Sales Hotline : 09448001653       Download App



၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဝိဇ္ဇာ ၊ သိပ္ပံတက္ကသိုလ်များ ကျောင်းအပ်စတင်လက်ခံ

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဝိဇ္ဇာ ၊ သိပ္ပံတက္ကသိုလ်များ ကျောင်းအပ်စတင်လက်ခံ

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက်နေ့သင်တန်းများအတွက် ကျောင်းအပ်လက်ခံခြင်းကို တက္ကသိုလ် အသီးသီးအလိုက် နိုဝင်ဘာ ၁၅ ရက်က စတင်ကာ လက်ခံဆောင်ရွက်လျက်ရှိကြောင်း ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များမှ သိရသည်။

ဒဂုံတက္ကသိုလ် ပထမနှစ် အပါအဝင် နောက်ဆုံးနှစ်အထိ အတန်းများအားလုံးအတွက် ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ ၁၅ ရက်မှစတင်ကာ အထူးပြုဘာသာရပ်များအလိုက် ရက်များသတ်မှတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီးကျောင်းပြောင်းရွှေ့ကိစ္စ၊ ဘာသာရပ်ပြောင်းကိစ္စများကို မွန်းလွဲ ၂ နာရီ နောက်ပိုင်း တွင် ဆောင်ရွက်ပေးသွားမည်ဟုဒဂုံတက္ကသိုလ်က ကြေညာထားသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ဒဂုံတက္ကသိုလ်၏ ကျောင်းအပ်နှံရေးစနစ်သစ်အဖြစ် အရင်အပ်သူ ခုံနံပါတ် ရှေ့ရောက်မည့် စနစ်ဖြင့် စတင်ကျင့်သုံးမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် ဒုတိယနှစ်သင်တန်းအားလုံးအတွက် နိုဝင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တွင်လည်းကောင်း၊ တတိယနှစ် သင်တန်းသား အားလုံးအတွက် နိုဝင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တွင်လည်းကောင်း၊ စတုတ္ထနှစ်သင်တန်းသား အားလုံးအတွက် နိုဝင်ဘာ ၂၃ ရက်နှင့် ၂၆ ရက်တွင်လည်းကောင်း၊ ပထမနှစ်သင်တန်း သားအားလုံးအတွက် နိုဝင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တွင် လည်းကောင်း သင်တန်းအားလုံးအတွက် ၂၉ ရက်နှင့် ၃၀ ရက်တွင်လည်းကောင်း ကျောင်းအပ်နှံကြရန်နှင့် ကျောင်းပြောင်း၊ မေဂျာပြောင်းများသည် ဒီဇင်ဘာ ၃ ရက်မှစတင်၍၂၁ရက်အထိ ကျောင်းသားရေးရာသို့ လာရောက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကြေညာထားသည်။

ပုသိမ်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကိုနိုဝင်ဘာ ၁၅ ရက်မှ စတင်ကာ သင်တန်းများအားလုံး ကျောင်းအပ်နှံမှုများ စတင်လက်ခံပြီး ဘာသာပြောင်း၊ ကျောင်းပြောင်းများကို ဒီဇင်ဘာ ၂၁ ရက်အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်သည်။

ကျောင်းအပ်နှံရာတွင် ကျောင်းသူများအနေဖြင့် ပတ်စပို့ဓာတ်ပုံ ရိုက်ကူးရာတွင် ဆံပင်သည် နားရွက် ဖုံးထားသောပုံမဖြစ်ရဘဲ ဆံပင်နောက် ကိုစုစည်းထားရန်လိုအပ်ကြောင်း၊ သနပ်ခါးပါးကွက်ကွက် ထားသောပုံ မဖြစ်ရပါ။ မြန်မာဝတ်စုံ (အထူးသဖြင့် အင်္ကျီ အဖြူ) နှင့်သာ ဖြစ်ရမည်ဖြစ်ပြီး စနေ၊ တနင်္ဂနွေ ကျောင်းအပ်လက်ခံမည် မဟုတ်ကြောင်း ပုသိမ်တက္ကသိုလ်က ကြေညာထားသည်။

ပထမနှစ် သင်တန်းသား၊ သင်တန်းသူများ ကျောင်းအပ်နှံခြင်းအတွက်

- ပထမနှစ်ဝင်ခွင့်တွင်ပါသော နံပါတ်စဉ် (ခုံနံပါတ်) ၊

- အဖေ၊ အမေ၊ မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (မှတ်ပုံတင်)၊ မိမိ၏ ပတ်စပို့ဓာတ်ပုံ၊

- ကျောင်းသား ရေးရာ၌ ဝင်ခွင့်ဖောင်ယူဆောင်ရန်နှင့်

ဒုတိယနှစ်နှင့် အထက် သင်တန်းများအတွက်

- မိမိ၏ပတ်စပို့ပုံ၊ အမိ၊ အဖ၊ မိမိ၏ မှတ်ပုံတင်အမှတ်၊

- ကျောင်းသားကတ်မှာ ပါရှိသောကျောင်းဝင်နံပါတ်၊ ပထမနှစ်၊ ဒုတိယနှစ်မှ ခုံနံပါတ်နှင့်အောင်မြင်ခဲ့သည့်နှစ်၊ ၁၀တန်း ခုံနံပါတ် အောင်မြင်သည့်နှစ်တို့ လိုအပ်မည်။

ကျောင်းအပ်နှံခြင်းကို နိုဝင်ဘာ ၁၅ ရက်မှ စတင်ကာ ဒီဇင်ဘာ ၃ရက်အထိ အပြီးသတ် ဆောင်ရွက်ရန်နှင့် ကျောင်းအပြောင်းအရွှေ့ကို ဒီဇင်ဘာ ၂၁ရက်အထိ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဘားအံတက္ကသိုလ် ကျောင်းသားသမဂ္ဂက ထုတ်ပြန်ထားသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: စံတော်ချိန်

News Read 2253 times