Sales Hotline : 09448001653       Download App



သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် ဖွင့်လှစ်မည့် Diploma in Information Technology သင်တန်း လျှောက်လွှာခေါ်ယူခြင်း

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် ဖွင့်လှစ်မည့် Diploma in Information Technology သင်တန်း လျှောက်လွှာခေါ်ယူခြင်း

၁။ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် သတင်းအချက်အလက်နည်းပညာဘွဲ့ကြို ဒီပလိုမာဘွဲ့ (Dip.IT) သင်တန်း ဖွင့်လှစ်မည် ဖြစ်ပါသည်။

၂။ အထက်ပါ ဒီပလိုမာ ဘွဲ့သင်တန်းသည် အချိန်ပိုင်းသင်တန်းဖြစ်၍ Module (၁၀) ခုဖြင့် သင်ကြားမည်ဖြစ်ပြီး Module တစ်ခုလျှင် စာသင်ပတ် (၁၀) ပတ် ဖြစ်ပါသည်။

၃။ အဆိုပါ သင်တန်းသို့ အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည် -

(က) အခြေခံပညာ အထက်တန်းအောင်မြင်ပြီး လျှောက်လွှာပိတ်ရက်တွင် အသက်(၂၁)နှစ်ထက် မကျော် လွန်သူ ဖြစ်ရမည်။

(ခ) သင်တန်းကာလအတွင်း သတ်မှတ်ထားသော ကျောင်းခေါ်ချိန် ပြည့်မီအောင် တက်ရောက်နိုင်သူ ဖြစ်ရမည်။

(ဂ) သင်တန်းလျှောက်လွှာနှင့်အတူ တက္ကသိုလ်ဝင်တန်းအောင် အမှတ်စာရင်း (သို့မဟုတ်) တက္ကသိုလ် တက်ရောက်နေသူဖြစ်ပါက နောက်ဆုံးဖြေဆိုအောင်မြင်ခဲ့သော စာမေးပွဲ အမှတ်စာရင်းကို ပူးတွဲ တင်ပြရမည်။

၎။ သင်တန်းတက်ရောက်ရန် လျှောက်ထားသူများသည် ၀င်ခွင့်စာမေးပွဲ (Entrance Exam) ကို အောက်ပါ အတိုင်းဖြေဆိုရမည် ဖြစ်ပါသည်။

ဖြေဆိုရမည့် နေ့ရက် - ၁၆.၂.၂၀၁၉  (စနေနေ့)

ဖြေဆိုရမည့် ဘာသာရပ်

၁. အင်္ဂလိပ်စာ - (၉း၃၀) မှ (၁၁း၀၀) နာရီ

၂. ပင်ကိုစွမ်းရည် စစ်ဆေးခြင်း (Aptitude Test) - (၁၂း၃၀) မှ (၁၄း၀၀) နာရီ

ဖြေဆိုရမည့် နေရာ - သတင်းအချက်အလက် နည်းပညာတက္ကသိုလ်

၅။ ရေးဖြေစာမေးပွဲ ဖြေဆိုအောင်မြင်သူများ စာရင်းကို (၁၇-၂-၂၀၁၉)ရက် (တနင်္ဂနွေနေ့) တွင် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၌ ကြေငြာမည် ဖြစ်ပါသည်။

၆။ သင်တန်းကို (၁၈-၂-၂၀၁၉) ရက် (တနင်္လာနေ့) တွင် စတင်ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသည်။

၇။ သင်တန်းဝင်ခွင့်လျှောက်လွှာများကို သတ်မှတ်ပုံစံဖြင့် သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်တွင် (၁၃-၂-၂၀၁၉)ရက် (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။

၈။ အခြားသိရှိလိုသည်များရှိပါက သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ပါရမီလမ်း၊ တက္ကသိုလ်များ လှိုင်နယ်မြေ (၁၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ ဖုန်း ၀၁-၉၆၆၄၇၀၉ သို့ ဆက်သွယ်မေးမြန်းနိုင် ပါသည်။

News Read 4961 times