Sales Hotline : 09448001653       Download App



MBA ကို ကမ္ဘာ့ အကောင်းဆုံးတက္ကသိုလ်မှာ တက်ချင်တယ်ဆိုရင်...

MBA ကို ကမ္ဘာ့ အကောင်းဆုံးတက္ကသိုလ်မှာ တက်ချင်တယ်ဆိုရင်...

ကမ္ဘာ့ထိပ်တန်း ၂ ရာခိုင်နှုန်းစာရင်းဝင်  သြစတြေးလျတက္ကသိုလ် Murdoch University ၏ MBA မဟာဘွဲ့ သင်တန်း ရန်ကုန်မြို့တွင်ပင် တက်ရောက်နိုင်ပြီ။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဖွင့်လှစ်လိုက်သည့် ကမ္ဘာ့ Top 100* စာရင်းဝင်  သြစတြေးလျ တက္ကသိုလ် Murdoch University ၏ Master of Business Administration (MBA )ဘွဲ့ သင်တန်းကို ရန်ကုန်မြို့ရှိ Kaplan Myanmar University College ( KMUC ) တွင် တက် ရောက်ရယူနိုင်ပြီဖြစ်ပါသည်။

နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု အများအပြားကို လက်ခံနေသည့် မြန်မာ့စီးပွားရေးလုပ်ငန်းများတွင် စီမံခန့်ခွဲမှုကျွမ်းကျင်သည့် မန်နေဂျာများလိုအပ်နေပါသည်။

Murdoch University မှ သင်ကြားပို့ချပေးမည့်  Master of Business Administration (MBA ) Global MBA ဘွဲ့သည် နိုင်ငံတကာ စီးပွားရေးအမြင်နှင့် ခေါင်းဆောင်နိုင်မှု၊ စီမံခန့်ခွဲနိုင်မှု ၊ ဈေးကွက်နှင့် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု ကျွမ်းကျင်လာအောင် လေ့ကျင့်သင်ကြားပေးသည့် ဘွဲ့ဒီဂရီဖြစ်သည်။

သင်တန်းကာလ အားဖြင့် ၁၈လ သာ တက်ရောက်ရမည်ဖြစ်ပြီး လုပ်ငန်းခွင်ဝင်ရောက်နေသူများ အဆင်ပြေစွာ တက်ရောက်နိုင်ရန် စနေ ၊ တနင်္ဂနွေ အပါအ၀င် တစ်ပတ် ၃ရက် အချိန်ပိုင်း တက်ရောက်ရမည်ဖြစ်ပါသည်။

သင်ကြားရေးထက် သင်တန်းသားအချင်းချင်း Network ချိတ်ဆက်ပြီး လုပ်ငန်းခွင်များ ပူးတွဲလုပ်ဆောင်နိုင်မည့်  Global Exchange Student Program များထည့်သွင်းထားပါသည်။

နိုင်ငံတကာ ကုမဏီကြီးများတွင် Internship ဆင်းခွင့်ရရှိမည်ဖြစ်သောကြောင့်  လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ကိုပါရရှိစေနိုင်မည်ဖြစ်ပါသည်။

Murdoch University သည် သြစတေးလျ၊ ဒူဘိုင်း၊ စင်ကာပူ စသောနိုင်ငံများတွင် ကျောင်းခွဲများဖွင့်လှစ်ထား သည့်အတွက် အဆိုပါနိုင်ငံများသို့ ပြောင်းရွှေပညာသင်ယူနိုင်သည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါသည်။

Murdoch University သည် Council of Australian Postgraduate Association မှ ပေးအပ်သော Rating 5 star အထိရရှိထား သောကြောင့်  MBA  ဘွဲ့ရ တစ်ဦးအနေဖြင့် ဂုဏ်ယူဝင့်ကြွားနိုင် မည်ဖြစ်ပါသည်။

Murdoch University သည်  သြစတြေးလျနိုင်ငံတွင် နှစ်ပေါင်း၅၀ သက်တမ်းရှိသည့် ကမ္ဘာ့ အကောင်းဆုံးတက္ကသိုလ် (၇၀) ထဲတွင်  တခုအပါအဝင်ဖြစ်ပါသည်။

သြစတေးလျ တက္ကသိုလ်၏ MBA ဘွဲ့ကို Kaplan Myanmar University College  မှာပင် နိုင်ငံတကာ အတွေ့အကြုံနှင့် နိုင်ငံခြားဘွဲ့ရ ဆရာများ 100% Oversea Lecturer များဖြင့် သင်ကြားခွင့်ရမှာဖြစ်လို့တက်ရောက်သူများအားလုံး နိုင်ငံတကာ ဗဟုသုတနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ရရှိစေမှာဖြစ်ကြောင်းသိရသည်။

MBA တက်ရောက်လိုသူများသည် Kaplan Myanmar University College ဖုန်း 09 777 63 6000၊  09 777 68 6000၊ အမှတ် ၆၊ အေ  ၀ဂီရိပ်သာလမ်း (လှည်းတန်းအနီး) ကမာရွတ်မြို့နယ်သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

News Read 1763 times