Sales Hotline : 09448001653       Download App



ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ဖွင့်လှစ်သော ဖွံဖြိုးရေးပညာမဟာဘွဲ့ အကြောင်း

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ဖွင့်လှစ်သော ဖွံဖြိုးရေးပညာမဟာဘွဲ့ အကြောင်း

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ဖွင့်လှစ်သော ဖွံဖြိုးရေးပညာမဟာဘွဲ့ (Master of Development Studies, MDev.S) အကြောင်းဖြစ်ပါတယ်။

• သင်တန်းရည်ရွယ်ချက်

၁. စီးပွားရေးသီအိုရီသဘောထားများကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်စေပြီး မူဝါဒများကို ဆန်းစစ်လေ့လာနိုင်ရန်အတွက် အဆိုပါ သဘောထားများကို ပြန်လည်အသုံးချနိုင်စေရန်။

၂. သင်တန်းသားများအား ဖွံဖြိုးရေးဆိုင်ရာသဘောတရားများ၊ အတွေးအခေါ်များ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများနှင့်ပတ်သတ်သော ဗဟုသုတနှင့်စွမ်းရည်များရရှိစေရန်နှင့် နိုင်ငံ့စီးပွားရေးနှင့် လူမူဖွံဖြိုးရေး အစီအစဉ် များအရ လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို ကူညီပေးနိုင်ရန်။

• တာဝန်ယူဖွင့်လှစ်သောဌာန - ရန်ကုန်စီးပွားရေးတက္ကသိုလ် ဘောဂဗေဒဌာန။

• ပေးအပ်မည့်ဘွဲ့ - ဖွံဖြိုးရေးပညာမဟာဘွဲ့ (Master of Development Studies MDev.S)

• ဝင်ခွင့်လိုအပ်ချက်

EMDev.S

- အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူဖြစ်ရမည်။

- အစိုးရဝန်ထမ်းဖြစ်မယ်ဆိုရင် ပြန်တမ်းဝင်အရာရှိလုပ်သက်(၈)နှစ်ရှိရပါမည်

- ကုမ္ပဏီဝန်ထမ်းဖြစ်မယ်ဆိုရင် Executive Level လုပ်သက်(၈)နှစ် ရှိရပါမည်

- သက်ဆိုင်ရာ ပညာသင်နှစ်ရဲ့ စက်တင်ဘာ(၁)ရက်နေ့မှာ အသက် (၃၀)နှစ် ပြည့်ပြီးသူဖြစ်ရပါမယ်

- အသက် ၃၀ ပြည့်ပြီးသူဖြစ်ရမည်။

- တက္ကသိုလ် တစ်ခုခုတွင် အခြားသင်တန်းတစ်ခုတက်ရောက်နေသူမဖြစ်ရ

- သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့် တတ်ရောက်နိုင်သူဖြစ်ရမည်။

MDev.S

- အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူဖြစ်ရမည်။

- တက္ကသိုလ် တစ်ခုခုတွင် အခြားသင်တန်းတစ်ခုတက်ရောက်နေသူမဖြစ်ရ

- သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့် တတ်ရောက်နိုင်သူဖြစ်ရမည်။

• သင်တန်းဝင်ခွင့်စာမေးပွဲ

EMDev.S နှင့် MDev.S ဝင်ခွင့်စာမေးပွဲကို ရေးဖြေစာမေးပွဲအဖြစ် English, Mathematics and Logic ၃ ဘာသာကို တစ်နာရီဆီ ဖြေဆိုရမည်။ ရေးဖြေစာမေးပွဲ ဖြေဆိုအောင်မြင်သူများကို လူတွေ့ နှုတ်ဖြေစာမေးပွဲဖြေဆိုရမည်။ နှုတ်ဖြေစာမေးပွဲ အောင်မြင်သူများသာ သင်တန်းတတ်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

• ပညာသင်ကာလ - ၂ နှစ် ( Semester ၆ ခု၊ ၁ ခု ၃ လ၊ Thesis ၆ လ)

• သင်တန်းအချိန်

သင်တန်းကို အချိန်ပိုင်းသင်တန်း (Part Time - Evening) EMDev.S နှင့် အချိန်ပြည့်သင်တန်း MDev.S ( Full Day) ဆိုပြီး နှစ်မျိုးခွဲခြားဖွင့်လှစ်ထားပါသည်။

EMDev.S အချိန်ပိုင်းသင်တန်းကို ညနေ ၅ နာရီခွဲ မှ ၈နာရီ ထိ တနင်္လာနေ့မှ သောကြာနေ့၊ စနေနေ့ မနက် ၁၀နာရီမှ ညနေ ၃ နာရီ နှင့် MDev.S (Full Day) အချိန်ပြည့်သင်တန်းကို မနက်၁၀နာရီမှ နေ့လည် ၃ နာရီထိ တနင်္လာနေ့မှ သောကြာနေ့ထိ တတ်ရောက်ရပါမည်။

• သင်ကြားရမည့်ဘာသာရပ်များ

ပထမနှစ် (Core Modules)

- Principle of Microeconomics I

- Principle of Macroeconomics I

- Evolution of Development Thinking

- Money, Banking and Finance

- Principle of Microeconomics II

- Principle of Macroeconomics II

- Development Economies: Problems and Policies

- ASEAN Economies and Regional Integration

- Political Economy

- Agriculture Transformation and Rural Development

- International Trade

- Research Methodology

ဒုတိယနှစ်(Elective Modules (Any Six))

- Education and Human Resource Development

- SMEs Development and Industrialization

- Environmental and Natural Resource Economics

- Public Policy and Administration

- Gender and Development

- Public Finance

- Economic Development of Myanmar

- Public Private Partnership

- Regional and Urban Development

- Project Evaluation

- Infrastructure and Development

- International Finance, Investment and Aid

- Globalization and Development

- Microfinance and Poverty Reduction

- Comparative Economic System and Development Experiences

- General Management

သင်ကြားမှုပုံစံ - သင်ကြားမှုပုံစံအားဖြင့် Lecture, Presentation နှင့် Assignment ပုံစံတို့ဖြင့် သင်ကြားပို့ချပေးပါသည်။

သင်တန်းဖွင့်လှစ်မည်နေရာ - ရန်ကုန်စီးပွားရေးတက္ကသိုလ် ကမာရွက်နယ်မြေ

EMDev.S သင်တန်းကို နှစ်စဉ် စက်တင်ဘာလတွင် ဖွင့်လှစ်ပြီး ဇူလိုင်လအတွင်း နိုင်ငံပိုင်သတင်းစာမှာ ကြေညာပေးပါသည်။

MDev.S သင်တန်းကို နှစ်စဉ် ဇွန်လတွင် ဖွင့်လှစ်ပြီး ဧပြီလအတွင်း နိုင်ငံပိုင်သတင်းစာမှာ ကြေညာပေးပါသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: Educational Information by Ye Lwin Hein

News Read 2918 times