Sales Hotline : 09448001653       Download App



၂၂ နှစ်ကြာရပ်နားပြီး ပြန်ဖွင့်သည့် အေဂျီတီအိုင်ဒီပလိုမာ ညနေပိုင်းသင်တန်းသို့ ၁၈၃ ဦးတက်ခွင့်ရ

၂၂ နှစ်ကြာရပ်နားပြီး ပြန်ဖွင့်သည့် အေဂျီတီအိုင်ဒီပလိုမာ ညနေပိုင်းသင်တန်းသို့ ၁၈၃ ဦးတက်ခွင့်ရ

၂၂ နှစ်ကြာရပ်နားထားပြီး အင်းစိန် GTI ကျောင်း၌ ပြန်ဖွင့် သည့် AGTI ဒီပလိုမာညနေပိုင်း သင်တန်းများသို့ ၁၈၃ ဦးတက် ရောက်ခွင့်ရကြောင်း ဒီဇင်ဘာ ၇ ရက်က ကြေညာသည်။

အင်းစိန် GTI တွင် မြို့ပြအင် ဂျင်နီယာ၊ အီလက်ထရွန်နစ်အင် ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင် ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ ဘာသာရပ်လေးခုကို ၂၀၁၈-၁၉ ပညာသင်နှစ်ကစကာ ညနေပိုင်း သင်တန်းအဖြစ် ဖွင့်လှစ်မည်ဖြစ် ပြီး သုံးနှစ် သင်တန်းပြီးဆုံးပါက အေဂျီတီအိုင်ဒီပလိုမာ ပေးအပ် မည်ဖြစ်သည်။

*** သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များပါဝင်သော ဘာ သာတွဲများဖြင့် တက္ကသိုလ်ဝင်စာ မေးပွဲအောင်မြင်ထားသူများ၊ အစိုးရနည်းပညာအထက်တန်း ကျောင်း (THS)အောင်မြင်ထား သူများအား နိုဝင်ဘာက ထိုသင် တန်းဝင်ခွင့် လျှောက်ထားခွင့်ပြုခဲ့ သည်။

(၁) မြို့ပြအင်ဂျင်နီယာဘာသာ ရပ်အတွက် တက္ကသိုလ်ဝင်စာမေး ပွဲ အင်္ဂလိပ်စာနှင့် သင်္ချာရမှတ် စုစုပေါင်းအနိမ့်ဆုံး ၁၄၈ မှတ်ရ သူများ၊ THS အောင်များအနေ ဖြင့် နှစ်ဘာသာပေါင်း ၇၈ မှတ် အနိမ့်ဆုံးရသူများ၊

(၂) အီလက် ထရွန်နစ်အင်ဂျင်နီယာဘာသာ ရပ်အတွက် အင်္ဂလိပ်စာနှင့်သင်္ချာ ရမှတ် စုစုပေါင်းအနိမ့်ဆုံး ၁၄၁ မှတ်ရသူများTHS အောင်များ အနေဖြင့် နှစ်ဘာသာပေါင်း ၇၅ ဒသမ ၂၅ မှတ်အနိမ့်ဆုံးရသူများ တက်ရောက်ခွင့်ရသည်။

(၃) လျှပ်စစ်စွမ်းအားအင်ဂျင်နီ ယာဘာသာရပ်အတွက် အင်္ဂလိပ် စာနှင့် သင်္ချာစုစုပေါင်း အနိမ့်ဆုံး ၁၃၇ မှတ်ရသူများTHS အောင် များအနေဖြင့် နှစ်ဘာသာပေါင်း ၇၂ ဒသမ ၅ မှတ်ရသူများ၊

(၄) စက်မှုအင်ဂျင်နီယာ ဘာသာရပ်အ တွက် အင်္ဂလိပ်စာနှင့်သင်္ချာရမှတ် စုစုပေါင်း အနိမ့်ဆုံး ၁၃၈ မှတ် ရသူများTHS အောင်များအနေ ဖြင့် နှစ်ဘာသာပေါင်း ၇၂ မှတ် ရသူများဝင်ခွင့်ရရှိသည်။

‘‘သင်တန်းချိန်ကတော့ ည နေ ၄ နာရီကနေ ည ၉ နာရီ။ စနေ၊ တနင်္ဂနွေကတော့ တစ်နေ့ လုံးရှိမှာ’’ ဟု အင်းစိန် GTI ကျောင်းအုပ်ကြီး ဦးမြတ်ကိုက ပြောသည်။

*** သင်တန်းဝင်ခွင့်ရသူများ သည် တနင်္လာမှ သောကြာအထိ ညနေ ၄ နာရီမှ ၉ နာရီအထိ၊ စနေ၊တနင်္ဂနွေနေ့များတွင် နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၂ နာရီခွဲအထိ တက်ရောက်ရမည်ဖြစ်ပြီး သင် တန်းကြေးအဖြစ် ပညာသင်နှစ် တစ်နှစ်အတွက် ကျပ် ၂၄၀,၀၀၀ ပေးသွင်းရမည်ဖြစ်သည်။

ယခင်က EGTI (Evening Government Technical Ins- titution) ဟုခေါ်သည့် GTI ဒီပ လိုမာညနေပိုင်းသင်တန်းများကို ၁၉၉၆ အထိအင်းစိန်GTI တစ်ခု တည်းတွင်သာ ဖွင့်လှစ်ပြီး အင်း စိန် GTI ကို ပညာရေးဝန်ကြီးဌာန က ပြန်လည် လွှဲပြောင်းရယူကာ ကျောင်းများ၊ သင်တန်းများဖွင့် လှစ်ရန် စီစဉ်ဆောင်ရွက်နေ ကြောင်း၊ EGTI သင်တန်းများကို လည်း အင်းစိန် GTI ပြင်ဆင်ပြီး သင်တန်းပြသမည့်ဆရာ၊ ဆရာမ များစုစည်းပြီးချိန်တွင် ဆောင် ရွက်မည်ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးဝင်း မော်ထွန်းက ၂၀၁၆ အတွင်း ပြည် သူ့လွှတ်တော်၌ ပြောကြားခဲ့ သည်။

အင်းစိန်ဂျီတီအိုင်ကျောင်း သည် မြန်မာနိုင်ငံ၏ ပထမဆုံး စက်မှုလက်မှုပညာသင်ကျောင်း ဖြစ်ပြီး ကျောင်းအဆောက်အအုံ သည် ၁၂၂ နှစ်သက်တမ်းရှိသည်။

အဆိုပါကျောင်းကို ၂၀၀၀ ပြည့် နှစ်က စတင်ပိတ်ထားပြီး ၂၀၁၆ ၌ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီက ပညာရေး ၀န်ကြီးဌာနသို့ ပြန်လည် လွှဲ ပြောင်းပေးခဲ့သည်။ ထိုကျောင်း ကို ပညာရေးဝန်ကြီးဌာနဘတ် ဂျက်ဖြင့် ပြုပြင်ပြီး ၂၀၁၇ ဒီဇင် ဘာကစကာ ၂၀၁၇ တက္ကသိုလ် ၀င်စာမေးပွဲ အောင်မြင်သူများ အား AGTI ဒီပလိုမာသုံးနှစ်သင် တန်းများ ပြန်လည်တက်ရောက် ခွင့်ပြုခဲ့သည်။

သင်တန်းများ ပြန်လည်ဖွင့် လှစ်ပြီး တစ်နှစ်ခန့်အကြာ ၂၀၁၈ အောက်တိုဘာတွင် ယခင်က ဖွင့် လှစ်ဖူးသည့် AGTI ဒီပလိုမာ ညနေပိုင်းသင်တန်းများကိုပါ ဖွင့် လှစ်မည်ဟု ပညာရေးဝန်ကြီးဌာန က ကြေညာခဲ့သည်။

source: 7day

News Read 5476 times