အခမဲ့သင်တန်း ဖေဖော်ဝါရီလ (၂၅) ရက်နေ့စမည်။

Certificate in Essential Skills for Business Careers (Batch-33)

ဘွဲ့ရစလူငယ်များအတွက် စီးပွားရေးဆိုင်ရာ အခြေခံကျွမ်းကျင်မှုများသိရှိပြီး လုပ်ငန်းခွင်တွင် တိုးတက်မှုမြန်ဆန်စေရန် သင်ကြားပေးသော (၇) ရက် သင်တန်းဖြစ်သည်။

သင်တန်းအစ အဆုံးတက်ရောက်ပြီး စာမေးပွဲအောင်မြင်သော သင်တန်းသား၊ သင်တန်းသူများကို Strategy First Institute ၏ မိတ်ဖက် ကုမ္ပဏီအဖွဲ့အစည်းများတွင် အလုပ်အကိုင်များရရှိနိုင်ရန် အခမဲ့ပြန်ရည်ညွှန်းပေးပါသည်။

Strategy First Institute မှ မည်သည့်ငွေကြေးအကျိုးအမြတ်မှ ရည်မှန်းခြင်းမရှိဘဲ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း အဆင်ပြေ တိုးတက်စေဖို့ အတွက် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

Strategy First သင်တန်းကျောင်း၊ ဆရာ/မ များ၊ ကျောင်းသား/သူများ၊ ဝန်ထမ်းများ၏ စုပေါင်းပညာဒါန အစီအစဉ်ဖြစ်သည်။

Strategy First တွင် ICM နှင့် အင်္ဂလိပ်စာ သင်တန်းများ ဆက်လက်တက်ရောက်ရန်လည်း 465,000 တန် Scholarship တစ်တန်းလျှင် (၂) ဆု စီစဉ်ထားပါသည်။ လစဉ်ဖွင့်လှစ်သွားပါမည်။

Certificate in Essential Skills for Business Careers

သင်ကြားပေးမည့် ခေါင်းစဉ်များ-

1. Introduction to Business Organizations

2. Effective Communications Skills

3. Job Hunting, CV and Job Interviews

4. Personal Leadership & Interpersonal Skills

5. Basic Selling Skills & Customer Service

6. Basic Financial Literacy

သင်ကြားပေးမည့် ဆရာ/မ များ -

1. ဒေါ်အေးအေးဝင်း : M.A, Int'l Business Studies (Sophia University, Japan), M. Com, B. Com (Hons, YIE), Dip in English.

2. ဒေါ်နှင်းနုအောင် : M. Com, B. Com (Q**,MEUE)

3. ဒေါ်သွယ်သွယ်အေး : M. Com, B. Com (Q**,MEUE)

4. ဒေါ်သွဲ့ရွှေရည်ထွန်း : M. Com, B. Com (Q**,MEUE)

5. ဦးဇင်လွင်သန့် : M.Act, B.Act (Q**,MUE),
----------------------------
သင်တန်းချိန် - နေ့လည် (၁) နာရီ မှ ညနေ (၄) နာရီ ထိတက်ရောက်ရမည်ဖြစ်သည်။

သင်တန်းရက် - ဖေဖော်ဝါရီလ (၂၅)ရက်နေ့ (တနင်္လာနေ့) မှ မတ်လ (၅)ရက်နေ့ (အင်္ဂါနေ့) အထိဖြစ်သည်။

သင်တန်းတက်ရမည့်ရက်များ ဖေဖော်ဝါရီလ ၂၅,၂၆,၂၇,၂၈ နှင့် မတ်လ ၁,၄,၅ ရက်နေ့အထိ တက်ရောက်ရမည် (မတ်လ ၂, ၃) ရက်နေ့သည် စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက် ဖြစ်သည်။

စာမေးပွဲရက် - မတ်လ (၅) ရက် (အင်္ဂါနေ့) စာမေးပွဲဖြေဆိုရမည်ဖြစ်သည်။ မည့်သည့် အခကြေးငွေမှပေးရန်မလိုအပ်ပါ။
-----------------------------
ဝင်ခွင့်သတ်မှတ်ချက် - တက္ကသိုလ်ကျောင်းသား/သူ (သို့) ဘွဲ့ရစ ဖြစ်ရမည်။

အသက် ၁၈မှ ၂၅ နှစ်ကြား၊ လက်ရှိအလုပ်အကိုင် မရှိသေးသူများသာ လျှောက်ထားပါ။

လျှောက်ထားလိုသူများအနေဖြင့်အောက်ပါ link တွင်ဝင်ရောက်ဖြည့်စွက်ပေးပါခင်ဗျာ။

https://www.surveymonkey.com/r/CSRBatch33

ရွေးချယ်ခံရပါက Email ဖြင့် ပြန်လည် အကြောင်းကြားပေးမည်ဖြစ်ပါသည်။

သတ်မှတ်ချက် ကိုက်ညီသူအားလုံးကို ဦးရာလူစနစ်ဖြင့် ရွေးချယ်ပြီး ဖေဖော်ဝါရီလအတွက် ကျောင်းသား/သူ ၂၀၀ ပြည့်သွားပါက မတ်လ အတွက် စီစဉ်ပေးပါမည်။

*** လစဉ်အခမဲ့ဖွင့်လှစ်သွားပါမည်။

သင်ကြားမည့်နေရာ - အမှတ် (၂၃၉)၊ ပြည်လမ်း (မြေနီကုန်း City Mart အနီး)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ။

ဖုန်းနံပါတ်- ၀၉ ၂၅၀၇၁၇၁ ၆၆ ~ ၆၈, ၀၉ ၄၄၂၅၃၂၅၄၆ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

Strategy First Instittute တွင်ဖွင့်လှစ်သင်ကြားပေးနေသော အခြားသော Programများကို enroll.strategyfirst.edu.mm တွင် အသေးစိတ် လေ့လာနိုင်ပါသည်။
မှတ်ချက် - Strategy First သည် ဆေးလိပ်၊ ဘီယာ၊ အရက်ကုမ္ပဏီများ၊ အချို့ MLM ကုမ္ပဏီများနှင် ၄င်းတို့၏ ဝန်ထမ်းများကို ဝန်ဆောင်မှုမပေးပါ။

source: Strategy First Instittute

News Read 3651 times