Sales Hotline : 09448001653       Download App



2019 "BRIDGE Summer Camp" အတွက် လျှောက်လွှာခေါ်ယူခြင်း

2019 "BRIDGE Summer Camp" အတွက် လျှောက်လွှာခေါ်ယူခြင်း

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) သည် ဂျပန်နိုင်ငံ ဖူကူအိုကာမြို့တွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်မှ (၂၅) ရက် အထိကျင်းပမည့်အထက်ပါတွေ့ဆုံပွဲသို့ ကျောင်းသား လူငယ်များကို ရွေးချယ်စေလွှတ်မည် ဖြစ်ပါ၍ စိတ်ပါဝင်စားသူများသည် သတ်မှတ်ချက်ဘောင်အတွင်း အကြုံးဝင်ပါက လျှောက်ထားနိုင်ပါကြောင်း အကြာင်းကြားအပ်ပါသည်။

၁။ မြန်မာနိုင်ငံသားဖြစ်ပြီး သြဂုတ်လ (၁) ရက်၊ ၂၀၀၇ ခုနှစ် နှင့် သြဂုတ်လ (၃၁) ရက် ၂၀၀၈ ခုနှစ် အတွင်း မွေးဖွားသူဖြစ်ရမည်။ (မွေးစာရင်းတင်ပြနိုင်ရမည်)

၂။ အခြေခံပညာကျောင်း (သို့မဟုတ်) အခြေခံပညာကျောင်းနှင့် အဆင့်တူကျောင်းတွင် ပညာသင်ယူဆဲ ဖြစ်ပြီး ကျောင်းအဆင့်ထူးချွန်သူ (အဆင့် ၁ မှ ၅ အထိ)၊ စည်းကမ်းလိုက်နာတတ်သူ၊ အင်္ဂလိပ် ဘာသာဖြင့် ပြောဆိုနိုင်သူ၊ ကျန်းမာကြံ့ခိုင်သူ၊ မိဘအုပ်ထိန်းသူနှင့် ၂ ပတ်ခန့် ခွဲ၍ နေထိုင်တတ်ပြီး ဂျပန်နိုင်ငံရှိ ဒေသခံမိသားစုများနှင့် နေထိုင်နိုင်စွမ်းရှိရမည်။ (သက်ဆိုင်ရာကျောင်းမှ ထောက်ခံချက် တင်ပြရန်)

၃။ ရွေးချယ်ခံရပါက (MAJA) အသင်းမှ လိုအပ်သည့် သင်ကြားလေ့ကျင့်မှုများ ပြုလုပ်ပေးမည်ဖြစ်ပါသည်။ အဆိုပါကာလအတွင်း စည်းကမ်းလိုက်နာရန်ပျက်ကွက်ပါက ရွေးချယ်စေလွှတ်မှုအား ပယ်ဖျက် ခံရမည် ဖြစ်ပါသည်။

၎။ လူတွေ့စစ်ဆေးသောနေ့တွင် Passport မူရင်းတင်ပြရပါမည်။

၅။ လျှောက်လွှာလက်ခံမည့် ရက် နှင့် နေရာ - (၂၁.၁.၂၀၁၉) မှ (၈.၂.၂၀၁၉) ရုံးချိန်အတွင်း ကျောင်းသားနှင့်အတူ မိဘ (သို့) အုပ်ထိန်းသူ လိုက်ပါ၍ အောက်ပါ MAJA ရုံးခန်းသို့ လာရောက်လျှောက် ထားရန်။

မှတ်ချက် - (စနေ၊ တနင်္ဂနွေ နှင့် အများပြည်သူအလုပ်ပိတ်ရက်များ ပိတ်ပါသည်။)

- ကျောင်းသားကိုယ်တိုင်လျှောက်လွှာကို ရေးဖြည့်ရပါမည်။

- Interview ရက်ကို MAJA Facebook တွင်ကြေငြာပါမည်။

https://www.facebook.com/MyanmarAssociationOfJapanAlumniMAJA/

- အကယ်၍ Interview တွင်ရွေးချယ်ခံရပါက APCC သို့ Registration Fees $100 (တစ်ဦးလျှင်) ကို ထည့်ဝင်နိုင်သူဖြစ်ရပါမည်။

- ၃လအတွင်း ရိုက်ကူးထားသော 3x4cm ရှိသော ဓါတ်ပုံ(၁)ပုံ (ဓါတ်ပုံနောက်ကျောတွင် အမည်ရေးသားထားရမည်။)

- မွေးစာရင်း / နိုင်ငံသားစိစစ်ရေးကဒ် မိတ္တူ (၁) စောင်

- နိုင်ငံကူးလက်မှတ်မိတ္တူ (၁) စောင်

- သက်ဆိုင်ရာကျောင်းမှ ထောက်ခံစာ မူရင်း (၁) စောင်

- ကျောင်းစာမေးပွဲအမှတ်စာရင်းနှင့်အဆင့် (၁) စောင်

MAJA Office သည် Room 707, 7th Floor, Bld C, Pearl Condo, Kabar Aye Pagoda Rd, Bahan Tsp, Yangon တွင် တည်ရှိပါသည်။ 

Ph: 95-9-262602121, 95-9-428612151

source: myanmar association of japan Alumni

News Read 2085 times