Sales Hotline : 09448001653       Download App



ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် လူတွေ့ဖြေဆိုပြီး ၀င်ခွင့်မရရှိသူများ ပြန်လည် လျှောက်ထားနိုင်

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် လူတွေ့ဖြေဆိုပြီး ၀င်ခွင့်မရရှိသူများ ပြန်လည် လျှောက်ထားနိုင်

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပထမနှစ်သင်တန်းကို လျှောက်ထားရာမှာ ၀င်ခွင့်မရရှိခဲ့သူတွေ အနေနဲ့ တက်ရောက်ဖို့ ဆန္ဒရှိသေးရင် တက်ရောက်လိုတဲ့ ဦးစားပေးဘာသာရပ်ကို ပြန်လည်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ်၊ ဇွန်လမှာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကို လျှောက်ထားပြီးသူတွေ၊ လူတွေ့နှုတ်ဖြေ စစ်ဆေးခံယူပြီးသူတွေ၊ တက္ကသိုလ် ၀င်ရမှတ် ၄၂၂ မှတ်နဲ့ အထက် ရရှိသူတွေ ဖြစ်ရမှာဖြစ်ပြီး ၀င်ခွင့်ပြု ဘာသာရပ်အနိမ့်ဆုံးအမှတ်နဲ့ကိုက်ညီတဲ့ ဘာသာရပ်ကို ထပ်မံ လျှောက်ထားနိုင်ပါတယ်။

အင်္ဂလိပ်ဘာသာရပ်ကို ထပ်မံဦးစားပေးလျှောက်ထားလိုပါက တက္ကသိုလ်ဝင် စာမေးပွဲမှာ အင်္ဂလိပ်ဘာသာရပ်ကို (၆၅)မှတ်နဲ့ အထက် ရရှိသူတွေ လျှောက်ထားနိုင်ပါတယ်။

ပြန်လည်လျှောက်ထားသူတွေ အနေနဲ့ ယခင်ဦးစားပေးလျှောက်ထားခဲ့တဲ့ ဘာသာရပ်မှအပ အခြားဘာသာရပ်ကိုလျှောက်ထားနိုင်ပြီး တက္ကသိုလ်ဝင်တန်းရမှတ်စုစုပေါင်းနဲ့ လူတွေ့နှုတ်ဖြေရမှတ်စု စုပေါင်းအပေါ် အမှတ်များနည်းအလိုက် ၀င်ခွင့်ထုတ်ပြန်ပေးသွားမယ်လို့သိရပါတယ်။

လူတွေ့နှုတ်ဖြေ ထပ်မံဖြေဆိုဖို့ မလိုအပ်ဘူးလို့လည်း သိရပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၉ ရက် အထိ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ကျောင်းသားရေးရာဌာနမှာ ထပ်မံလျှောက်ထားနိုင်ပါတယ်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: internet

News Read 2449 times