Sales Hotline : 09448001653       Download App



Master of Information Technology မဟာဘွဲ့ (၁)နှစ်သင်တန်း ဖေဖော်ဝါရီ ကျောင်းဖွင့်ချိန်အတွက် စတင်လျှောက်ထားနိုင်ပြီ

Master of Information Technology မဟာဘွဲ့ (၁)နှစ်သင်တန်း ဖေဖော်ဝါရီ ကျောင်းဖွင့်ချိန်အတွက် စတင်လျှောက်ထားနိုင်ပြီ

James Cook University Singapore ၏ Master of Information Technology မဟာ ဘွဲ့ဒီဂရီ တစ်နှစ်သင်တန်းကို လာမည့် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ ကျောင်းဖွင့်ချိန်အတွက် ကျောင်းဝင်ခွင့် လျောက်ထားနိုင်ပြီဖြစ်ကြောင်းသိရသည်။

မာစတာ အိုင်တီ တန်းသို့ တက်ရောက်လိုသူများသည် ၀င့်ခွင့်ဆိုင်ရာအချက်အလက်များကို စုံစမ်းရန် AT&S (Oversea Education Service) အဆောင် (၅)၊ အခန်း (၄)၊ MICT Park ၊ လှိုင်မြို့နယ်
ဖုန်း - ၀၉-၅၀၆၂၁၆၁ ၊ ၀၉-၇၇၇ ၂၂၃ ၂၂၅သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ ကွန်ပျူတာတက္ကသိုလ်များမှ ဘွဲ့ဒီဂရီရပြီးထားသူများလျောက်ထား တက်ရောက်နိုင်ပြီး (၁)နှစ်သာကြာမြင့်မည်ဖြစ်ကာ စုစုပေါင်း ဘာသာရပ် (၁၂) ခု တက်ရောက်သင်ယူနိုင်မည်ဖြစ်သည်။

အိုင်တီနှင့် စီးပွားရေး မဟာဘွဲ့ဒီဂရီများကို ပူးတွဲရယူလိုပါကလည်း Joint Master of Information Technology and Business Administration ဘွဲ့ဒီဂရီ ကိုပါ ရယူနိုင်မည်ဖြစ်ပြီး စုစုပေါင်း ဘာသာ ရပ် (၁၆)ခုအတွက် ပညာသင်ကြားရေးကာလ (၁၆)လကြာမြင့်မည်ဖြစ်သည်။  

James Cook University (Singapore) ၏ MIT မဟာ ဘွဲ့ဒီဂရီသည် အိုင်တီလုပ်ငန်းခွင်များအတွင်း လိုအပ်သော လက်တွေ့ကျွမ်းကျင်မှု အသိအမြင်များပေါင်းစပ်ဖွဲ့စည်း ထားသည့်အတွက် Institute of Electrical and Electronics Engineers (IEEE) နှင့် Singapore Computer Society (SCS) တို့၏ အသိအမှတ်ပြုမှုကို ရရှိထားသည်။ Australian Computer Society မှ အမြင့်ဆုံး အဆင့် သတ်မှတ် ချက်ဖြစ်သော ‘ Professional Level ‘ ကို အပြည့်အ၀ အသိအမှတ်ပြု ခံထားရပြီးလည်းဖြစ်သည်။

MIT မာစတာတန်းတွင် Business Informatics ၊ Computing and Networking၊ Interactive Technologies and Games Design စသည့်ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်ပါသည်။

James Cook University Singapore တွင် တက်ရောက်သော ကျောင်းသား/သူများသည် JCU Australia Campus သို့ စင်္ကာပူနိုင်ငံ၏ ပညာသင်ကြေးအတိုင်း တက်ရောက်နိုင်မည့် JCU စင်ကာပူ နယ်မြေခွဲ ၏ IT ဘွဲ့ဒီဂရီတန်းများအတွက် နှစ်စဉ် ဖေဖော်ဝါရီ၊ ဇွန်နှင့် အောက်တို ဘာလကျောင်းခေါ် ချိန်များအတွက် လျှောက်ထားနိုင်ပြီး၊ AT&S (Oversea Educaion Service)။ အဆောင် (၅)၊ အခန်း (၄)၊ MICT Park ၊ လှိုင်မြို့နယ်။ ဖုန်း - ၀၉-၅၀၆၂၁၆၁ ၊ ၀၉-၇၇၇ ၂၂၃ ၂၂၅သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။

 

News Read 1871 times