Sales Hotline : 09448001653       Download App



ဒီဇင်ဘာတွင် စတင်ဖွင့်လှစ်မည့် လေးနှစ်သင် ပညာရေး ဒီဂရီကောလိပ်များ ၀င်ခွင့်အမှတ်ဖြင့် မကန့်သတ်ဟုဆို

ဒီဇင်ဘာတွင် စတင်ဖွင့်လှစ်မည့် လေးနှစ်သင် ပညာရေး ဒီဂရီကောလိပ်များ ၀င်ခွင့်အမှတ်ဖြင့် မကန့်သတ်ဟုဆို

လာမည့် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်မည့်  လေးနှစ်သင်ပညာရေးဒီဂရီကောလိပ်များ၏ ၀င်ခွင့်ကို အမှတ်ဖြင့် ကန့်သတ်ရန် အစီအစဉ် မရှိကြောင်း သိရပါတယ်။

အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ ပညာရေးကောလိပ် ၂၅ ကျောင်းကို လာမည့် ဒီဇင်ဘာလ၌ စတင်ကာ လေးနှစ်သင်ပညာရေး ဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိသည်။

ယင်းကျောင်းများ၏ ၀င်ခွင့်ကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ထည့်သွင်းခေါ်ယူမည်ဖြစ်သည်။

ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်မည့် ကျောင်းသား/သူ သည် အဆိုပါ ကောလိပ်များကို လျှောက်ထားမည်ဆိုပါက လေးနှစ် တက်ရောက်ရတော့မည် ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

ဝင်ခွင့်လျှောက်ထားသော ကျောင်းသား၊ ကျောင်းသူများကို အနိမ့်ဆုံးဝင်ခွင့်အမှတ် ကန့်သတ်ခြင်းများ ရှိမည် မဟုတ်ဘဲ လျှောက်ထားသူ အရေအတွက်နှင့် လက်ခံနိုင်မှု အင်အားတို့အပေါ် မူတည်ပြီး ဝင်ခွင့်ပေးရန် လျာထားပါသည်။

"လျှောက်တဲ့လူကိုပဲ ကြည့်ရမှာပဲ၊ လက်ခံနိုင်တာက ၁၀၀ ဆိုရင် တစ်ကနေ တစ်ရာအထိ ယူလိုက်မှာပဲ။ အဲဒါဆိုရင် ၀င်ခွင့်အမှတ်က ထွက်လာမှာပဲ။ အနိမ့်ဆုံးအမှတ် ကန့်သတ်ဖို့ကတော့ မပြတ်သေးဘူး။

တိုင်းရင်းသားဒေသတွေမှာ အမှတ်နဲ့ ကန့်သတ်မှုတွေ အကြောင်းကို ပြောထားတာတွေရှိတော့ ပေါ်လစီပိုင်း ဖြစ်သွားပြီး ဝန်ကြီးရုံးတင်တာတွေ လုပ်ရဦးမှာဆိုတော့ ကန့်သတ်မယ် မထင်ဘူး" ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မင်းက ပြောသည်။

နှစ်နှစ်သင် ပညာရေး ကောလိပ်များမှ လေးနှစ်သင်ပညာရေးဒီဂရီကောလိပ်များ သို့ အဆင့်မြှင့်တင်မည် ဖြစ်သော်လည်း ဝင်ခွင့်ပေးမည့် ဦးရေမှာ လုပ်ငန်းခွင် အကြို မူလတန်းဆရာ အတတ်ပညာဒီပလိုမာသင်တန်း ဝင်ခွင့် ပေးသည့် ဦးရေအတိုင်းသာ ၀င်ခွင့်ပေးမည် ဖြစ်သည်။

ယခုနှစ်တွင် စတင်တက်ရောက်ရမည့် သင်တန်းသား သင်တန်းသူများသည် သင်တန်းဆင်းပါက ပညာရေးဘွဲ့ကို ရရှိမည် ဖြစ်သည်။

source: democracy

News Read 6214 times