Sales Hotline : 09448001653       Download App



Global MBA Offshore Program (Batch-12) သင်တန်း လျှောက်ထားနိုင်ပါပြီ

Global MBA Offshore Program (Batch-12) သင်တန်း လျှောက်ထားနိုင်ပါပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်သည် ထိုင်းနိုင်ငံ University of the Thai Chamber of Commerce (UTCC) နှင့် ပူးပေါင်း၍ “စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့”သင်တန်း Global MBA (Batch-12) ကို၂၀၁၉ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ဖွင့်လှစ်မည် ဖြစ်ပါတယ်။

Global MBA Program သည် ထိုင်းနိုင်ငံ University of the Thai Chamber of Commerce(UTCC) ၌ သင်ပြနေသော နိုင်ငံတကာတက္ကသိုလ်များမှ ပါမောက္ခများ၊ အမေရိကန်တက္ကသိုလ်များမှ ပါရဂူဘွဲ့ ထိုင်း ပါမောက္ခများ ပူးပေါင်း သင်ကြားပို့ချသော မဟာဘွဲ့သင်တန်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ကို ပြည်တွင်းမှာပင် တက်ရောက်နိုင်သည့်အခွင့်အရေး ဖြစ်ပါတယ်။

တက်ရောက်လိုသူများအနေဖြင့် UMFCCI Training Institute အမှတ်-၂၉၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- ၀၁-၂၃၁၄၃၄၄ ~ ၄၉ (လိုင်းခွဲ- ၁၃၃၊၁၃၄) တိုက်ရိုက်ဖုန်း ၀၁-၂၃၀၂၄၈၅ သို့ ၅.၁၂.၂၀၁၈ နေ့ နောက်ဆုံးထား ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါတယ်။

Admission, Application form , Recommendation ပုံစံများကို အောက်ပါ link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

http://bit.ly/2DhZHfg

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: umfcci

News Read 2835 times