Sales Hotline : 09448001653       Download App



(၁၀) ကြိမ်မြောက် နိုင်ငံတကာပညာရေးပြပွဲ ပြုလုပ်မည်

(၁၀) ကြိမ်မြောက် နိုင်ငံတကာပညာရေးပြပွဲ ပြုလုပ်မည်

(၁၀) ကြိမ်မြောက် နိုင်ငံတကာပညာရေးပြပွဲကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

MSI Overseas Education ကနေ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပြပွဲကို ဒီဇင်ဘာလ ၈ ရက်၊ နံနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီအထိ၊ ရန်ကုန်မြို့ Sule Shangri-La Hotel (Bago Room) မှာ လည်းကောင်း၊ ဒီဇင်ဘာလ ၉ ရက်၊ နေ့လယ် ၁ နာရီမှ ၄ နာရီအထိ မန္တလေးမြို့Hilton Mandalay Hotel (Amarapura Ballroom) မှာလည်းကောင်း ကျင်းပသွားမှာဖြစ်ပါတယ်။

UK, USA, Singapore, Malaysia, Thailand, Australia , Switzerland နိုင်ငံမှ တက္ကသိုလ်ကြီး ၁၆ ခုနဲ့ ပူးပေါင်းကာ ကျင်းပပြုလုပ် သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဆွစ်ဇာလန်၊ အင်္ဂလန်နိုင်ငံ အပါအဝင် နိုင်ငံတကာပညာသင်ဆု၊ ပညာသင်ထောက်ပံ့ကြေးတွေနဲ့အတူ လုပ်ငန်းခွင် အတွေ့အကြုံနဲ့ ဝင်ငွေလုပ်ခလစာရရှိမယ့် အခွင့်အရေးတွေကို ကျောင်းတက်ရင်း ရရှိနိုင်ခြင်း၊

- ရာနှုန်းပြည့် ပညာသင်ဆုအပြင် (၁၀) တန်းအောင် ရမှတ်တွေပေါ်မူတည်ပြီး ပညာသင်ဆု ရာခိုင်နှုန်းများ လျှောက်ထားရယူနိုင်မယ့် အခွင့်အရေးတွေ၊

- အနောက်ပင်မနိုင်ငံတွေဖြစ်တဲ့ အင်္ဂလန်၊ သြစတြေးလျ၊ အမေရိကန်၊ ဆွစ်ဇာလန်၊ ကနေဒါ၊ နယ်သာလန်၊ နယူးဇီလန်တို့ရှိ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တွေသို့ ကျောင်းဝင်ခွင့် ဗီဇာအခက်အခဲမရှိဘဲ လွယ်ကူစွာ ကူးပြောင်း သင်ကြားနိုင်မယ့် လမ်းကြောင်းတွေ၊

- အရှေ့တောင်အာရှမှာ ကုန်ကျတဲ့ ကျောင်းလခအတိုင်း Study Abroad Program, Semester Exchange Program တို့နဲ့ အနောက်ဥရောပနိုင်ငံတွေသို့ ဆက်လက် ပညာသင်ကြားထိုးဖောက်နိုင်တဲ့ အခွင့်အရေးတွေ၊

- နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့လက်မှတ်တွေနဲ့ ပြည်တွင်း/ပြည်ပရှိ လုပ်ငန်းခွင် အသီးသီးမှာ နေရာကောင်း လစာကောင်းနဲ့ အလုပ်လုပ်ကိုင်နိုင်မယ့် အကြောင်းတွေ၊

- Dual Degree Programs တွေကို တက်ရောက် သင်ကြားခြင်းဖြင့် လုပ်ငန်းခွင်နဲ့ အလုပ်အကိုင် အခွင့်အလမ်း ပိုမို ကျယ်ပြန့်လာမယ့် အကြောင်းတွေ၊

- Internship Program (ဝင်ငွေ လုပ်ခလစာရ အလုပ်သင်ကာလ) နဲ့ တက်ရောက်ပြီးဆုံးသူတွေအတွက် ဘွဲ့ရကျောင်းပြီးချိန်မှာ ချိတ်ဆက်ထားတဲ့ ကုမ္ပဏီတွေမှာ ခိုင်မာစွာ အလုပ်ရရှိမယ့် အကြောင်းတွေကို သက်ဆိုင်ရာကျောင်းတွေရဲ့ ဝါရင့် ပုဂ္ဂိုလ်တွေကိုယ်တိုင် တစ်ဦးချင်း အချိန်ပေးဆွေးနွေး ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မိမိတက်ရောက်မယ့် တက္ကသိုလ်၊ ဘာသာရပ်၊ ကျောင်းဖွင့်ချိန်ပေါ်မူတည်ပြီး အဆိုပါပွဲနေ့မှာ ကျောင်းလျှောက် ထားမယ့် သူတွေအတွက် ကျောင်းဝင်ကြေးအခမဲ့ ကင်းလွတ်ခွင့်တွေ၊ အခမဲ့ ကျန်းမာရေးစစ်ဆေးခွင့်တွေ၊ လေယာဉ်လက်မှတ် အခမဲ့ ရရှိမယ့်အကြောင်းတွေ အစရှိတဲ့ အခွင့်အရေးတွေကို MSI မှာ ကျောင်းလျှောက်ထားသူတိုင်း ရရှိမှာဖြစ်တယ်လို့သိရပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ ဖုန်း – ၀၉၅၁၀၃၉၁၅ နဲ့ ၀၉၄၂၀၀၃၇၆၁၆ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: internet

News Read 1259 times