Sales Hotline : 09448001653       Download App



ယခုနှစ် အဝေးသင် စီးပွားရေးပညာနှင့်စီးပွားစီမံ ဘာသာရပ်များအတွက် အနိမ့်ဆုံးဝင်ခွင့် ပြုရမှတ် ၃၅၀ ဖြစ်

ယခုနှစ် အဝေးသင် စီးပွားရေးပညာနှင့်စီးပွားစီမံ ဘာသာရပ်များအတွက် အနိမ့်ဆုံးဝင်ခွင့် ပြုရမှတ် ၃၅၀ ဖြစ်

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပထမနှစ် အဝေးသင် တက္ကသိုလ်ဝင်ခွင့် ရရှိသူများ စာရင်းကို သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးတွင် ကြေညာ ပေးခဲ့ရာ စီးပွားရေးပညာနှင့် စီးပွားစီမံဘာသာရပ်များအတွက် အနိမ့်ဆုံးဝင်ခွင့်ပြုရမှတ်မှာ ၃၅၀ ဖြစ်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် အဝေးသင်အတွက် စီးပွား ရေးပညာနှင့်စီးပွားစီမံဘာသာရပ်တို့ကို ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာ စီးပွားရေး တက္ကသိုလ် စသည့် တက္ကသိုလ်အသီးသီးတွင် တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

အဝေးသင်စီးပွားရေးပညာနှင့် စီးပွားစီမံဘာသာရပ်များတွင် ၀င်ခွင့်ရ ကျောင်းသား၊ ကျောင်းသူဦးရေ

(၁) ရန်ကုန်စီးပွားရေးတက္ကသိုလ် - ၁၀၈၆ ဦး၊

(၂) မုံရွာစီးပွားရေးတက္ကသိုလ် - ၆၇၈ ဦး၊

(၃) မိတ္ထီလာစီးပွားရေးတက္ကသိုလ်- ၉၁၃ ဦး

စုစုပေါင်း ၂၆၇၇ ဦး တက် ရောက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

အဝေးသင် စီးပွားရေးပညာနှင့် စီးပွားစီမံ ဘာသာရပ်အတွက် မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်ပြီး ဘာသာရပ်အသီးသီး၌ ရမှတ်၅၀ နှင့် အထက်ရရှိပြီး စုစုပေါင်းရမှတ် ၃၅၀ နှင့် အထက် ရရှိသူများကို တက်ရောက် ခွင့်ပြုခဲ့ခြင်းဖြစ် သည်။

ထို့ပြင် အဝေးသင် အင်္ဂလိပ်စာဘာသာရပ်အတွက် အင်္ဂလိပ်စာဘာသာ ရမှတ် ၅၅ မှတ်နှင့် စုစုပေါင်းရမှတ် ၃၄၀ နှင့်အထက် ရရှိသူများကို တက် ရောက်ခွင့်ပြုခဲ့သည်။

အဝေးသင် သိပ္ပံဘာသာရပ်များအတွက် ဓာတုဗေဒ၊ ရူပဗေဒနှင့် သင်္ချာ ဘာသာရပ်တို့အတွက် သက်ဆိုင်ရာ ဘာသာရပ် ရမှတ်အနည်းဆုံး အမှတ် ၅၀ နှင့် သတ္တဗေဒ၊ ရုက္ခဗေဒဘာသာရပ်အတွက် ဇီဝဗေဒဘာသာရပ် ရမှတ် အနည်းဆုံး ၄၅ မှတ် ရရှိသူများကို တက် ရောက်ခွင့်ပြုခဲ့သည်။

အဝေးသင် ဥပဒေဘာသာ ရပ်အတွက် အင်္ဂလိပ်စာဘာသာ ရမှတ် ၅၀ နှင့် စုစုပေါင်းရမှတ် ၃၀၀ နှင့် အထက် ရရှိသူများကို တက်ရောက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်မှ စတင်၍ အဝေးသင် တက္ကသိုလ်လုပ်ငန်းများကို ရန်ကုန်အဝေးသင်တက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်တို့က ဆောင်ရွက်ခြင်း ပြုတော့မည်မဟုတ်ဘဲ ကျောင်း အပ်လက်ခံခြင်း၊ စာမေးပွဲ မေးခွန်းလွှာများထုတ် ခြင်း၊ စာမေးပွဲစစ်ခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်း၊ ဘွဲ့ပေးခြင်း စသည့် လုပ်ငန်းများကို သက်ဆိုင်ရာ တက္ကသိုလ်အလိုက်သာ ဆောင်ရွက်ရတော့မည် ဖြစ်ကြောင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဝေးသင်တက္ကသိုလ်ဌာနခွဲ ၃၉ ခုရှိကြောင်း သိရ သည်။

source: စံတော်ချိန်

News Read 3915 times