Sales Hotline : 09448001653       Download App



ဥရောပသမဂ္ဂမှ နစ်စဉ်ပညာရေးပွဲတော်ကို ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပခြင်း

ဥရောပသမဂ္ဂမှ နစ်စဉ်ပညာရေးပွဲတော်ကို ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပခြင်း

ယင်းပညာရေးပြပွဲကြီးကို ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ၌ ဥရောပတွင်ပညာသင်ပွဲတော်ကို၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၃)ရက် နံနက် ၉ နာရီမှ ညနေ ၅-နာရီတိုင် ကျင်းပခဲ့ပါသည်။

ထိုပွဲတော်ကို ဥရောပကျောင်း(၁၉)ကျောင်း၊ နိုင်ငံတော်အဆင့် ကိုယ်စားလှယ်အဖွဲ့/သံရုံး(၈) ခုနှင့် (၁၃)နိုင်ငံတို့မှ ပါဝင်ခင်းကျင်းပြီး ဗြိတိသျှကောင်စီမှစီစဉ်ကာ ဥရောပသမဂ္ဂမှ ရန်ပုံငွေထောက်ပံ့ ပေး ပါသည်။

၂၀၁၈-ခု ဥရောပတွင် ပညာသင်ပွဲတော်၌ ပထမဘွဲ့၊ မဟာဘွဲ့၊ ဒေါက်တာဘွဲ့အတွက် ရန်ပုံငွေထောက်ပံ့မှုနှင့် ပညာသင်ဆုအခွင့်အလမ်းများအကြောင်း လေ့လာနိုင်ပါသည်။

ဥရောပတွင် ပညာသင်၊ နေထိုင်ခြင်းအကြောင်း သတင်းအချက်အလက်နှင့် ကျွမ်းကျင်သူမှအကြံပြုချက်များကို လေ့လာ လိုသည့် နိုင်ငံတကာ ကျောင်းသူကျောင်းသားများအတွက် ထူးခြားသည့်အခွင့်အလမ်း လည်းဖြစ်ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ အီးယူသံတမန် ခရစ်ရှန်ရှမစ်မှ ၂၀၁၈-ဥရောပတွင်ပညာသင် ပွဲတော်အကြောင်း ကြေငြာရာတွင် 'ဘယ်ဥရောပနိုင်ငံမှာမဆို ပညာသင်ကြားခြင်းဟာ အရည်သွေးမြင့် ပညာရေးကိုပေး ရုံမျှမက စိတ်လှုပ်ရှားဖွယ် မတူခြားနားတဲ့ ယဉ်ကျေးမှုမှာ နေထိုင်နိုင်ဖို့ အခွင့်အလမ်းပေးစွမ်းနိုင်တဲ့ ဘ၀ကို ပြောင်းလဲစေမယ့် အတွေ့အကြုံလည်း ဖြစ်ပါတယ်။

မြန်မာ့ ကျောင်းသူ/ကျောင်းသားများနဲ့ တက်သစ်စ ပညာရှင်လေးတွေ ပညာရေးပွဲတော်ကို တက်ရောက်ပြီး ဥရောပကပေးတဲ့ အခွင့်အရေး များကိုအကောင်းဆုံး အသုံးချဖို့ တိုက်တွန်းလိုပါတယ်'ဟု ပြောကြားပါသည်။

ဗြိတိသျှကောင်စီ နိုင်ငံတကာပညာရေးဝန်ဆောင်မှု ပညာရေးပွဲတော်နှင့်လုပ်ငန်းများဆိုင်ရာ ကမ္ဘာ့ ဌာနမှူး စတီဗင်ဖန်း(သ)က "မြန်မာပြည်မှာ နောက်ထပ်ပွဲတစ်ပွဲ ကျင်းပတာရယ်၊ ဥရောပမှာ လေ့ လာ၊ပညာသင်၊ နေထိုင်လိုတဲ့ ကျောင်းသူ/ကျောင်းသားများအတွက် ရွေးချယ်စရာများတင်ပြရ တာရယ်ကြောင့် စိတ်လှုပ်ရှားမိပါတယ်။ မျက်နှာခြင်းဆိုင် အကြံပေးချက်တွေရော၊ အတွေ့အကြုံတွေ၊ အလေ့အကျင့်ကောင်းတွေကို ဆက်သွယ်ပြောကြားနိုင်ဖို့ ချိတ်ဆက်မှုတွေပါ တစ်ရက်အလိုမှာ ၊ လုပ်နိုင်မယ့် အခွင့်ထူးဖြစ်ပါတယ်”ဟု ပြောကြားပါသည်။

ပွဲတော်အပြင် ဥရောပတွင် ပညာသင်ခြင်း၊ သုတေသနပြုခြင်းနှင့်ပညာသင်ဆု အခွင့်အလမ်းများ အကြောင်းဆက်လက်လေ့လာနိုင်မည့် ဥရောပတွင် ပညာသင် portal

(http://ec.europa.eu/education/study-in-europe/)ကို နိုင်ငံတကာ ကျောင်းသား/သူများ ၀င်ရောက်ကြည့်ရှုစေနိုင်ခြင်း

ဥရောပတွင်ပညာသင် Facebook (https://www.facebook.com/StudyInEurope.Welcome/?ref=page_internal) စာမျက်နှာတွင် အဆိုပါ အခွင့်အလမ်းများအကြောင်း ဆက်လက်လေ့လာနိုင်မည့် အရင်းအမြစ်များ၊ ကွန်ယက် တည်ဆောက် ရန် နည်းလမ်းများ၊ နောက်ဆုံးရသတင်းများ တင်ပေးခြင်းတို့ဖြင့် ပံ့ပိုးပေး ထားပါသည်။

၂၀၁၈-ဥရောပတွင်ပညာသင်ပွဲတော်သည် ဧည့်သည်များအတွက် အခမဲ့ဖြစ်ပြီး ဥရောပတွင် ပညာသင်ရေး စိတ်ဝင်စားသူ မည်သူမဆို ကြိုဆိုအပ်ပါသည်။

ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်

မျိုးကိုကိုဦး Digital and Communications Manager, British Council
Email - [email protected]
ဖုန်းနံပါတ် +95 (1) 256290

News Read 1452 times