Sales Hotline : 09448001653       Download App



နေပြည်တော်၌ နိုင်ငံတကာအဆင့်မီ တက္ကသိုလ် အမြန်ဆုံး တည်ဆောက်နိုင်ရန် စီစဉ်ထား

နေပြည်တော်၌ နိုင်ငံတကာအဆင့်မီ တက္ကသိုလ် အမြန်ဆုံး တည်ဆောက်နိုင်ရန် စီစဉ်ထား

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိ မြို့နယ်အတွင်းရှိ သံတမန်ဇုန်နေရာ၌ နိုင်ငံတကာ အဆင့်မီတက္ကသိုလ် တည်ဆောက်ရန်အတွက် အစိုးရထံသို့ တင်ပြထားပြီးဖြစ်ကြောင်းနှင့် ခွင့်ပြု ချက်ရရှိပါက အမြန်ဆုံး တည်ဆောက်နိုင်ရန်စီစဉ် ထားကြောင်း နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ကော်မတီဝင် ဦးမင်းသူထံမှ သိရသည်။

သံတမန်ဇုန် အတွင်းမှာရှိတဲ့ မြေကွက်အချို့ကို ပယ်ဖျက်ပြီး သက်ဆိုင်ရာအစိုးရအဖွဲ့၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ နိုင်ငံတော်သမ္မတရုံးတို့ကို တင်ပြထား ပါတယ်။ ခွင့်ပြုချက်ရတာနဲ့ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကို တည်ဆောက်သွားမှာ ဖြစ်တယ်။

ကိုရီးယားနိုင်ငံအခြေစိုက် The Founding Committee of International University in Myanmar မှ Dr. Sung Ki Baik ဦးဆောင်သောကိုယ် စားလှယ်အဖွဲ့သည် နေပြည်တော်၌ နိုင်ငံတကာ အဆင့်မီတက္ကသိုလ်တည်ဆောက်ရေးကိစ္စနှင့်ပတ် သက်၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ မှတာဝန်ရှိသူများနှင့် မတ်လ ပထမပတ်ကတည်းက ဆွေးနွေးမှု များပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဇေယျာသီရိမြို့နယ်၌ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့သာရှိပြီး အခြား ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များနှင့် နည်းပညာ တက္ကသိုလ် များမရှိခြင်းတို့ကြောင့် ၄င်းတက္ကသိုလ်တည် ဆောက်ပါက နေပြည်တော်ဝန်းကျင်ရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးအထောက်အကူ ပြုနိုင်မည်။

ဒေသ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် လုပ်ငန်းခွင် အတတ်ပညာပေါင်းစုံနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်ပေါင်းစုံ တက် ရောက်ပညာသင်ကြားနိုင်မည့် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်အား တည်ဆောက်သွား မည်ဖြစ်သည်။

ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သံတမန်ဇုန် တည်ဆောက်ရန်အတွက် မြေဧက ၁၅ဝဝ ကျော် လျာထားခဲ့ပြီး ယင်းနေရာတွင် မြန်မာနိုင်ငံအခြေ စိုက်သံရုံးများတည်ဆောက်ပါက မြေဧက ၅ဝဝ ခန့် သာ အသုံးပြုမည်ဖြစ်သောကြောင့် ကျန်ရှိသော မြေဧကများ၌ နိုင်ငံတကာအဆင့်မီတက္ကသိုလ် တည်ဆောက်ရန်အတွက် မြေဧက ၃ဝဝ ခန့်သာအသုံးပြုမည်ဖြစ်ကြောင်းကို နိုင်ငံတော်အစိုးရထံသို့ တင်ပြထားသည်။

ယင်းတက္ကသိုလ်အား Junction Center ၏ နောက်ကျောဘက် MICC-1 နှင့် MICC-2 ကြား ဟိုတယ်ဇုန်နှင့် ဆက်စပ်လျက်ရှိ  သော မြေဧက ၃ဝဝ နေရာတွင် တည်ဆောက်ရန် အဆိုပြုတင်ပြ တောင်းခံထားကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်တည်ဆောက်မှုကို ကိုရီးယားနိုင်ငံက ငွေကြေးအကုန်အကျခံမည့် အပြင် ၄င်းတို့၏ နည်းပညာအတိုင်း တည်ဆောက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ မြေနေရာသာ စီစဉ်ပေးရမည်ဖြစ်သည်။

အစိုးရမှ ခွင့်ပြုချက်ရရှိပါက တည်ဆောက်ရေး လုပ်ငန်းများကို စတင်မည်ဖြစ်ပြီး ၂ဝ၂ဝ ပြည့် နှစ်တွင် ပညာသင်ကြားရေး လုပ်ငန်းများစတင် နိုင်ရန် စီစဉ်ထားကြောင်းသိရသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: မြ၀တီ

News Read 2686 times