Sales Hotline : 09448001653       Download App



နိုင်ငံခြားမှာကျောင်းတက်ဖို့ University ရွေးတဲ့အခါ ...

နိုင်ငံခြားမှာကျောင်းတက်ဖို့ University ရွေးတဲ့အခါ ...

နိုင်ငံခြားမှာ ကျောင်းတက်ဖို့ University ရွေးတဲ့အခါ အဲ့ဒီကျောင်းဟာ တကယ်ပဲ အသိအမှတ်ပြုခံရတဲ့၊ Ranking ကောင်းတဲ့ ကျောင်းဖြစ်လား၊ မဖြစ်လားကို ဒီအချက်တွေနဲ့ စဉ်းစားပါ.. ဘယ်နိုင်ငံက တက္ကသိုလ်ဖြစ်ဖြစ် ဒီအချက်တွေနဲ့ စဉ်းစားရင် အမှားအယွင်းဖြစ်နိုင်ချေ နည်းပါမယ်..။

၁။ အစိုးရ Website တွေမှာ ရှာကြည့်ပါ။

ဘယ်နိုင်ငံက ကျောင်းဖြစ်ဖြစ် အဲ့ကျောင်းဟာ သူ့နိုင်ငံမှာ အစိုးရအသိအမှတ်ပြု ခံထားရတယ်/ မခံထားရဘူးကို အရင်ကြည့်ပါ.. သူ့အစိုးရကမှ အသိအမှတ်မပြုထားရင် ကျောင်းအတုဖြစ်နိုင်ချေ 99.99% ရှိပါတယ်။

သတိထားရမှာက အဲ့ဒီစာရင်းဟာ နှစ်စဉ်အပြောင်းအလဲ ရှိတတ်တာမို့ ကိုယ်ကျောင်းလျှောက်မယ့်နှစ်ထဲမှာ ရှာကြည့်ဖို့ပါ.. တချို့ကျောင်းတွေဟာ အရည်အသွေးနိမ့်လာတယ်ဆို ကျောင်းလိုင်စင်ပြန်သိမ်းတာမျိုးတွေ ကောလိပ်တချို့မှာ ရှိနိုင်ပါတယ်...။

ယူကေမှာ ကျောင်းလာတက်မယ်ဆို ဒီ Link ကနေ ကြည့်ပါ..https://www.gov.uk/ အဲ့ဒီလင့်ခ်မှာမှ ဖြစ်နိုင်ရင် Recognised Bodies List ထဲက ကျောင်းတွေကိုပဲ တက်ပါ။

ဘာလို့ဆို သူတို့က ဘွဲ့ဒီဂရီတိုက်ရိုက်ပေးခွင့်ရှိပြီး Listed Bodies ဆိုတာကကျ တိုက်ရိုက်ဘွဲ့ပေးခွင့်မရှိဘဲ Recognised Bodies တွေနဲ့မှ တဆင့်ချိတ်ပြန်ပေးရတာမျိုးပါ.. ပြောရရင် Listed Bodies တွေဟာ Recognised List ထဲက ကျောင်းတွေ လို ဒေါင်ဒေါင်မြည်မဟုတ်ပါဘူး.. ဟိုကျောင်းနဲ့ ချိတ်၊ ဒီကျောင်းနဲ့ ချိတ်ရတွေပါ..။

၂။ Ranking Website တွေ ယှဉ်ကြည့်ပါ။

တစ်ခုတည်းတော့ ဘယ်တော့မှ မကြည့်ပါနဲ့.. ဘာလို့ဆို Ranking ထဲမှာလည်း ကျောင်းတွေနဲ့ လက်ဝါးချင်းရိုက် ဂျင်းထည့်တတ်တဲ့ Website အလိမ်အညာတွေ ရှိနိုင်ပါတယ်.. Ranking Website တွေ ယှဉ်ကြည့်မှသာ စောင်းပါးရိပ်ခြေ သိနိုင်ပါမယ်။

ဒီ website တွေက Ranking တွေဟာ တစ်ခုနဲ့ တစ်ခု ထပ်တူညီမှုရှိခဲပေမယ့် ဆိုးဆိုးရွားရွား ကွာခဲပါတယ်.. နမူနာဆို ကိန်းဘရေ့ခ်ျတက္ကသိုလ်ဟာ ဒီ Website မှာ တစ်ရပေမယ့် နောက်တစ်ခုမှာ သုံးလောက် ဖြစ်နေတာမျိုးပါ.. အနည်းအပါးတော့ ကွာနိုင်ပါတယ်။

ကျောင်းရွေးရင် ဖြစ်နိုင်သမျှမှာ Ranking 1 to 30 ကို ဦးစားပေးပြီး 50 လောက် နောက်ဆုံးထားလျှောက်ပါ.. ယူကေမှာ တက္ကသိုလ် ၁၃၀ ကျော်ရှိတာ အဆင့် ၁၃၁ ဘိတ်ချေးရတဲ့ London Metropolitan University လို ကျောင်းမျိုးဆို လုံးဝ ဝေးဝေးရှောင်သင့်တာပါ.. ဒေါက်တာလက်သည်းညှပ်တော့ ဘာလို့တက်တယ်မသိပါ။

ကျောင်းလျှောက်မယ်ဆို သုံးလေးငါးကျောင်းရွေး၊ ပြီးမှ ကိုယ်နဲ့ ကိုက်မယ့်နှစ်ကျောင်းလောက် စစ်ထုတ်ပြီး လျှောက်ပါ.. အကုန်မလျှောက်ခိုင်းရတာက တချို့ကျောင်းတွေက ကျောင်းလျှောက်ရင်ကို ပိုက်ဆံကုန်တာရှိသလို လေးငါးကျောင်းကျ အက်ဆေးရေးရ တာကအစ အာရုံစိုက်စရာ များကုန်လို့ပါ.. နေရာ၊ ရာသီဥတု၊ part time ရနိုင်ချေ၊ Transportation, အဆောင်/အိမ်ခန်းငှားဖို့အခြေအနေတွေပါ တွက်ဆဖို့ လိုပါမယ်။

အပေါ်က အချက်နှစ်ချက် သေချာလုပ်ရင် အစိုးရအသိအမှတ်ပြုပြီး Ranking ကောင်းတဲ့ ကျောင်း ရွေးဖြစ်နိုင်ချေ ပိုများလာပါလိမ့်မယ်.. အချိန်ရရင် ကျောင်းတွေက Alumni တွေ အကြောင်းပါ ဖတ်ကြည့်ပါ.. ဘယ်ကျောင်းက ကျောင်းသားဟောင်းတွေက ဘယ်လိုလဲဆိုတာကိုလည်း ထပ်စဉ်းစားနိုင်ပါတယ်။

ဒီလောက်ဆို ကိုယ့်အတွက် ကျောင်းရွေးတဲ့အခါ စဉ်းစားဆုံးဖြတ်ဖို့ရာ အဆင်ပြေမယ် မျှော်လင့်ပါတယ်။

Credit> Poe Phyu Thant

Tips Read 2361 times