Sales Hotline : 09448001653       Download App



အဆင့်မြင့်သံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း လျှောက်လွှာခေါ်ယူနေပြီ

အဆင့်မြင့်သံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း လျှောက်လွှာခေါ်ယူနေပြီ

၁။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူး၍ သံတမန်ရေးရာ ကိစ္စရပ်များကို ပိုမိုလေ့လာလို သူများအတွက် အဆင့်မြင့် သံတမန် ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၅/၂၀၁၉)ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယ ပတ်တွင် စတင်၍ ဖွင့်လှစ်သင်ကြားပို့ချမည်ဖြစ်ပါသည်။

၂။ အဆိုပါသင်တန်းတွင် အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်ကြီးများနှင့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူပညာရှင်များမှ မျက်မှောက်ခေတ်နိုင်ငံတကာနှင့် မြန်မာ့ ရေးရာများ၊ နိုင်ငံ့မူဝါဒများ၊ မြန်မာ့နိုင်ငံခြားရေးရာ ကိစ္စရပ်များ၊ သံတမန်ရေးရာဘာသာ ရပ်များ၊ နိုင်ငံတကာဆက်ဆံရေးနှင့် စီးပွားရေးဘာသာရပ်များကို သင်ကြားပို့ချမည်ဖြစ်ပါကြောင်းနှင့် အောက်ဖော်ပြပါအရည်အချင်းများနှင့် ကိုက်ညီသည့် သင်တန်းသား သင်တန်း သူများ လျှောက်ထားနိုင်ပါကြောင်းအသိပေး ကြေညာအပ်ပါသည် -

(က) နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း (Basic Diplomatic Skills-BDS) တက်ရောက်အောင်မြင်ပြီး (Certificate of Completion) ရရှိထားသူဖြစ်ရမည်။

(ခ) အသင်(၃၀)မှ (၅၅)နှစ်အတွင်းရှိသူဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။

(ဂ) အကျင့်စာရိတ္တကောင်းမွန်ပြီး ပြစ်မှု ကင်းရှင်းသူဖြစ်ရမည်။

(ဃ) သင်တန်းကာလတစ်လျှောက်တွင် သင်တန်းချိန် မပျက်မကွက်တက်ရောက်နိုင်သူဖြစ်ရမည်။

သင်တန်းကာလ - ရက်သတ္တ(၇)ပတ်

သင်တန်းအချိန် - တနင်္လာနေ့မှ သောကြာနေ့၊ ၁၇းဝဝနာရီမှ ၁၉း၀၀နာရီ

သင်တန်းနေရာ - "ဝန်ဇင်းမင်းရာဇာ” ခန်းမဆောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်လမ်း၊ ရန်ကုန်မြို့

သင်တန်းသားဦးရေ - ၅၀ ဦး

လျှောက်လွှာတင်သွင်း - ပတ်စ်ပို့ဆိုဒ် ဓာတ်ပုံ(၁)ပုံ၊ ရပ်ကွက်၊ ရဲစခန်းထောက်ခံစာ၊ ရာတွင်လိုအပ်သည့် (ခြောက်လအတွင်း)၊ ဘွဲ့လက်မှတ်(မူရင်း+မိတ္တူ)၊ အချက်များ နိုင်ငံသားစိစစ်ရေးကတ်(မူရင်း+မိတ္တူ)၊ BDS Certificate
Completion (မူရင်း+မိတ္တူ)၊ အစိုးရဝန်ထမ်းဖြစ်ပါက ဌာနဆိုင်ရာ ထောက်ခံချက်(မူရင်း)

လျှောက်လွှာရောင်း/လက်ခံမည့်ရက် - ၁၁-၁-၂၀၁၉ရက်မှ ၁၈-၁-၂၀၁၉ရက်အထိ  (ရုံးချိန်အတွင်း)

လက်ခံမည့်နေရာ - နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပဲခူးကလပ်မှတ်တိုင်၊ ပြည်လမ်း၊ ရန်ကုန်မြို့။

၃။ လျှောက်လွှာအရေအတွက်နှင့် သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် အမြန်ဆုံး စာရင်းပေးသွင်းကြပါရန်နှင့် သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ရုံးချိန် အတွင်း အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း-၂၂၁၅၃၁၊ ၂၂၁၅၃၇၊ ၂၂၂၀၂၈

News Read 4907 times