Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်ခွင့်ရစာရင်းအားလုံးကို ပညာရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်မှ ကြေညာပေးမည်

တက္ကသိုလ်ဝင်ခွင့်ရစာရင်းအားလုံးကို ပညာရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်မှ ကြေညာပေးမည်

တက္ကသိုလ်တစ်ခုမျှ ဝင်ခွင့်မရသူများ ဝင်ခွင့်ပြန်လျှောက်ရန် အကြောင်းကြားပေးနေပါသည်။

၂၀၁၈ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများ တက် ရောက်ခွင့်ရရှိသည့် တက္ကသိုလ်စာရင်းအားလုံးကို ပညာရေးဝန် ကြီးဌာနဝက်ဘ်ဆိုက် (www.moe.gov.mm)မှ ကြေညာပေးမည်ဟု အ ဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ပြောသည်။

မြန်မာနိုင်ငံ လေကြောင်း နှင့် အာကာသပညာတက္ကသိုလ်နည်းပညာတက္ကသိုလ် ၂၉ နှင့် ကွန်ပျူတာတက္ကသိုလ် ၂၄ ခုသို့ ဝင်ခွင့်ရရှိသူများစာရင်းကို ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် အောက်တိုဘာ ၂ ရက်က စတင်ကြေညာပေးသည်။ အခြားတက္က သိုလ်များ၏ ဝင်ခွင့်ရစာရင်းကိုလည်း ဆက်တိုက်ကြေညာပေး မည်ဖြစ်သည်။

‘‘တက္ကသိုလ်တစ်ခုချင်းက လည်း သူတို့ဆီမှာ ကြေညာထား ပေးမှာဖြစ်ပေမယ့် တချို့က ချက် ချင်းမသိနိုင်မှာစိုးလို့ ဝက်ဘ်ဆိုက်ကနေ ကြေညာပေးမှာပါ’’ ဟု ဒေါက်တာသိန်းဝင်းက ပြော သည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် ကောလိပ်များ၏ အထူးပြုဘာသာရပ် ပထမနှစ်သင်တန်းများသို့ တက်ရောက်ခွင့်ရသူများ စာရင်းကို သက်ဆိုင်ရာကျောင်းများ၌ ကြေညာကာ ဝင်ခွင့်ရသည့် ကျောင်းသား၊ ကျောင်းသူများကို စာတိုက်မှတစ်ဆင့် ပြန်လည်အကြောင်းကြားပေးမည့်အပြင် ဝက်ဘ်ဆိုက်မှတစ်ဆင့် ချက်ချင်းသိရှိနိုင်ရန် ဆောင်ရွက်ထားခြင်း ဖြစ်သည်။

ယခုနှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် လျှောက် ထားသည့် တက္ကသိုလ်များသို့ ဝင် ခွင့်မမီ၍ တက္ကသိုလ်တစ်ခုမျှ ဝင် ခွင့်မရသူများကိုလည်း ဝင်ခွင့်ပြန် လည်လျှောက်ထားရန် အဆင့် မြင့်ပညာဦးစီးဌာနက SMS ပို့ကာ အကြောင်းကြားပေးနေသည်။

‘‘ဦးစားပေးလျှောက်ထားတဲ့ တက္ကသိုလ်အကုန်လုံး ဝင်ခွင့်မရ သူတွေရှိတယ်။ ဥပမာ ဆေးတက္က သိုလ် မီမယ်ထင်ပြီး ဆေးတက္က သိုလ်ပဲ ဦးစားပေးလျှောက်ထား သူတွေပေါ့။ သူတို့ကို တခြားတက္ကသိုလ်ဝင်ခွင့် ပြန်လျှောက်ဖို့ အ ကြောင်းကြားပေးတာပါ’’ဟု အ ဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးတစ်ဦးက ဆိုသည်။

ဝင်ခွင့်လျှောက်လွှာများကို တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ် ရေးအဖွဲ့က တက္ကသိုလ်ဝင်စာမေး ပွဲရမှတ်၊ ကျောင်းသား၊ ကျောင်း သူများ၏ ဦးစားပေးလျှောက်ထား မှု၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များက လက်ခံပေးနိုင် မည့် ကျောင်းသားဦးရေအပေါ် မူတည်၍ စိစစ်ရွေးချယ်ခြင်းဖြစ် သည်။

ယခုနှစ်တွင် ဝင်ခွင့်လက်ခံ သည့် စနစ်သစ်အနေဖြင့် ရန်ကုန် တက္ကသိုလ်၊ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ သတင်းအချက်အ လက်နှင့် နည်းပညာတက္ကသိုလ် (ရန်ကုန်)၊ ရန်ကုန်နိုင်ငံခြားဘာ သာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေး တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေး နည်းပညာတက္ကသိုလ်၊ မန္တလေး ကွန်ပျူတာတက္ကသိုလ်၊ မန္တလေး နိုင်ငံခြားဘာသာတက္က သိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)တို့က ဝင်ခွင့်တိုက်ရိုက် ခေါ်ယူခဲ့သည်။ ထိုတက္ကသိုလ်များ က ဝင်ခွင့်ရစာရင်းကို စက်တင် ဘာ ၁၇ ရက်တွင် ကြေညာပေးခဲ့ သည်။

ဒီဇင်ဘာတွင် စတင်ဖွင့်လှစ် မည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်အသီးသီး၏ ပထမနှစ် သင်တန်းများ၌ တက်ရောက်ခွင့် ရရှိသူများအနေဖြင့် သက်ဆိုင်ရာ ကျောင်းများ၏ ကျောင်းအပ်လက်ခံသည့်ကာလအတွင်း ကျောင်းအပ်ရန် လိုအပ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာ ထားသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: Myanmar Teacher Digest and News

News Read 12656 times