Sales Hotline : 09448001653       Download App



ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် မဟာဝိဇ္ဇာ/ ဒီပလိုမာသင်တန်းသားများခေါ်ယူခြင်း

ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် မဟာဝိဇ္ဇာ/ ဒီပလိုမာသင်တန်းသားများခေါ်ယူခြင်း

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အတွက် မဟာဝိဇ္ဇာအချိန်ပြည့် သင်တန်းများနှင့် ဒီပလိုမာအချိန်ပြည့် သင်တန်းများကို တက်ရောက်လိုသူများအတွက် သင်တန်းဝင်ခွင့်လျှောက်လွှာ ဖြေဆို ရမည့်နေ့ရက်၊ အချိန်နှင့် သင်ကြားမည့်ဘာသာရပ်များအား ထုတ်ပြန်ကြေညာလိုက်ပါသည်။

၁။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာ အချိန်ပြည့်(၂)နှစ် သင်တန်း (အင်္ဂလိပ်ဘာသာကို နိုင်ငံခြားဘာသာအဖြစ် သင်ကြားခြင်း)၊ ဒီပလိုမာ အချိန်ပြည့်(၁)နှစ် သင်တန်း (အင်္ဂလိပ်ဘာသာ)၊ အချိန်ပြည့်(၂ )နှစ်သင်တန်း (အီတာလျံ)၊ အချိန်ပိုင်း(၂)နှစ်သင်တန်း (အထွေထွေ ဘာသာဗေဒ)နှင့် အချိန်ပိုင်း(၄)နှစ်သင်တန်း (တရုတ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာ၊ ဂျပန်ဘာသာ၊ ကိုရီးယား ဘာသာ၊ ရုရှားဘာသာ၊ ထိုင်းဘာသာ) များကို ဖွင့်လှစ်မည်ဖြစ်ပါသည်။

၂။ သင်တန်းများကို တစ်ပတ်လျှင် (၅)ရက် (တနင်္လာနေ့မှ သောကြာနေ့အထိ) အောက်ပါအတိုင်း ပို့ချပါမည်။

(က) အင်္ဂလိပ်ဘာသာ (အချိန်ပြည့်) သင်တန်းများကို နံနက် (၉း၀၀)နာရီမှ မွန်းလွဲ(၃း၂၀)နာရီအထိ

(ခ) အီတာလျံ (အချိန်ပြည့်) သင်တန်းကို နံနက် (၈း၀၀)နာရီမှ နေ့လည်(၁၂း၀၀) နာရီ အထိ

(ဂ) အချိန်ပိုင်း သင်တန်းများကို နံနက် (၁၇း၀၀)နာရီမှ (၁၈း၅၀)နာရီအထိ ၏

၃။ သင်တန်းဝင်ခွင့်အတွက် လိုအပ်ချက်များမှာ -

(က) ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်ရမည်။

(ခ) မဟာဝိဇ္ဇာ (အင်္ဂလိပ်ဘာသာကို နိုင်ငံခြားဘာသာအဖြစ် သင်ကြားခြင်း) ပထမနှစ်သင်တန်း တက်ရောက်ရန်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ ဖြစ်ရမည်။

(ဂ) ဒီပလိုမာဘွဲ့သင်တန်းများအတွက် နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘွဲ့တစ်ခုခုရရှိထားသူဖြစ်ရမည်။

(ဃ) အထွေထွေဘာသာဗေဒသင်တန်းအတွက် နိုင်ငံတော်က အသိအမှတ်ပြုထားသော ဝိဇ္ဇာဘွဲ့ တစ်ခုခု ရရှိပြီးသူဖြစ်ရမည်။ အခြားဘွဲ့ရရှိပြီး ဤဘာသာရပ်နှင့် ဆက်စပ်နှီးနွယ်သည့်လုပ်ငန်း လုပ်ကိုင်သူ များ(ဘာသာပြန် စကားပြန် ပြုလုပ်သူများ၊ ဘာသာစကားသင်ကြားသူများ၊ သတင်းမီဒီယာလုပ်ငန်းဆောင်ရွက်နေသူများ) လျှောက်ထားနိုင်သည်။

၎။ သင်တန်းဝင်ခွင့်လျှောက်လွှာကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၅)ရက်နေ့မှ (၁၄)ရက် အထိ တင်သွင်းကြရပါမည်။ သင်တန်းဝင်ခွင့်စာမေးပွဲဖြေဆိုရပါမည်

သင်တန်းဝင်ခွင့်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း မော်ကွန်းထိန်းရုံးခန်း(ကျောင်းသားရေးရာ စာမေးပွဲဌာ)တွင် လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။ (ဖုန်း - ၅၁၅၂၃၆၊ ၅၃၅၉၈၅)

News Read 2074 times