Sales Hotline : 09448001653       Download App



အဝေးသင်တက္ကသိုလ် ပထမနှစ် ၀င်ခွင့်ရ စာရင်းများ နိုဝင်ဘာလကုန် ကြေညာမည်

အဝေးသင်တက္ကသိုလ် ပထမနှစ် ၀င်ခွင့်ရ စာရင်းများ နိုဝင်ဘာလကုန် ကြေညာမည်

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနက် အဝေးသင်တက္ကသိုလ် ပထမနှစ်တက်ရောက်ခွင့်ရသူများ စာရင်းကို နိုဝင်ဘာလကုန်တွင် ကြေညာမည် ဖြစ်သည်။

၂၀၁၉ ဒီဇင်ဘာကုန်တွင် အဝေးသင်တက္ကသိုလ် ပထမနှစ်သင်တန်း ကျောင်းအပ်စတင်လက်ခံမည်ဖြစ်ရာ ယင်းမတိုင်မီ တက်ရောက်ခွင့်ရသူများ စာရင်းကိုသက်ဆိုင်ရာ အဝေးသင်တက္ကသိုလ်များ၏ ၀က်ဘ်ဆိုက်များမှ တစ်ဆင့် ကြေညာမည်ဖြစ်သည်။

‘‘တစ်ဆင့်ချင်း လာမယ်။ ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်တွေ ကြေ ညာပြီးတာနဲ့ ထုတ်ပြန်နိုင်အောင် လုပ်နေပါတယ်’’ဟု အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသိန်းဝင်းက ပြော သည်။

၂၀၁၈ တက္ကသိုလ်ဝင်စာမေး ပွဲ အောင်မြင်သူများအနေဖြင့် အဆင့်မြင့်ပညာ ဦးစီးဌာနသို့ လျှောက်ထားရမည့် တက္ကသိုလ် များစာရင်းတွင် အဝေးသင်တက္က သိုလ်များပါ ထည့်သွင်းထား သည်။ အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေး အဖွဲ့က အဝေးသင်တက္ကသိုလ် ၀င်ခွင့်ရွေးချယ်မည်ဖြစ်သည်။

ဝင်ခွင့်တိုက်ရိုက်ခေါ်သည့် တက္ကသိုလ် ၁၁ ခု၏ ၀င်ခွင့်ရစာ ရင်းကို စက်တင်ဘာ ၁၇ ရက်က ကြေညာခဲ့သည်။ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္က သိုလ်၊ နည်းပညာနှင့် ဆက်နွှယ် တက္ကသိုလ်များ၏ ၀င်ခွင့်ကို စက် တင်ဘာလအတွင်း ကြေညာခဲ့ သည်။

ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ၊ အသက်မွေးဝမ်းကျောင်းတက္က သိုလ်များ၊ အဝေးသင်တက္ကသိုလ် ၀င်ခွင့်ရ စာရင်းသို့ တက်ရောက် ခွင့်ရသူများ စာရင်းကို ပညာရေး ၀န်ကြီးဌာနက ထပ်မံကြေညာ မည် ဖြစ်သည်။

အဝေးသင်တက္ကသိုလ် တက်ရောက်ခွင့်ရသူများကို ၎င်းတို့ တက်ရောက်ခွင့်ရသော အထူးပြု ဘာသာရပ်အလိုက် ပထမအ သုတ်၊ ဒုတိယအသုတ်၊ တတိယ အသုတ်ခွဲကာ ကျောင်းအပ်လက် ခံခြင်း၊ စာမေးပွဲကျင်းပခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်းများ ဆောင်ရွက်ပေးလေ့ရှိသည်။

ယခု ၂၀၁၈ ပညာသင်နှစ် ၌ ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ် အောက်ရှိ ဌာနခွဲ ၃၆ ခုတွင် အဝေးသင်တက္ကသိုလ်တက်ရောက်နေသော ကျောင်းသူ၊ ကျောင်းသားဦးရေငါးသိန်းခန့်ရှိပြီး ပုံမှန်ဘွဲ့ကြို (Day) တက်ရောက်သူထက် နှစ် ဆခန့် များသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: 7day

News Read 7289 times