Sales Hotline : 09448001653       Download App



နည်းပညာတက္ကသိုလ်(မန္တလေး)၊ ပထမနှစ်ဝင်ခွင့်ရရှိသူများ ကျောင်းအပ်နှံဖို့ ဒုတိယအကြိမ် နှိုးဆော်ခြင်း

နည်းပညာတက္ကသိုလ်(မန္တလေး)၊ ပထမနှစ်ဝင်ခွင့်ရရှိသူများ ကျောင်းအပ်နှံဖို့ ဒုတိယအကြိမ် နှိုးဆော်ခြင်း

နည်းပညာတက္ကသိုလ်(မန္တလေး)၊ ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများ၏ နောက်ဆုံး ကျောင်းအပ်လက်ခံရက်မှာ Oct 17 ရက်နေ့ ဖြစ်ပါတယ်။

ဝင်ခွင့်ရ ကျောင်းသား ၊ ကျောင်းသူများ အနေဖြင့် သတ်မှတ်ရက်မတိုင်မီ ကျောင်းအပ်နှံခြင်း ကိစ္စရပ်များကို ဆောင်ရွက်ကြပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

သက်မှတ်ရက်ထက် နောက်ကျသော ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများကို ဝင်ခွင့်ရ စာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ပါသည်။

နည်းပညာတက္ကသိုလ် (မန္တလေး) ၂၀၁၈-၁၉ ပညာသင်နှစ် ၀င်ခွင့်ရ ပထမနှစ် ကျောင်းသား/သူများ ကျောင်းလာရောက်အပ်နှံပါက ယူဆောင်လာရမည့် အချက်များ

(၁) အမှတ်စာရင်းမူရင်း နှင့် မိတ္တူ

(၂)တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မူရင်းနှင့် မိတ္တူ

(၃) ကျောင်းသား မှတ်ပုံတင် မူရင်းနှင့် မိတ္တူ

(၄) မိဘ မှတ်ပုံတင် မူရင်းနှင့် မိတ္တူ

(၅) ဓာတ်ပုံ (၄) ပုံ

မှတ်ချက် -

(၁) ဓာတ်ပုံရိုးကူးရာတွင် အမျိုးသမီးများ ရင်စေ့၊ ရင်ဖုံး၊ အဖြူ၊ အမျိုးသားများ အဖြူအကျီ င်္ (တီရှပ် မဟုတ်ရ) တို့ဖြင့် ရိုက်ကူးရမည် ဖြစ်ပါသည်။

(၂) ၀င်ခွင့်ရရှိသူများသည် အောက်တိုဘာလ ၁၇ ရက်နေ့ ၂၀၁၈ ခုနှစ် နောက်ဆုံးထားပြီး လာရောက်အပ်နှံရမည် ဖြစ်သည်။ အဆိုပါ ရက်ထက် နောက်ကျပြီး လာရောက်အပ်နှံသူများကို လုံးဝ (လုံးဝ) လက်ခံမည်မဟုတ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

(၃) တက္ကသိုလ် (၂)ခု ၀င်ခွင့်ရရှိသူများသည် မိမိတို့ နှစ်သက်ရာ တက္ကသိုလ်တစ်ခုကိုသာ အပ်နှံရမည် ဖြစ်သည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: tu mandalay

News Read 4524 times