Sales Hotline : 09448001653       Download App



ကမ္ဘာ့နိုင်ငံများရှိ ရေနံတူးဖော်ရေး လုပ်ငန်းခွင်များတွင် လစာမြင့်မြင့်မားမားဖြင့် အလုပ်ဝင်နိုင်မည့် Curtin University ၏ Petroleum Engineer ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်မည်

ကမ္ဘာ့နိုင်ငံများရှိ ရေနံတူးဖော်ရေး လုပ်ငန်းခွင်များတွင် လစာမြင့်မြင့်မားမားဖြင့် အလုပ်ဝင်နိုင်မည့် Curtin University ၏ Petroleum Engineer ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲ  ပြုလုပ်မည်

ကမ္ဘာ့မျက်နှာပြင် အတွင်းပိုင်းတွင် ခိုအောင်းနေသော ရေနံနှင့်သဘာဝဓါတ်ငွေ့ကဲ့သို့ သယံဇာတများ ကို ရှာဖွေတူးဖော်ရန်မှာ လွယ်ကူ ရိုးရှင်းသော လုပ်ငန်းစဉ် တစ်ခုမဟုတ်ပေ။

Petroleum အင်ဂျင်နီယာ ဘာသာရပ်သည် စိန်ခေါ်မှု နည်းပညာ အသစ်အဆန်းများကြောင့်  စိတ်ဝင်စားစရာ အကောင်းဆုံး ဘာသာရပ်ဖြစ်လာခဲ့ပြီး   ရေနံလုပ်ငန်းခွင်များတွင် ကျွမ်းကျင်အင်ဂျင်နီယာ နည်းပညာရှင်များစွာ လိုအပ်နေခဲ့သည်။

ထို့ကြောင့်  ဘွဲ့ရရှိပြီးပါက မြင့်မားသော လစာနှင့်အတူ အလုပ်အကိုင်လျှင် မြန်စွာရရှိပြီး ကမ္ဘာ့နိုင်ငံ ဒေသအသီးသီးတွင် သွားရောက်လုပ်ကိုင်နိုင်မည့် အခွင့်အရေးများစွာရရှိနိုင်မည်ဖြစ်သည်။

*ပွဲကျင်းပမည့်အချိန်

Petroleum Engineer တစ်ဦးအဖြစ် လုပ်ငန်းခွင် ၀င်ရောက်နိုင်မည့် အင်ဂျင်နီယာ နည်းပညာဆိုင်ရာ ဆွေးနွေးပွဲကို AT&S (International Education Service) တွင် ဒီဇင်ဘာလ ၁၃ ရက်၊ ကြာသပတေးနေ့တွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ်ပေးမည်ဖြစ်သည်။

ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ် တစ်ခုတွင် ပါဝင်သည့် သြစတြေးလျနိုင်ငံ Curtin University သည် ရေနံထုတ်ယူဖြန့်ဖြူးခြင်းအပါအ၀င်  သဘာဝတွင်းထွက် သယံဇာတများကို ရှာဖွေထုတ် လုပ်နိုင်သော အင်ဂျင်နီယာ ဘာသာရပ် အမျိုးမျိုးကို သင်ကြားပို့ချပေးနေသည့် တက္ကသိုလ်ဖြစ်သည်။

ယင်းတက္ကသိုလ် ၏ ကျောင်းခွဲဖြစ်သော Curtin University (Malaysia) တွင်လည်း  Petroleum Engineering ဘွဲ့ဒီဂရီ ကိုသင်ကြားပို့ချပေးလျက်ရှိပါသည်။ မလေးရှားနိုင်ငံ မေရီ မြို့တွင် တက်ရောက် သင်ယူနိုင်မည် ဖြစ်ပြီး  မေရီမြို့သည် Oil Town of Malaysia မြို့အဖြစ် သတ်မှတ်ခြင်းခံထားရသောကြောင့် Petroleum အင်ဂျင်နီယာဘာသာရပ်ကို တတ်ရောက်ရန် အထူးသင့်လျော်သော တက္ကသိုလ်နယ်မြေခွဲ တခုလည်းဖြစ်ပါသည်။

မလေးရှားနိုင်ငံရှိ မေရီ မြို့သည် ကွာလာလန်ပူမြို့မှ ၂ နာရီခန့် လေယာဉ်ဖြင့် သွားရောက်ရပြီး နိုင်ငံတကာ ကျောင်းသား ကျောင်းသူများသည် လုံခြုံစိတ်ချရသည့်အပြင် နေထိုင်စားသောက် ကုန်ကျစရိတ် သက်သာအားဖြင့် အထူးသက်သာသည့် မြို့တစ်မြို့ဖြစ်သည်။

၎င်းအပြင် မေရီမြို့သည် ယူနစ်စကိုမှ ကမ္ဘာ့သမိုင်းဝင် အမွေအနှစ် အဖြစ် သတ်မှတ်ထားသော ထင်ရှားသည့် သဘာဝသမိုင်းဝင် အမွေအနှစ်များ ရှိသောကြောင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးသော မြိုတစ်မြို့လည်းဖြစ်သည်။

Curtin University ၏ Campus ခွဲဖြစ်သောမေရီမြို့ရှိ Curtin University Malaysia သည် သြစတြေးလျ Campus ၏ စံချိန်စံညွှန်းအတိုင်း တည်ဆောက်ထားပြီး သက်ဆိုင်ရာဘာသာရပ် များတွင် အတွေ့အကြုံ ရှိသော ဆရာ၊ ဆရာမများမှ သင်ကြားပေးသဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘာသာရပ်များကို လွယ်ကူစွာ သင်ကြားနိုင်မည်ဖြစ်သည်။

***လိုအပ်ချက်များ***

မြန်မာနိုင်ငံမှ အထက်တန်းအောင်မြင် ပြီးသူများ ၊ IGCSE ကျောင်းသားများအနေဖြင့် Foundation Program ကိုတက်ရောက်ပြီး Bachelor of Engineering (Hons) Petroleum Engineering ဘွဲ့ဒီဂရီများကို လေးနှစ် တက်ရောက်ကာ ဘွဲ့ဒီဂရီ ရရှိနိုင်မည်ဖြစ်သည်။ အင်္ဂလိပ်စာ လိုအပ်ချက်အနေဖြင့် IELTS 6.5 ရှိရမည် ဖြစ်သည်။

***ကုန်ကျမည့် ငွေပမာဏ***

Curtin University မလေးရှားတွင် Foundation Program တက်ရောက်ပါက မြန်မာငွေ သိန်း၈၀ ခန့်ဖြင့် ကုန်ကျစရိတ်သက်သာစွာ တက်ရောက်နိုင်မည် ဖြစ်ပြီး ဘွဲ့ဒီဂရီကို တက်ရောက်ပါက တစ်နှစ်ကုန်ကျစရိတ် သိန်း ၁၅၀ခန့် ဖြင့် တက်ရောက်နိုင်ပါသည်။ နေထိုင်စရိတ် အနေဖြင့် မြန်မာကျပ်ငွေ ၅ သိန်းခန့်သာ ကုန်ကျမည် ဖြစ်ပါသည်။

ထို့အပြင် ပထမနှစ်၊ ဒုတိယနှစ် ပြီးဆုံးပါက သြစတြေးလျ နိုင်ငံ Perth မြို့ရှိ Main Campus သို့ ပြောင်းရွေတက်ရောက်နိုင်မည် ဖြစ်ပါသည်။

Curtin University မှပေးအပ်မည့်   Bachelor of Engineering (Hons) Petroleum Engineering ဘွဲ့ဒီဂရီသည် အသက်မွေးဝမ်းကြောင်းအဖွဲ့အစည်းများဖြစ်သော Engineer Australia (EA)၊ Engineer Accreditation Council (EAC)၊ Board of Engineers Malaysia (BEM) ကဲ့သို့သော အင်ဂျင်နီယာ အဖွဲ့အစည်းများမှ အသိအမှတ်ပြုထားသဖြင့် ဘွဲ့ဒီဂရီပြီးဆုံပါက နာမည်ကျော် ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းကြီးများတွင် လျှင်မြန်စွာ အလုပ်ရရှိနိုင်ပါသည်။

Petroleum Engineering ဘွဲ့ရရှိပြီးပါက Petroleum Engineering, Reservation Engineering, Production/Operation Engineering, Drilling Engineering အဖြစ် အသက်မွေးဝမ်းကြောင်း ပြုနိုင်မည် ဖြစ်သည်။

ဘာသာရပ်ဆိုင်ရာနှင့် ကျောင်းဝင်ခွင့်များအကြောင်းကို အသေးစိတ်သိရှိလိုပါက AT&S (နိုင်ငံတကာ ပညာရေးဝန်ဆောင်မှု ကုမ္ပဏီ)  အဆောင်(၅)၊ အခန်း(၄)၊ MICT Park၊ လှိုင်တက္ကသိုလ်နယ်မြေ။ ဖုန်း - ၀၁-၆၅၂၃၂၀၊ ၀၉-၇၇၇၂၂၃၂၂၅ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။

 

News Read 1509 times