Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်ခွင့် မလျှောက်ထားရသေးသောသူများကို နိုဝင်ဘာလကုန်အထိ လျှောက်ထားခွင့်ပြု

တက္ကသိုလ်ဝင်ခွင့် မလျှောက်ထားရသေးသောသူများကို နိုဝင်ဘာလကုန်အထိ လျှောက်ထားခွင့်ပြု

၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူများကို  တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် တက္ကသိုလ်ပေါင်း ၂၃ ခု၌ ဇွန် ၂၃ ရက်မှ ဇူလိုင် ၂ဝ ရက်အထိ ဝင်ခွင့် လျှောက်ထား ခွင့်ပြုထားသော်လည်း လာရောက် လျှောက်ထားခြင်း မရှိသေးသူများကို နိုဝင်ဘာလကုန်အထိ အဆင့်မြင့်ပညာ ဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၌ လျှောက်ထား ခွင့်ပြုကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရခြင်း မရှိသေးသူများ ရှိနေသေးကြောင်း၊ ယင်းအတွက်  လျှောက်ထားရမည့်ကာလကို ထပ်မံဆောင် ရွက်ပေးရခြင်း ဖြစ်သည်။

တက္ကသိုလ် ဝင်ခွင့်လျှောက်ထားရာ၌ ယခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ သတင်းအချက်အလက်နှင့် နည်း ပညာတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊  ရန်ကုန်ပညာရေးတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေးနည်းပညာ တက္ကသိုလ်၊ မန္တလေး ကွန်ပျူတာတက္ကသိုလ်၊  မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်တို့သို့ တက်ရောက်လိုသူ များအနေဖြင့် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့သို့ လျှောက်ထားရန်မလိုဘဲ ယင်း တက္ကသိုလ်များသို့  တိုက်ရိုက်လျှောက်ထား နိုင်ကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်များသို့ လျှောက်ထားမှုများတွင် ဝင်ခွင့်ရရှိသူများကို စက်တင်ဘာ ၁၇ ရက်က ကြေညာချက်ထုတ်ပြန်ပေးခဲ့သော် လည်း ဝင်ခွင့်မရရှိသူများလည်း ရှိနေကြောင်း၊ ယင်းအတွက် ဝင်ခွင့်မရရှိသူများကို တခြားသော တက္ကသိုလ်များ၌ တက်ရောက်ခွင့် ရရှိစေရန် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၌ လျှောက်ထားနိုင်ရေး ခွင့်ပြုပေးထားသည်။

တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် ဝင်ခွင့်လျှောက်လွှာစာအိတ်၌  သင်တန်း ရွေးချယ်မှု ကတ်ပြား၊ တက္ကသိုလ်ကျောင်းသားအဖြစ် မှတ်ပုံတင်ခွင့် လျှောက်လွှာနှစ်စုံ၊ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ၊ တက္ကသိုလ်ဝင် စာမေးပွဲအောင် အမှတ်စာရင်းမူရင်းနှင့် သက်ဆိုင်ရာကျောင်းများက ထုတ်ပေးထားသည့်  အရည်အချင်း မှတ်တမ်းချုပ်ရမှတ် အဆင့်များကို ထည့်သွင်း လျှောက်ထားရမည် ဖြစ် သည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: မြ၀တီ

News Read 9216 times