Sales Hotline : 09448001653       Download App



နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းဖြင့် သားဖွားဒီပလိုမာသင်တန်း သင်ကြားရန်စီစဉ်

နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းဖြင့် သားဖွားဒီပလိုမာသင်တန်း သင်ကြားရန်စီစဉ်

နိုင်ငံတကာအဆင့်မီပြီး နိုင်ငံရဲ့ အခြေအနေတွေနဲ့ ကိုက်ညီမှုရှိတဲ့ သင်ရိုးညွှန်တမ်းကို ရေးဆွဲ ထားပြီးဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောပါတယ်။

သင်ရိုးညွှန်တမ်း ကောင်းမွန်မှုမရှိရင် သင်ကြားသင်ယူမှုတွေမှာ ဦးတည်ရာလမ်းကြောင်း မမှန်ကန်နိုင်ဘဲ အခက်အခဲတွေဖြစ်ပေါ်နိုင်ကြောင်း၊ အရည်အသွေး ပြည့်ဝတဲ့ ဆရာဝန်၊ သူနာပြု၊ သားဖွားဆရာမ၊ ကျွမ်းကျင် ပညာရှင်တွေ သင်ကြား လေ့ကျင့်ပေးနိုင်ရေးအတွက်သင်ကြားပေးသူ သင်တန်းဆရာတွေရဲ့ အရည်အချင်းနဲ့ စွမ်းဆောင် ရည်၊သင်ရိုးညွှန်တမ်း၊ သင်ကြားသင်ယူမှုကို အထောက်အကူပြုတဲ့ ပတ်ဝန်း ကျင်၊ သင်ကြားမှု ပုံစံစနစ်၊ သင်ယူသူတွေရဲ့ စိတ်အားထက်သန်မှုစတဲ့ အဓိက အကြောင်းအချက်တွေနဲ့ ကောင်းမွန် ပြည့်စုံဖို့ လိုအပ်ကြောင်း၊ ရေးဆွဲပြီးတဲ့ သင်ရိုးညွှန်တမ်း တွေဟာ အသစ်တက်ရောက်မယ့် သားဖွားဆရာမ တွေအတွက် ဖြစ်ကြောင်း ပြောကြားပါတယ်။

သားဖွားဒီပလိုမာ (၂) နှစ်သင်တန်း အတွက် သင်ရိုး ညွှန်တမ်းနဲ့ ဆက်စပ် စာအုပ်စာတမ်းတွေကို လာမယ့် စာသင်နှစ်မှာ စတင်အသုံးပြု သင်ကြားသွားမှာဖြစ်ပါတယ်။

သင်ရိုးညွှန်တမ်းနဲ့ လက်စွဲ စာအုပ်စာတမ်းတွေကို အလုပ်ရုံဆွေးနွေးပွဲ (၈) ကြိမ်တိတိ အဆင့်ဆင့် ပြုလုပ်ပြီး ဝိုင်းဝန်းရေးဆွဲ ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

သားဖွား ဒီပလိုမာသင်တန်း သင်ရိုးညွှန်တမ်း နှင့် လက်စွဲစာအုပ်စာတန်းများ မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ် မှာကျင်းပခဲ့ပါတယ်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: internet

News Read 1785 times