Sales Hotline : 09448001653       Download App



ဝင်ခွင့်တိုက်ရိုက်ခေါ်သည့် တက္ကသိုလ် ၁၀ ခု ၀င်ခွင့်ရသူများကို အောက်တိုဘာ ၁၇ ရက်အထိသာ ကျောင်းအပ်လက်ခံမည်

ဝင်ခွင့်တိုက်ရိုက်ခေါ်သည့် တက္ကသိုလ် ၁၀ ခု ၀င်ခွင့်ရသူများကို အောက်တိုဘာ ၁၇ ရက်အထိသာ ကျောင်းအပ်လက်ခံမည်

၂၀၁၈ တက္ကသိုလ်ဝင် ခွင့် တိုက်ရိုက်ခေါ်သည့် ရန်ကုန် နှင့် မန္တလေးရှိ တက္ကသိုလ် ၁၀ ခု၏ ၀င်ခွင့်ရသူများကို အောက် တိုဘာ ၁၇ ရက်အထိသာကျောင်း အပ်လက်ခံမည်ဖြစ်ပြီး ၀င်ခွင့်ရ ကျောင်းတစ်ကျောင်းတည်းတွင် သာကျောင်းအပ်ရန်  သက်ဆိုင် ရာတက္ကသိုလ်အသီးသီးက  ကြေ ညာထားသည်။

1. ရန်ကုန်တက္ကသိုလ်၊

2. ရန်ကုန် နည်းပညာတက္ကသိုလ်၊

3. သတင်း အချက်အလက်နှင့် နည်းပညာ တက္ကသိုလ်၊

4. ရန်ကုန်နိုင်ငံခြားဘာ သာတက္ကသိုလ်၊

5. ရန်ကုန်စီးပွား ရေးတက္ကသိုလ်၊

6. ရန်ကုန်ပညာရေး တက္ကသိုလ်၊

7. မန္တလေး တက္ကသိုလ်၊ 

8. မန္တလေးနည်းပညာတက္ကသိုလ်၊  

9. မန္တလေးကွန်ပျူတာတက္ကသိုလ်၊  

10. မန္တလေးနိုင်ငံခြားဘာသာတက္က သိုလ်၊

11. နည်းပညာတက္ကသိုလ် (မန္တလေး) တို့သို့ တက်ရောက်လို သူများသည် ယခင်လို အဆင့် မြင့်ပညာဦးစီးဌာနသို့ မလျှောက် ရဘဲတက်ရောက်လိုသော တက္က သိုလ်သို့ တိုက်ရိုက်လျှောက်ထား ခဲ့ရသည်။

ယင်းတက္ကသိုလ်များ အနက် တက္ကသိုလ်ခြောက်ခုက တက္ကသိုလ်ဝင်စာမေးပွဲရမှတ် သတ်မှတ်ထားသည့်အပြင် ထပ်မံလူတွေ့စစ်ဆေးခဲ့သည်။

ထိုတက္ကသိုလ်များ၏ ၀င်ခွင့် ရစာရင်းကို သက်ဆိုင်ရာ တက္က သိုလ်များနှင့် ပညာရေးဝန်ကြီးဌာ န ၀က်ဘ်ဆိုက်များတွင် ထုတ်ပြန် ထားပြီး သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ဝင်ခွင့် ရသူများသည် အောက်တိုဘာ ၁၂ ရက်နောက်ဆုံး၊ ကျန် တက္ကသိုလ် ၁၀ ခုတွင် ၀င်ခွင့်ရသူ များသည် အောက်တိုဘာ ၁၇ ရက် နောက်ဆုံးကျောင်းအပ်ရ မည်ဖြစ်သည်။

ကျောင်းအပ်ရန် နောင်ဆုံးရက်နီးလာသော်လည်း  ကျောင်းအချို့တွင် ၀င်ခွင့်ရသူ အားလုံး ကျောင်းအပ်နှံခြင်းမရှိ သေး၍ သက်ဆိုင်ရာ ကျောင်းများ  က ထပ်မံကြေညာခြင်းဖြစ်သည်။

‘‘အဆည (အဆင့်မြင့်ပညာ  ဦးစီးဌာန) ကို လျှောက်ရတဲ့ တက္ကသိုလ်တွေက ၀င်ခွင့်မကျ သေးတော့ အဲဒီဘယ်လျှောက် ထားတဲ့ထဲ ပါမလားစောင့်ကြ တယ်ထင်တယ်။ ကျောင်းအပ် ထားတဲ့စာရင်းအရ ၀င်ခွင့်ရသူ အကုန်မဟုတ်သေးဘူး’’ ဟု ရန် ကုန်တက္ကသိုလ် ကျောင်းသား ရေးရာဌာန တာဝန်ရှိသူတစ်ဦး ကပြောသည်။

ဝင်ခွင့်လျှောက်ထားစဉ်က ကျောင်းသား၊ ကျောင်းသူတစ်ဦး လျှင် ထိုကျောင်း ၁၁ ကျောင်းအ နက် နှစ်သက်ရာကျောင်းကိုအ ရေအတွက် အကန့်အသတ်မရှိ လျှောက်ထားနိုင်ခြင်းကြောင့် ကျောင်းတစ်ကျောင်းထက်ပို၍ ၀င်ခွင့်ရသူများလည်းရှိနေသည်။

‘‘ဆရာတို့က သူတို့ကို အ ရမ်း အလိုလိုက်ထားပေးပြီးပြီ။ ၀င်ခွင့်ကို ၁၁ ကျောင်းလုံးသွား လျှောက်ထားတာမို့ဝင်ခွင့်ရွေးရ တာတောင်ခက်ခဲသွားတယ်။ အဲ ဒီတော့ ကိုယ်တက်ခွင့်လည်းရ ထားပြီးပြီ။ ကိုယ်တက်မယ့် ကျောင်းကိုတော့ ဖြောင့်ဖြောင့်  မတ်မတ် သွားအပ်လိုက်တော့ ပေါ့။ အဲဒီအချိန်ကျမှ မဆုံးဖြတ် နိုင်သေးလို့တော့ ဒီထက်အလို လိုက်လို့မရတော့ဘူး’’ ဟု ရန် ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်  ပါမောက္ခချုပ်ဒေါက်တာကြည် ရွှင်က ၀င်ခွင့်ရစာရင်းများ ကြေ ညာစဉ်က 7 Day သတင်းစာ၏ မေးမြန်းမှုကိုဖြေကြားထားသည်။

တက္ကသိုလ်တစ်ခုထက်ပို၍  ကျောင်းအပ်နှံခြင်းမပြုရန်နှင့် အ ကယ်၍ ရန်ကုန်နိုင်ငံခြားဘာသာ  တက္ကသိုလ်အပြင် အခြားတက္က သိုလ်တစ်ခုသို့လည်း ကျောင်း အပ်နှံထားကြောင်း တွေ့ရှိပါက  ကျောင်းဝင်စာရင်းမှ ပယ်ဖျက် မည်ဖြစ်ကြောင်း ရန်ကုန်နိုင်ငံ ခြားဘာသာတက္ကသိုလ်က ကြို တင်အသိပေးထားသည်။

အဆင့်မြင့်ပညာဦးစီးဌာန  တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်  ရေးအဖွဲ့သို့လျှောက်ထားရသည့် တက္ကသိုလ်များ၏ ၀င်ခွင့်စာရင်း ကို အဆင့်မြင့်ပညာဦးစီးဌာနက နိုဝင်ဘာအတွင်း အပြီးကြေညာ ရန် လျာထားသည်ဟု အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူး  ချုပ်ဒေါက်တာသိန်းဝင်းက  ပြောကြားထားသည်။

၂၀၁၈ - ၁၉ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်အသီးသီး၏ ပထမနှစ် သင်တန်းများကို ဒီဇင်ဘာ ၃ ရက် ၌ စတင်ဖွင့်လှစ်မည်ဖြစ်သည်။ 

တက္ကသိုလ်တက်ရောက်ခွင့် ရရှိ သူများအနေဖြင့်သက်ဆိုင်ရာ ကျောင်းများ၏ ကျောင်းအပ်လက် ခံ ကာလအတွင်းကျောင်းအပ်ရန်လိုအပ်ကြောင်း ၂၀၁၈ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင်  ဖော်ပြထားသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: 7day

News Read 3043 times