Sales Hotline : 09448001653       Download App



မြန်မာ့ရိုးရာသိုင်းသင်တန်းကို မန္တလေးတက္ကသိုလ်မှာ ဖွင့်လှစ်မည်ဟု သိရ

မြန်မာ့ရိုးရာသိုင်းသင်တန်းကို မန္တလေးတက္ကသိုလ်မှာ ဖွင့်လှစ်မည်ဟု သိရ

ကျောင်းသားကျောင်းသူတွေအရေးကြုံရင် ခုခံကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး မန္တလေးတက္ကသိုလ်မှာ မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်လှစ်သွားမယ်လို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။

မြန်မာ့သိုင်းအဖွဲ့ချုပ်နဲ့ မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂတို့ပူးပေါင်းပြီး  လာမယ့် ဇန်န၀ါရီလ ၁၅ ရက်မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး မန္တလေးတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေသာ တတ်ရောက်နိုင်တယ်လို့ သင်တန်းစီစဉ်သူ ကိုစွမ်းထက်အောင်က Duwun ကိုပြောပါတယ်။

“ သိုင်းသင်တယ်ဆိုရင် ကိုယ်ကာယအတွက်လည်း ကြံ့ခိုင်တယ်။ ကျန်းမာရေးအတွက်လဲကောင်းတယ်။ တစ်ဖက်တစ်လမ်းက ကြည့်မယ်ဆိုရင် မိမိကိုယ်ကာကွယ်ဖို့လည်း အဆင်သင့်ဖြစ်တာပေါ့။ သင်တန်းသား ကတော့ ဖောင်တင်သလောက် အကုန်လက်ခံပါတယ်”

သင်တန်းကြေးကတော့ အခမဲ့ဖြစ်ပြီး တက်ရောက်လိုတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းသားသမဂ္ဂရုံးခန်းမှာ သင်တန်းလျှောက်လွှာတွေကို ဇန်န၀ါရီလ ၁၄ ရက်နေ့ အထိ နောက်ဆုံးထား ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။

မြန်မာ့ရိုးရာသိုင်းသင်တန်းကို မန္တလေးတက္ကသိုလ်အပြင် ရန်ကုန်တက္ကသိုလ်မှာလည်း အခုပညာနှစ်က စတင်ကာ သင်ကြားပေးနေတာဖြစ်ပါတယ်။

Photo & source: Duwun

News Read 2023 times