Sales Hotline : 09448001653       Download App



UK နိုင်ငံမှာ ကျောင်းတက်ဖို့ ဘာကြောင့် ရွေးချယ်သင့်သလဲ

UK နိုင်ငံမှာ ကျောင်းတက်ဖို့ ဘာကြောင့် ရွေးချယ်သင့်သလဲ

နှစ်စဉ်နှစ်တိုင်း အာဆီယံနှင့် သီရိလင်္ကာ နိုင်ငံများမှ ကျောင်းသား၊ ကျောင်းသူ ၂၀,၀၀၀ ကျော်တို့  UK နိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ လေ့လာသင်ယူနေပါတယ်။

မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ နိုင်ငံခြားမှာ ကျောင်းတက်ဖို့ စဉ်းစားတဲ့အခါ အရည်အသွေးမြင့်မားတဲ့ ကျောင်းကောင်းကောင်းတွေကို ရွေးချယ်နိုင်ဖို့ အရေးကြီးသလို ကုန်ကျစရိတ်သင့်တင့်ပြီး ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်မယ့်  ကျောင်းကိုလည်း ရွေးချယ်နိုင်ဖို့လိုပါတယ်။

UK နိုင်ငံရဲ့ အဆင့်မြင့်ပညာရေးဟာ အရမ်းမြင့်မားတဲ့အတွက် နိုင်ငံတကာမှ ကျောင်းသားများအဖို့ ကျေနပ်အားရမှု ရှိစေပါတယ်။ ကျေနပ်မှု ရရှိတဲ့ ရာခိုင်နှုန်းတွေကတော့  . . .

ဘွဲ့ကြိုသင်ကြားနေသူတွေမှာ - ၉၁ ရာခိုင်နှုန်း

ဘွဲ့လွန်သင်ကြားနေသူတွေမှာ - ၈၉ ရာခိုင်နှုန်း

ဘွဲ့လွန်သုတေသနတက်နေသူတွေမှာ  - ၉၀ ရာခိုင်နှုန်း

ယူကေရှိ တက္ကသိုလ်ပညာရေးမှာ ခန့်အပ်ထားသူဦးရေ ၁၉၈,၅၀၀ ရှိပါတယ်။

ဦးရေ ၂.၂ မီလီယံရှိ ကျောင်းသားများဟာ UK နိုင်ငံမှာ အဆင့်မြင့်ပညာရေးမှ ဘာသာရပ်များကို ဆည်းပူးလေ့လာနေပါတယ်။

၈၅ ရာခိုင်နှုန်းသော နိုင်ငံတကာမှ ဘွဲ့ကြိုတက်သူများသည် UK သို့ ကျောင်းလာတက်သင့်ကြောင့် ထောက်ခံပြောဆိုကြပါတယ်။ အထူးသဖြင့် အင်္ဂလိပ်ဘာသာစကား ပြောဆိုတဲ့ နိုင်ငံတွေမှ ကျောင်းသား၊ ကျောင်းသူများကို UK ပညာရေးကို ထောက်ခံပြောဆိုကြပါတယ်။

၈၆ ရာခိုင်နှုန်းသော နိုင်ငံတကာမှ ဘွဲ့လွန်ကျောင်းသားများဟာဆိုရင်လည်း သူတို့ရဲ့ UK နိုင်ငံ ပညာရေး အတွေ့အကြုံတွေကို ယူကေမှာ  ကျောင်း လာတက်မယ့် ညီငယ်၊ ညီမငယ်လေးများကို အကြံပြု ပြောဆိုကြပါတယ်။

ဘွဲ့လွန် ဘာသာရပ်အတွက် UK တွင် သင်ကြားနေသူများ အားလုံးရဲ့  ၃၀ ရာခိုင်းနှုန်းဟာ နိုင်ငံတကာမှ ဖြစ်ပါသည်။

UK မှာရှိတဲ့ အဆင့်မြင့်ပညာရေးဟာ အင်္ဂလိပ်ဘာသာစကားဖြင့် သင်ပြတဲ့ အဆင့်မြင့်ပညာရေးတွေမှာ အကောင်းဆုံးလို့ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများက ထောက်ခံပြောဆိုကြပါတယ်။ အခြားပညာရေး အဆင့်တွေ မှာလည်း အလားတူပါပဲ။

အပြိုင်ပြုနေကြတဲ့ ပညာရေးကဏ္ဍတွေမှာ UK နိုင်ငံရဲ့ ပညာရေးကဏ္ဍဟာ ကျေနပ်မှု ရရှိနှုန်း အမြင့်မားဆုံး ဖြစ်ပါတယ်။

Tips Read 1312 times