Sales Hotline : 09448001653       Download App



ကျန်းမာရေးနှင့် စီးပွားရေးအခက်အခဲကြောင့် ကျောင်းနားထားသည့် တက္ကသိုလ်ကျောင်းသားများကို နှစ်ကျမသတ်မှတ်ဘဲ ပြန်လည်တက်ခွင့်ပြုမည်

ကျန်းမာရေးနှင့် စီးပွားရေးအခက်အခဲကြောင့် ကျောင်းနားထားသည့် တက္ကသိုလ်ကျောင်းသားများကို နှစ်ကျမသတ်မှတ်ဘဲ ပြန်လည်တက်ခွင့်ပြုမည်

ကျန်းမာရေးနှင့် စီးပွားရေးအခက်အခဲကြောင့် ကျောင်းဆက်မတက်နိုင်ဘဲ ကျောင်းနားထားသည့် တက္ကသိုလ်ကျောင်းသားများကို တစ်နှစ်ကျဟု မသတ်မှတ်ဘဲ Fresher အဖြစ် ပြန်တက်ခွင့်ပြုမည်ဟု အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောသည်။

ကျန်းမာရေးနှင့် စီးပွားရေး အခက်အခဲကြောင့် ကျောင်းနား သည့် ဆေးနား၊ စီးပွားနား Fresherများကို ကျောင်းပြန်တက်ရာတွင် Fresher အနေဖြင့် မဟုတ်ဘဲ Repeater အနေဖြင့် တစ်နှစ်ကျ သတ်မှတ်သည့်အပေါ် Fresher အနေဖြင့် ပြန်တက်ခွင့်ပေးရန် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူ များနှင့် နိုဝင်ဘာ ၆ ရက်က တွေ့ဆုံစဉ် နည်းပညာတက္ကသိုလ် ကိုးကျောင်းမှ ကျောင်းသားသမဂ္ဂ များက တောင်းဆိုခဲ့သည်။

ဆေးနား၊ စီးပွားနား တက္ကသိုလ်ကျောင်းသားများကို Fre-sher အဖြစ် ဆက်တက်ခွင့်ပြုရန်တက္ကသိုလ်၊ ကောလိပ်များသို့ အဆင့်မြင့် ပညာဦးစီးဌာနက ညွှန်ကြားစာထုတ်ပြန်ပေးမည်ဟု ထိုတွေ့ဆုံမှုတွင် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူများက ပြောကြားခဲ့ သည်ဟု နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂများက သ တင်းထုတ်ပြန်သည်။

‘‘နှစ်စ ကျောင်းအပ်ကတည်း က စီးပွားရေးအဆင်မပြေပါဘူး လို့ တင်လိုက်တယ်ဆိုရင် သူ့ကို Fresher သတ်မှတ်မှာ။ သူက နှစ်ကျမဟုတ်ဘူးလေ။ တစ်ခါတည်း တင်ထားတာကိုး။ ဒါပေမဲ့တကယ် လို့ ကျောင်းတက်နေရင်းနဲ့မှ ကျန်းမာရေးက တအားဆိုးလာ ရင်တော့ နားခွင့်ယူလို့ရတယ်။

စာမေးပွဲကို ဆေးရုံဖြေလို့ရတဲ့ကိစ္စ တို့၊ ကျောင်းကနေ ဆေးခွင့်ရတဲ့ ကိစ္စတို့ဆိုရင်တော့ စာမေးပွဲကို ရအောင်ဖြေပေါ့လေ။ ဆေးရုံစာ စစ်ဌာနရော၊ ကျောင်းကဆေးခန်း မှာ ဖြေနိုင်အောင်ရော လုပ်ပေး ထားတယ်။ အဲဒီလိုဖြေပေါ့။ စာမေးပွဲဖြေခါနီးမှ ဆေးနား၊ စီးပွားနားဆိုရင်တော့ သူ့အခြေအနေ ပေါ်မူတည်စဉ်းစားရ မှာပေါ့’’ဟု ဒေါက်တာအောင်အောင်မင်းက ဆိုသည်။

ကျန်းမာရေးနှင့် စီးပွားရေး အခက်အခဲကြောင့် ပညာသင်နှစ် တစ်နှစ် ကျောင်းနားမည့်သူများ သည် ပညာသင်နှစ်အစ ပထမဆုံးလ သတ်မှတ်ရက်အတွင်း သက် ဆိုင်ရာကျောင်းတွင် လျှောက် ထားရမည်ဖြစ်ပြီး တင်ပြချက်ခိုင် လုံပါက ကျောင်းနားခွင့်ပြုမည်ဟု ၎င်းက ဆိုသည်။ ကျောင်းပြန် လည်တက်ရောက်ချိန်တွင် ရပ် နားထားသည့်အတန်း၌ Fresher အဖြစ် တက်ခွင့်ရမည်ဖြစ်သည်။

‘‘တစ်နှစ်ကျဖြစ်သွားရင်က ဝိဇ္ဇာ၊ သိပ္ပံဘက်မှာဆို Qualify တန်းအတွက် မစဉ်းစားတော့ဘူး။ ဆေးနား၊ စီးပွားနားက ရှားတော့ ရှားတယ်။ ကျန်းမာရေးကြောင့်ဆို ရင်တော့ ဆေးခွင့်နဲ့ ဆေးရုံဖြေ လောက်ပဲ။ စီးပွားရေးအဆင် မပြေတဲ့ကလေးက လုံးဝထွက်သွား တာ၊ အဝေးသင်နောက်မှ ပြန်တက်တာမျိုးများတယ်’’ဟု ရန်ကုန်တက္ကသိုလ်မှ ကထိကတစ်ဦး က ဆိုသည်။

ပညာရေးဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်၊ ကောလိပ် များ၏ စာမေးပွဲဆိုင်ရာ စည်းကမ်း ချက်များအရ ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်း မပြည့်ပါက တစ် ကြိမ်အကျအဖြစ် သတ်မှတ် သည်။

ခိုင်လုံသော ဆေးလက် မှတ်တင်ပြနိုင်ပါက ပညာသင်နှစ် တစ်နှစ်လုံးအတွက် ခွင့်ရက် ၂၁ ရက်အထိ ခွင့်ပြုထားသည်။

ပညာရေးဝန်ကြီးဌာန အ ဆင့်မြင့်ပညာဦးစီးဌာနအောက် တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၁၃၆ ကျောင်းရှိသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: 7day

News Read 3565 times