Sales Hotline : 09448001653       Download App



ပညာရေးကောလိပ်များမှ ဒီပလိုမာရရှိပြီးသော ကျောင်းသား/သူများ၏ အဝေးသင်တက္ကသိုလ်များသို့ တက်ရောက်ခွင့်ကိစ္စ

ပညာရေးကောလိပ်များမှ ဒီပလိုမာရရှိပြီးသော ကျောင်းသား/သူများ၏ အဝေးသင်တက္ကသိုလ်များသို့ တက်ရောက်ခွင့်ကိစ္စ

ပညာရေးကောလိပ်များမှ Diploma in Teacher Education (DT.Ed) (၂)နှစ်သင်တန်း အောင်မြင်၍ ဒီပလိုမာရရှိပြီးသော ပူးတွဲစာရင်းပါ ကျောင်းသား၊ ကျောင်းသူများ၏ အဝေးသင် သင်တန်းများသို့ တက်ရောက်ခွင့် လျှောက်ထား လာခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဆောင်ရွက်ရန် အကြောင်းကြားပါသည် -

(၁) ပညာရေးကောလိပ်များမှ လုပ်ငန်းခွင် အကြို၊ ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း (၂)နှစ်သင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများသည် ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များကို ဆက်လက် သင်ယူလိုပါက ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ၏ အဝေးသင် ဒုတိယနှစ်သင်တန်းကို ၂၀၁၉ ပညာသင်နှစ်မှ စတင်တက်ရောက်ခွင့် ပြုနိုင်ရေးအတွက် လျှောက်လွှာတင်သွင်းခြင်း၊ စိစစ်ခြင်း၊ လက်ခံခြင်းများကို ၁၅-၁-၂၀၁၉ ရက်နေ့မှစတင် ဆောင်ရွက်ပေးရန်၊

လျှောက်လွှာလက်ခံ နောက်ဆုံးရက်နှင့် ကျောင်းဝင် မှတ်ပုံတင် နောက်ဆုံးရက်သည် ဒုတိယနှစ် သင်တန်းများ၏ နောက်ဆုံးရက်ဖြစ်သော ၂၃-၅-၂၀၁၉ ရက်နေ့ သတ်မှတ်ဆောင်ရွက်ရန်၊

(၂) အခြေခံပညာဦးစီးဌာန၊ အခြေခံပညာကျောင်းများတွင် လုပ်ငန်းခွင် ဝင်ရောက်နေသည့် ဆရာ၊ ဆရာမ များဖြစ်၍ တာဝန်ထမ်းဆောင်နေသည့်ကျောင်းနှင့် တက္ကသိုလ် အကွာအဝေးအရ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များကို သတ်မှတ်ပေးရန်၊

(၃) ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ၏ အဝေးသင် ဒုတိယနှစ်သင်တန်း တက်ရောက်ရန် လျှောက်ထားလာပါက ပညာရေးကောလိပ်တွင် သင်ယူခဲ့သည့် ဘာသာတွဲအပေါ် မူတည်၍ သက်ဆိုင်ရာဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် များ၌ အထူးပြုယူရမည့် ဘာသာရပ်များကို သက်ဆိုင်ရာ တက္ကသိုလ်များ၏ ပညာရေးအဖွဲ့ (Senate) မှ သတ်မှတ်ပေးရန်၊

News Read 4117 times