Sales Hotline : 09448001653       Download App



Online ဖြင့် မဟာဥပဒေဘွဲ့သင်တန်းသား လျှောက်လွှာခေါ်ယူခြင်း

Online ဖြင့် မဟာဥပဒေဘွဲ့သင်တန်းသား လျှောက်လွှာခေါ်ယူခြင်း

၁။ ဘွဲ့လွန်ဥပဒေပညာရပ်ကို လေ့လာသင်ယူလိုသူများအတွက် ရည်ရွယ်၍ ရန်ကုန်အဝေးသင်တက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာန အစီအစဉ်ဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ် ဥပဒေ ပညာဌာနက ဦးစီး၍ မဟာဥပဒေဘွဲ့ (LL.M) သင်တန်းကို Online ဖြင့် သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။

၂။ ၂၀၁၉ ပညာသင်နှစ်အတွက် မဟာဥပဒေ ပထမနှစ်သင်တန်းသားများကို လက်ခံသင်ကြားရန် ခေါ်ယူခြင်းဖြစ်ပါသည်။ ဤသင်တန်းသည် ဘွဲ့လွန်သင်တန်းအမျိုးအစားဖြစ်သဖြင့် သင်တန်းဝင်ခွင့် လျှောက်ထားသူများသည်

- တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မူရင်း၊

- Online LL.B ဘွဲ့လက်မှတ်မူရင်း၊ (သို့) LL.B ဘွဲ့လက်မှတ်မူရင်း၊

- နောက်ဆုံးနှစ် အမှတ်စာရင်းမူရင်းနှင့်အတူ ပူးတွဲ၍လည်းကောင်း ရန်ကုန်အဝေးသင် တက္ကသိုလ် သင်တန်းရေးရာဌာနတွင် သင်တန်းဝင်ခွင့် မှတ်ပုံတင်ခြင်းကို ပြုလုပ်ရမည်ဖြစ်ပါသည်။

ဝင်ခွင့်မှတ်ပုံတင်ပြီးချိန်တွင် သင်တန်းသား တစ်ဦးစီအတွက် Student ID နှင့် Password တို့ကို ထုတ်ပေးပါမည်။

၃။ သင်တန်းဝင်ခွင့်နှင့်စပ်လျဉ်းသော အချက်အလက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

(က) ဝင်ခွင့်အရည်အချင်း - Online LL.B (သို့) တက္ကသိုလ်တစ်ခုခုမှ LL.B ဘွဲ့ရရှိပြီး မဟာဥပဒေဘွဲ့ သင်တန်းတက်ရောက်ရန်အဆင့်မီသူ

(ခ) စတင်ဖွင့်လှစ်မည့်ရက် - ၉-၁-၂၀၁၉ရက်

(ဂ) သင်တန်းကာလ - ပထမနှစ်မှ ဒုတိယနှစ်ထိ (၂)နှစ်

(ဃ) လျှောက်လွှာစတင်လက်ခံမည့်ရက် - ၁၈-၁၂-၂၀၁၈ရက်

 (င) လျှောက်လွှာပိတ်မည့်ရက် - ၂၈-၁၂-၂၀၁၈ရက်

၎။ သင်တန်းဝင်ခွင့်လျှောက်လွှာများကို http://www.you.edu.mm မှတစ်ဆင့် Online registration ပြုလုပ်၍ လျှောက်ထား နိုင်ပါသည်။

သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် အမြန်ဆုံး စာရင်းပေးသွင်းကြပါရန်။

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်ကို ရုံးချိန် အတွင်း အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ ဖုန်း-၅၂၅၁၆၄၊ ၅၃၆၅၈၁

ရန်ကုန်အဝေးသင်တက္ကသိုလ်သည် ၄၇ (က)၊ အင်းလျားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပါသည်။

News Read 5989 times