Sales Hotline : 09448001653       Download App



ကမ္ဘာတွင် မြန်မာတို့၏ အင်္ဂလိပ်ဘာသာစကား တိုးတက်ကျွမ်းကျင်မှုကို ကူညီပေးနိုင်ဖို့ ပူးပေါင်းဆောင်ရွက်

ကမ္ဘာတွင် မြန်မာတို့၏ အင်္ဂလိပ်ဘာသာစကား တိုးတက်ကျွမ်းကျင်မှုကို ကူညီပေးနိုင်ဖို့ ပူးပေါင်းဆောင်ရွက်

မြန်မာတို့၏ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု တိုးတက်စေပြီး ကမ္ဘာတွင် အစွမ်းပြနိုင်ရေး  ကူညီပေးရန် ဗြိတိသျှကောင်စီနှင့် ကဲမ်းဘရစ်အင်္ဂလိပ်စာစစ်အဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါသည်။

နိုင်ငံတကာ စာမေးပွဲများအတွက် ရန်ကုန်နှင့်မန္တလေးမှ ဘာသာစကားသင်ကြားသူများ ပြင်ဆင် စေနိုင်ရေး အထောက်အကူပေးရာဝယ် ဗြိတိသျှကောင်စီနှင့် ကဲမ်းဘရစ်တက္ကသိုလ်မှ စေတနာ့ ၀န်ထမ်း Cambridge Assessment English အဖွဲ့တို့၏ ပူးပေါင်းမှုဖြင့် အရင်းအမြစ် စုံစုံလင်လင် ရရှိနေပြီ ဖြစ်ပါသည်။

ရန်ကုန်နှင့်မန္တလေးရှိ ဗြိတိသျှကောင်စီ စာကြည့်တိုက်များတွင် စာအုပ်နှင့်စီဒီအုပ်ရေ/ အချပ်ရေ (၂၀၀)ကျော်ကို Cambridge Assessment English အဖွဲ့မှ လက်ဆောင် ပေးထားပါသည်။

အဆိုပါအရည်အသွေးမြင့် စာအုပ်၊ စီဒီများသည် နိုင်ငံတကာမှ အသိအမှတ်ပြုသည့် Cambridge English အရည်အချင်းရရှိရန် ဖြေကြားရာတွင် အထောက်အကူပြုရုံမျှမက ပညာသင်အားလုံး အတွက်ပါ အသုံးဝင်မည်ဖြစ်ပါသည်။

လေ့လာသူများ၏ အရေး၊ အဖတ်၊ နားထောင်၊ အပြော ဟူသည့် အဓိကဘာသာစကား ကျွမ်းကျင်မှု(၄)ခုသာမက သက်ငယ်တန်းမှ စီးပွားရေးအတွက် အင်္ဂလိပ်စာအတန်းတိုင် အဆင့်အားလုံး၊ အရွယ်အားလုံးအတွက် ထုတ်ဝေထားသည့် စာအုပ်စာတမ်းများလည်း ပါရှိပါသည်။

ထိုစာအုပ်နှင့်စီဒီများကို ဥရောပဘာသာစကား ကျွမ်းကျင်မှုသတ်မှတ်ချက်မူဘောင်(CEFR)နှင့် ချိန်ညှိလျှက်အသေးစိတ်ချမှတ်ထားသည့် တတ်ကျွမ်းမှု အဆင့်အခြေပြု Cambridge English အရည်အချင်းများကိုလည်း သင်ကြားမှုခရီးတစ်လျှောက် လေ့လာသူတိုင်းအတွက် သတ်မှတ်ပေးထားပါသည်။

improve eng

အင်္ဂလိပ်စာကို ပျော်ပျော်ရွှင်ရွှင်သင်ကြားပြီး  ထိရောက်ပြီးအကျိုးရှိသော ထဲထဲဝင်ဝင် စစ်ဆေးသည့် စာမေးပွဲများဖြင့် Cambridge English အရည်အချင်းများအား သတ်မှတ်ပေးခြင်း ဖြစ်ပါသည်။
မိမိတို့၏ တစ်မူထူးခြားသည့် နည်းလမ်းဖြင့် ဘာသာစကား ဖွံ့ဖြိုးစေမည့် လမ်းကြောင်းတစ်ခုကို ရှင်းရှင်းလင်းလင်း ချမှတ်ကာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကို အားပေးပါသည်။

စာသင်ကျောင်းများ၊ အထွေထွေနှင့် အဆင့်မြင့်ပညာရေး၊ စီးပွားရေးတို့အတွက် မိမိတို့မှ အရည်အချင်း သတ်မှတ် စစ်ဆေးပေးပါသည်။

Cambridge Assessment English အဖွဲ့မှ ဗြိတိသျှကောင်စီထံ ပေးအပ်သည့် စာရွက်စာတမ်းများဖြင့် ပညာသင်များအား စာမေးပွဲဖြေဆိုရန် ပြင်ဆင်ပေးခြင်း၊ ၄င်းတို့၏ အရည်အချင်းများအား ကမ္ဘာနှင့် ချီ၍ သိအောင်ပြသနိုင်ရန် ကူညီပေးခြင်းတို့ကို လုပ်ဆောင်နိုင်စေပါသည်။

steps

step by step

အရှေ့တောင်အာရှနှင့် ပစိဖိတ် Cambridge Assessment English အဖွဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms Lim Cheng Pier ကလည်း “မြန်မာနိုင်ငံမှာ ကဲမ်းဘရစ်အင်္ဂလိပ်စာစစ်အဖွဲ့မှ သတ်မှတ်ထားတဲ့ အရည်အချင်းတွေကို နှစ်စဉ် ဗြိတိသျှကောင်စီမှတစ်ဆင့် ပိုမိုတိုးတက် ရယူနေကြပြီး ကမ္ဘာတစ်ဝှန်းက တက္ကသိုလ်များ၊ အလုပ်ရှင်များ၊ အစိုးရဌာနများမှ အသိအမှတ်ပြုတဲ့ လက်မှတ်တွေကို ရရှိနေကြပါပြီ။ ပြီးတော့ ပညာသင်များရဲ့ဘ၀ကို တိုးတက်ပြောင်းလဲစေမယ့် စာမေးပွဲတွေ ဖြေဆိုအောင်မြင်စေနိုင်မယ့် ဒီအရင်းအမြစ်တွေကို ပံ့ပိုးပေးရတာ ၀မ်းမြောက်မိပါတယ်” ဟု ဆိုပါသည်။

ဗြိတိသျှကောင်စီမြန်မာ၏ ညွှန်ကြားရေးမှူး ဒေါက်တာ Richard Sunderland က ဤကဲ့သို့ဆိုပါသည်။ “အင်္ဂလိပ်ဘာသာဟာ  မြန်မာနိုင်ငံရဲ့ပညာရေးဝန်ကြီးဌာနနဲ့ နိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူများ အတွက် ဦးစားပေးကဏ္ဍ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း အင်္ဂလိပ်စာသင်ကြားခြင်းနှင့် သင်ယူခြင်းတို့ကို  ထောက်ပံနိုင်ရန်၊ မြန်မာနိုင်ငံသားများရဲ့ အရည်အချင်းများအားမြှင့်တင်ပေးရန်နှင့်  ပညာရေးနဲ့ လုပ်ငန်းခွင်အတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် တို့အတွက် ကဲမ်းဘရစ်အင်္ဂလိပ်ကဲ့သို့သော ယူကေမိတ်ဖက်အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ကိုင်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။”

ဤအဖွဲ့အစည်းနှစ်ခုသည် မြန်မာအပါအ၀င် ကမ္ဘာတစ်ဝှန်းတွင် ပူးပေါင်းလုပ်ဆောင်သည့် အစဉ်အလာရှိခဲ့ပြီး ဗြိတိသျှကောင်စီမှ Cambridge Assessment English အဖွဲ့အတွက် တရားဝင် စင်တာ အဖြစ် ဆောင်ရွက်လျှက် ရှိပါသည်။

လွန်ခဲ့သည့် နှစ်(၃၀)ကာလအတွင်း ဗြိတိသျှကောင်စီနှင့် Cambridge Assessment English အဖွဲ့တို့မှ နိုင်ငံတကာ ပြောင်းရွှေ့အခြေချမှုနှင့် အဆင့်မြင့် ပညာရေး တို့အတွက် ကမ္ဘာ့ထိပ်တန်း စာမေးပွဲဖြစ်သည့် IELTS ကို ဖော်ဆောင်စစ်ဆေးရန် မိတ်ဖက် IDP: IELTS Australia နှင့်ပူးပေါင်းဆောင်ရွက်လျှက် ရှိပါသည်။

ဗြိတိသျှကောင်စီမြန်မာ

ဗြိတိသျှကောင်စီသည် ယူကေ၏ ယဉ်ကျေးမှုဆက်ဆံရေးနှင့် ပညာရေးအခွင့်အလမ်း တို့အတွက် ဖွဲ့စည်းထားသည့် နိုင်ငံတကာ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါသည်။

အနုပညာ၊ ယဉ်ကျေးမှု၊ အင်္ဂလိပ် ဘာသာစကား၊ ပညာရေးနှင့် ရပ်ရွာလူ့အဖွဲ့အစည်း နယ်ပယ်များတွင် နိုင်ငံပေါင်း (၁၀၀)ကျော်နှင့် ပူးပေါင်းလုပ်ဆောင်လျှက် ရှိပါသည်။

ယမန်နှစ်က လူဦးရေ(၆၅)သန်းကို တိုက်ရိုက် ထိတွေ့နိုင်ခဲ့ပြီး အွန်လိုင်း၊ ရုပ်/သံနှင့် စာနယ်ဇင်းများဖြင့် လူဦးရေ(၇၃၁)သန်းနှင့် ဆက်သွယ်နိုင်ခဲ့ပါသည်။

မိမိတို့နှင့် လက်တွဲဖက် တိုင်းပြည်များတွင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ဆက်သွယ်ခြင်း၊ ယုံကြည်မှု တည်ဆောက်ခြင်းတို့ဖြင့် လူနေမှုဘ၀များကို တိုးတက်ပြောင်းလဲ စေခဲ့ပါသည်။

ဗြိတိသျှကောင်စီအား (၁၉၃၄)တွင် တည်ထောင်ခဲ့ပြီး Royal Charter နှင့် အကြုံးဝင်သည့် ပြည်သူပိုင် စေတနာ့ဝန်ထမ်း ယူကေ အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

ဗြိတိသျှကောင်စီသည် မြန်မာနိုင်ငံတွင် (၁၉၄၆)မှစတင်ရောက်ရှိခဲ့ပါသည်။ ယခုအခါ ရန်ကုန်နှင့်မန္တလေးတွင် စင်တာများထားရှိပြီး နိုင်ငံနှင့်အ၀ှန်း လုပ်ငန်းအစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျှက်ရှိပါသည်။

မိမိတို့စာကြည့်တိုက်တွင် အဖွဲ့ဝင်ပေါင်း (၁၀,၀၀၀)ကျော်ရှိပြီး အီလက်ထရွန်းနစ်၊ ရုပ်သံနှင့် စာအုပ်စာတမ်း အရင်းအမြစ်ကြီးမားစွာဖြင့် ဒေသခံလူထု၊ စာကြည့်တိုက်နှင့် Millennium Centres များအတွက် ပံ့ပိုးပေးလျှက် ရှိပါသည်။ ရန်ကုန်BC စာကြည့်တိုက်မှာ လေ့လာသင်ကြားမှု၊ နှီးနှောဖလှယ်မှုတို့အတွက် ဂုဏ်သတင်းကြီးနေပါသည်။

ကဲမ်းဘရစ်အင်္ဂလိပ်စာစစ်အဖွဲ့

ကဲမ်းဘရစ်အင်္ဂလိပ်စာစစ်အဖွဲ့သည် ရွှေ့ပြောင်းနေထိုင်သူများနှင့် အဆင့်မြင့်ပညာရေးတို့အတွက် ကမ္ဘာ့ထိပ်တန်း စာမေးပွဲဖြစ်သည့် IELTSအား ပြုစုသူလည်းဖြစ်၊ ပူးတွဲပိုင်ဆိုင်သူလည်း ဖြစ်ပါသည်။ လူသန်းပေါင်းများစွာမှ အင်္ဂလိပ်ဘာသာစကားလေ့လာရန်၊ ၄င်းတို့ကျွမ်းကျင်မှုအား ကမ္ဘာကိုသက်သေထူရန် မိမိတို့က အကူအညီပေးလျှက် ရှိပါသည်။

ဤအဖွဲ့မှာ ကဲင်းဘရစ်တက္ကသိုလ်၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး အင်္ဂလိပ်စာလေ့လာသူနှင့် ဆရာ/မများအတွက် အရည်အချင်းသတ်မှတ်ပေးခြင်း၊ စစ်ဆေးခြင်းတို့တွင် ထိပ်တန်းဖြစ်ပါသည်။ အင်္ဂလိပ်စာ သင်ကြားရေးသည် စာမေးပွဲအောင်ရေး၊ အမှတ်ရရေးမျှသာ မဟုတ်ကြောင်း မိမိတို့မှ ယူဆပါသည်။

ပြောဆိုဆက်သွယ်ရေးတွင် ယုံကြည်မှုရှိလာစေရန်နှင့် အကျိုးဖြစ်ထွန်းမည့် အတွေ့အကြုံများ၊ အခွင့်အလမ်းများ တစ်သက်တာ ရရှိနိုင်ရေးအတွက် ဖြစ်ပါသည်။

မိမိဇာတိတိုင်းပြည်တွင်လည်းကောင်း၊ နိုင်ငံရပ်ခြားတွင်လည်းကောင်း နေထိုင်၊လုပ်ကိုင်၊ ပညာသင်ကြားလိုလျှင် အောင်မြင်ရေးအတွက် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုကို ပေးစွမ်းနိုင်ပါသည်။ 

အင်္ဂလိပ်ဘာသာစကား လေ့လာသူများ၊ ဆရာ/မများအတွက် ကမ္ဘာ့ထိပ်တန်း အရည်အချင်း သတ်မှတ်ခြင်းနှင့် စာမေးပွဲကျင်းပခြင်းတို့ကို လုပ်ဆောင်ပေးလျှက် ရှိပါသည်။ ကမ္ဘာတစ်ဝှန်း ထိပ်သီးတက္ကသိုလ်၊ အလုပ်ရှင်နှင့် အစိုးရ (၂၀,၀၀၀)ကျော်မှ အသိအမှတ်ပြုထားသည့် မိမိတို့၏ သုတေသနအခြေပြု ဆန်းစစ်မှုများမှာ အခွင့်အလမ်းများ ပွင့်လင်းစေမည့် ထူးကဲသာလွန် ကောင်းမွန်မှု၏ ပြယုဂ်တစ်ခုလည်း ဖြစ်ပါသည်။

အင်္ဂလိပ်ဘာသာကို ကမ္ဘာ့နေရာတိုင်း  ပြောကြားကြသည်- လက်ဖက်ရည်ဆိုင်၊ တက္ကသိုလ်ဝင်း၊ ဈေး၊ အစည်းအဝေးခန်းနှင့်အခြားနေရာအနှံ့အပြားတွင် သုံးစွဲကြသည်။ နိုင်ငံပေါင်း(၁၃)နိုင်ငံကျော်တွင် လူဦးရေ(၅.၅)သန်းကျော်တွက် စာမေးပွဲများ ကျင်းပပေးပါသည်။ စာမေးပွဲအတွက်ပြင်ဆင်ရေးနှင့် အင်္ဂလိပ်စာ သင်ကြားရေးအတွက် ပံ့ပိုးပစ္စည်းများကိုလိုလေသေးမရှိ ထောက်ပံ့ပေးထားပါသည်။

ဘာသာစကားကို လူအများ မည်ကဲ့သို့ လေ့လာကြောင်း နှစ်ကာလအတန်ကြာ သုတေသန လုပ်ဆောင်ရင်း အတွင်းကျကျ နားလည်ခဲ့ပါပြီ။ ယနေ့အခါ အင်္ဂလိပ်ဘာသာစကားအသုံးပြုကြပုံကို အခြေပြုလျှက် လေ့လာသူများမှ မှန်မှန်ကန်ကန် ကျွမ်းကျင်တတ်မြောက်သွားစေရန် မိမိတို့မှ စာမေးပွဲများအား ပုံစံချမှတ် စစ်ဆေးစေနိုင်ခဲ့ပါသည်။

မိမိတို့လုပ်ငန်းကို ကမ္ဘာတစ်ဝှန်းမှ စာမေးပွဲဌာန(၂၈၀၀)၊ စာသင်ကျောင်း(၅၀,၀၀၀)နှင့် ထောင်သောင်းချီသည့် စာစစ်သူများ၊ ဆရာ/မများ၊ ပညာရေးကျွမ်းကျင်သူများနှင့် ပုံနှိပ်ထုတ်ဝေသူများမှ ပံ့ပိုးပေးထားပါသည်။

ထိုသို့လက်တွဲလုပ်ဆောင်ခြင်းဖြင့် ပညာသင်များအား ဆက်လက်ကြိုးစားရန် စိတ်အားထက်သန်စေပါသည်။ မှန်မှန်ကန်ကန် ပံ့ပိုးမှုရှိလျှင် ဘာသာစကားသင်ယူခြင်းသည် တက်ကြွရွှင်လန်းသည့် ခရီးစဉ်တစ်ရပ် ဖြစလာပါမည်။ မိမိတို့မှ သင့်အား ခရီးတစ်လျှောက်လုံး ပံ့ပိုးသွားမည်ဖြစ်ပါသည်။

သတင်းမေးလိုလျှင်ဆက်သွယ်ရန်

BRITISH COUNCIL MYANMAR (ThinZar Maung)
Directorate Support and Communications Officer
Phone number: T +95 (0)1 370 933 ext 3387
[email protected]
www.britishcouncil.org.mm

CAMBRIDGE ASSESSMENT ENGLISH
May Gin K.
Senior Marketing Manager, South East Asia & Pacific
331 North Bridge Road, #07-01 Odeon Towers, Singapore 188720
Direct line: +65 3100 0580 Mobile: +65 9239 5277
[email protected]
http://www.cambridgeenglish.org

News Read 1910 times