Sales Hotline : 09448001653       Download App



နည်းပညာတက္ကသိုလ်များမှ ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများ၊ ကျောင်းသား/သူများကို ၀င်ခွင့်စာမေးပွဲဖြေဆိုစေပြီး B.E သင်တန်းများ တက်ရောက်ခွင့်ပေးမည်

နည်းပညာတက္ကသိုလ်များမှ ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများ၊ ကျောင်းသား/သူများကို ၀င်ခွင့်စာမေးပွဲဖြေဆိုစေပြီး B.E သင်တန်းများ တက်ရောက်ခွင့်ပေးမည်

နည်းပညာတက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများ၊ ကျောင်းသား/သူများကို ၀င်ခွင့်စာမေးပွဲဖြေဆိုစေပြီး B.E သင်တန်းများ တက်ရောက်ခွင့်ပေးမည် ဖြစ်သည်။

နည်းပညာတက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်နေသော AGTI/EGTI/ETEC/Dip Tech လက်မှတ်ရ ဆရာ၊ ဆရာမများအတွက် B.E သင်တန်း ၀င်ခွင့်စာမေးပွဲနှင့် ကျောင်းသား/သူများ ၀န်ထမ်းများအတွက် B.Techer S B.E သင်တန်း ၀င်ခွင့်စာမေးပွဲများကို နည်းပညာတက္ကသိုလ်များတွင် ကျင်းပပြုလုပ်ခွင့်ပြုရန်နှင့် လမ်းညွှန်မှုပေးရန်အတွက် ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ်က တင်ပြလာသည့်အပေါ်တွင် သတ်မှတ်ချက်နှင့် ကိုက်ညီပြီး သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသူများအား ၀င်ခွင့်စာမေးပွဲများကျင်းပပြီး တက်ရောက်ခွင့်ပေးသွားမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

"နိုင်ငံပိုင်သတင်းစာတွေကလည်း ၀င်ခွင့်ဖြေဖို့ စိတ်ပါဝင်စားတဲ့သူတွေအတွက် ကြေညာပေးလိမ့်မယ်၊ ၀င်ခွင့်ဖြေဖို့အတွက် အရည်အချင်းသတ်မှတ်ချက်များကို အဲဒီအခါမှာ အသေးစိတ်ထည့်ပေးလိမ့်မယ်" ဟု ပြောသည်။

B.E သင်တန်းဝင်ခွင့်စာမေးပွဲများကို နည်းပညာတက္ကသိုလ်များတွင် နိုဝင်ဘာလ ၂၇ ရက်တွင် အင်္ဂလိပ်စာ ဘာသာရပ်၊ ၂၈ ရက်တွင် သက်ဆိုင်ရာ ဘာသာရပ်တို့အား ကျင်းပပြုလုပ်မည် ဖြစ်သည်။

ဝင်ခွင့်ဖြေဆိုအောင်မြင်သူများအား သင်တန်းတက်ရောက်နိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း B.E သင်တန်းသို့ ၀င်ခွင့်ရရှိသူများသည် နည်းပညာတက္ကသိုလ်များတွင် အချိန်ပြည့် ၂ နှစ် ဆက်လက်တက်ရောက် ရမည် ဖြစ်သည်။

နည်းပညာတက္ကသိုလ်များ၏ B.Techer SB.E ပေါင်းကူးသင်တန်းအတွက် ၀င်ခွင့်လက်ခံနိုင်မှု အင်အားမှာ ၄၀၀၀ ကျော် ဖြစ်ကြောင်း ၀င်ခွင့်စာမေးပွဲ ဖြေဆိုပြီး ပါက အောင်စာရင်းများကို ကျောင်းအလိုက် တစ်ပတ်အတွင်း ထုတ်ပြန်ပေးပြီးနောက် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: democracy

News Read 4423 times