Sales Hotline : 09448001653       Download App



ပြည်ပမှာ ပညာတော်သင် သွားဖို့အကောင်းဆုံးမြို့များ

ပြည်ပမှာ ပညာတော်သင် သွားဖို့အကောင်းဆုံးမြို့များ

မကြာသေးမီကမှ ထုတ်ပြန်ထားတဲ့ QS Best Student Cities 2018 မှာ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ကျောင်းသားတစ်ယောက်အဖြစ်နေထိုင်လို့ အကောင်းဆုံးမြို့ပေါင်း ၁၀ ကို ဖော်ပြထားပါတယ်။

ဒီ Ranking မှာ ပါတဲ့ ညွှန်းကိန်းတွေကတော့ တက္ကသိုလ်များ၏ International Ranking (University Ranking) ၊ မြို့နေလူဦးရေနှင့် ပြည်တွင်းပြည်ပကျောင်းသား တက်ရောက်မှုအချိုးအစား (Student Mix)၊ မြို့၏နှစ်လိုဖွယ်ကောင်းမှု (Desirablity)၊ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ၏ ဘွဲ့ရများအားခန့်အပ်မှုအတိုင်းအတာ (Employer Activity)၊ ကျောင်းသားများနှင့် မိသားစုဝင်များအတွက် စရိတ်စက သက်သာမှု (Affordability)၊ ကျောင်းသားများ၏ အတွေ့အကြုံ (Student View) တို့ဖြစ်ပါတယ်။

ဒ်ီနှစ်မှာ ဘယ်မြို့တွေ Top Ten ၀င်လဲ ဘာကြောင့်ဝင်လဲသိချင်ရင် ဆက်ဖတ်ကြည့်ပါနော်။

ကိုယ့်ဘာသာ အရင်စိတ်ကူးခန့်မှန်းလို့ရအောင် (၁) ကနေမစပဲ Countdown သွားပါမယ်။

၁၀။ ဆိုးလ် (Seoul)

ဒီနှစ်ရဲ့ အကောင်းဆုံးကျောင်းသားမြို့တော်အဖြစ် အဆင့် ၁၀ မှာချိတ်ပါတယ်။ တောင်ကိုးရီးယားမြို့တော် ဆိုးလ်က သူ့ရဲ့ University Rankings နဲ့ Employer Activity မြင့်မားမှုကြောင့် Top Ten ၀င်တာပဲဖြစ်ပါတယ်။

ဆိုးလ်က ရှေ့ပြေး Global City အဖြစ် သတ်မှတ်ခံထားရပြီး သူ့ရဲ့ အဆင့်အတန်းမြင့် နည်းပညာ၊ ပျော်စရာ Nightlife ၊ K-pop နဲ့ မြို့ရဲ့ 24/7 မပြတ်တဲ့ စည်ကားသိုက်မြိုက်မှုတွေကြောင့် ကျော်ကြားပါတယ်။

၉။ ဆစ်ဒနီ (Sydney)

ကျောင်းသားတွေအတွက် အကောင်းဆုံးမြို့အဖြစ် အဆင့် ၁၃ ကနေ ၉ ကိုကျော်တက်လာတဲ့ ဆစ်ဒနီမြို့ကတော့ သူ့ရဲ့ လူနေမှုအဆင့်အတန်း မြင့်မားမှု၊ အဆင့်အတန်းမြင့်မားတဲ့ ကမ်းခြေများနဲ့ လူတွေရဲ့ သက်တောင့်သက်သာ ဘ၀နေထိုင်မှုပုံစံများကြောင့် အများထင်တဲ့အတိုင်းပဲ နှစ်လိုဖွယ်အကောင်းဆုံးမြို့တွေထဲကတစ်ခု ဖြစ်ပါတယ် (Desirability က ၄ နေရာမြောက်မှာ ရှိနေပါတယ်)။

Student Mix ညွှန်းကိန်းကတော့ Melbourne ပြီးရင် ဒုတိယမြောက်မှာရှိနေပြီး Diverse အဖြစ်ဆုံးမြို့ထဲမှာလည်း ပါဝင်နေပါတယ်။ ပြီးတော့ Student View ညွှန်းကိန်းမှာ ၂၉ နေရာကနေ ၁၄ နေရာကို ရောက်ရှိလာပါတယ်။

၈။ ဇူးရစ်ခ် (Zurich)

ဒီနှစ်မှ Top Ten ၀င်လာတာကတော့ ဆွစ်ဇလန်ရဲ့ အကြီးဆုံးမြို့တော် ဇူးရစ်ခ်ဖြစ်ပြီး အဆင့် ၁၅ ကနေ ၈ နေရာကို ခုန်တက်လာတာ ဖြစ်ပါတယ်။

နှင်းတောင်တန်းတွေနဲ့ဝန်းရံထားတဲ့ ဇူးရစ်ခ်ရေကန်ရဲ့ မြောက်ဘက်ပိုင်းမှာရှိတဲ့  စွဲမက်ဖွယ်ကောင်းတဲ့ သောင်ကမ်းစပ်နေရာလေးက မြို့ကိုပိုတင့်တယ်စေပြီး ကမ္ဘာ့လူနေမှုအဆင့်အတန်း အမြင့်မားဆုံးမြို့တော်တွေထဲကတစ်ခုအဖြစ် စဉ်ဆက်မပြတ် သတ်မှတ်ခံလာရတာဖြစ်ပါတယ်။

ကံမကောင်းစွာပဲ ဇူးရစ်ခ်မှာ နေထိုင်မှုစရိတ်တွေ အဆမတန်မြင့်မားတယ်ဆိုပေမယ့် ကျောင်းသားတွေအတွက် ပေးရတာနဲ့တန်ပါတယ်။

၇။ ဘာလင် (Berlin)

ဒီနှစ် Ranking မှာ အဆင့် ၇ ကိုရောက်လာတဲ့ ဂျာမနီရဲ့မြို့တော်ဘာလင်က ဥရောပရဲ့ အလန်းဆုံးမြို့ပြများအဖြစ် ကြီးပွားနေပါတယ်။

ပြီးတော့ ဒီနှစ် Student View ရဲ့ ၈ နေရာမြောက်မှာ ရပ်တည်နေပြီး ကျောင်းသားများအကြား ရေပန်းစားမှုလည်း ဆက်လက်မြင့်တက်လာနေပါတယ်။

မြူးနစ်ခ် (Munich) ထက်စာရင် နေထိုင်မှုစရိတ်စကနည်းပါးမှုနဲ့ မည့်သည့်နိုင်ငံသားမဆို အခမဲ့ကျောင်းတက်နိုင်တာတွေကြောင့် Affordability မှာဆိုရင် Top Ten မြို့တွေထဲ အမှတ်အများဆုံး ရရှိထားပါတယ်။

QS World University Ranking 2018 မှာ အဆင့် ၁၂၀ ရှိတဲ့ Humboldt-Universität zu Berlin အပါအ၀င် ဂျာမနီရဲ့ အကောင်းဆုံးတက္ကသိုလ်တွေက ဘာလင်မြို့မှာရှိနေတာပဲ ဖြစ်ပါတယ်။

၆။ မြူးနစ်ခ် (Munich)

ဂျာမနီချင်းတူတူတောင် ဘာလင်မြို့ကိုကျော်ပြီး အကောင်းဆုံးကျောင်းသားမြို့အဖြစ် အဆင့် ၆ နေရာမှာ ရှိနေတာကတော့ မြူးနစ်ခ်မြို့ပဲ ဖြစ်ပါတယ်။

Student View မှာ အရင် ၂၄ နေရာမှာ ရှိနေရာက ပျော်စရာကောင်းတဲ့ ဘာဗေးရီးယန်း (Bavarian) ယဉ်ကျေးမှုကိုချစ်မြတ်နိုးတဲ့ ကျောင်းသားတွေအကြား ဒုတိယနေရာကို ရောက်လာတာကတော့ အထင်ကြီးလောက်စရာပဲ ဖြစ်ပါတယ်။

မြူးနစ်ခ်ရဲ့ စီးပွားရေးအခြေအနေ ကောင်းမွန်မှုတွေကလည်း ကျောင်းသားတွေကို ဆွဲဆောင်ထားပါသေးတယ်။

၅။ ပဲရစ် (Paris)

ပြင်သစ်ရဲ့မြို့တော် ပဲရစ်ကတော့ ၂၀၁၇ အထိ လေးနှစ်ဆက်တိုက် နံပါတ် ၁ နေရာမှာ ရှိနေခဲ့ပေမယ့် ၂၀၁၈ မှာတော့ အဆင့် ၅ နေရာကို ကျသွားပါတယ်။

ကမ္ဘာ့အဆင့် ၄၃ ရှိတဲ့ ENS Paris အပါအ၀င် တခြားနိုင်ငံတကာအဆင့်မီ တက္ကသိုလ်ပေါင်း ၁၈ ခု ရှိတာကြောင့် University Rankings ညွှန်းကိန်းမှာတော့ လန်ဒန်ပြီးရင် ဒုတိယမြောက်နေရာမှာ ရပ်တည်နေပါတယ်။

ပညာရေးနဲ့အတွေးအခေါ်တို့ရဲ့ ဗဟိုချက်အဖြစ် “City of Light” လို့ တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ ပဲရစ်က နေထိုင်ရေးအတွက် ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ နေရာတစ်ခုဖြစ်တဲ့အပြင် ကြွယ်ဝချမ်းသာပြီးရွှင်ပျတဲ့ ယဉ်ကျေးမှုနဲ့ အစားအစာတို့လည်း ပေးစွမ်းပါတယ်။

၎။ မွန်ထရီရယ် (Montréal)

မွန်ထရီရယ်ကတော့ ဒီနှစ်ရဲ့ ကျောင်းသားများအတွက်အကောင်းဆုံးမြို့ Ranking မှာ နံပါတ် ၁ ကနေ ၄ နေရာကို ကျသွားပေမယ့် Student View ညွှန်းကိန်းမှာတော့ (ကနေဒါမြို့ချင်းတူတူတောင် ကျောင်းသားများအရ ရေပန်းအစားဆုံးမြို့ဖြစ်တဲ့ အော်တ၀ါ (Ottawa) ကို ကျော်တက်ပြီး) နံပါတ် ၁ နေရာကို ခုန်တက်လာခဲ့ပါတယ်။

ကျောင်းသားတွေကို Survey လုပ်ထားချက်အရ ဒီမြို့လေးက ချီးမွမ်းမှုအများကြီးရရှိထားပြီး ဖြေဆိုသူတစ်ယောက်ဆိုရင် သူ့ကို  “… ဒီမြို့က ယဉ်ကျေး၊ ငယ်ရွယ်ပြီး ရွှင်ပျမှုရှိတယ်။

အကောင်းဆုံးဆိုတဲ့ အစားအစာတွေ ရှိတယ်၊ ဥရောပဆန်တယ်၊ စာလုပ်ဖို့အတွက် ရည်ရွယ်ထားတဲ့ကော်ဖီဆိုင်တွေ အများကြီးရှိပြီး နေရာတိုင်းမှာ ချောမောလှပတဲ့သူတွေနဲ့ ပြည့်နေတယ်လို့” ဆိုပါတယ်။

၃။ မဲလ်ဘွန်းန် (Melbourne)

ဒီနှစ်မှာ တတိယနေရာကိုရောက်လာတဲ့ Melbourne က ပြက္ကဒိန်မှာ ယဉ်ကျေးမှုဆိုင်ရာ Events တွေနဲ့ ပြည့်ကျပ်နေတဲ့ သြစတြေးလျရဲ့ ယဉ်ကျေးမှုမြို့တော်အဖြစ် သိကြပါတယ်။

UNESCO ရဲ့ စာပေမြို့တော်အဖြစ် အသိအမှတ်ပြုခံထားရပြီး Street Art ၊ Music ၊ Theater များရဲ့ ဗဟိုချက်တစ်ခုလည်း ဖြစ်ပါတယ်။

Melbourne က သူ့ရဲ့ ကြီးမားပြီး Diverse ဖြစ်လွန်းတဲ့ ကျောင်းသားထုကြောင့် Student Mix ညွှန်းကိန်းတစ်ခုလုံးမှာ အမြင့်ဆုံးအမှတ်ကို ရရှိထားပါတယ်။

၂။ တိုကျို

တိုကျိုမြို့က ယခင်အဆင့် ၇ မှာရှိနေရာက Employer Activity မှာ တခြားမြို့တွေထက်မြင့်တဲ့ အမှတ်ကိုရရှိထားပြီး ဒုတိယနေရာကို ရောက်ရှိလာပါတယ်။

ကမ္ဘာ့အကြီးဆုံးမြို့ပြစီးပွားရေးကို မောင်းနှင်နေပြီး အဓိကငွေရေးကြေးရေးဆိုင်ရာ စင်တာများရှိတဲ့မြို့တွေထဲကတစ်ခုအဖြစ် ဂုဏ်သတင်းကြီးတဲ့အတွက် Employer Activitiy မြင့်တယ်ဆိုတာ အံ့သြစရာတော့ သိပ်မရှိလှပါဘူး။

ပြီးတော့ Desirability ညွှန်းကိန်းမှာ တော်ရန်တိုမြို့ (Toronto) ပြီးရင် ဒုတိယနေရာမှာ ရပ်တည်နေပြီး Student View မှာဆိုရင်တော့ Top 20 အတွင်းဝင်ပါတယ်။

ကျောင်းသားတစ်ယောက်ကတော့ သူ့ကို “… ခေတ်ရှေ့ပြေးတဲ့မြု့တစ်မြို့၊ လုံလည်းလုံခြုံတယ်၊ ပြီးရင် လှလည်းလှပတယ်” လို့ဆိုပါတယ်။

၁။ လန်ဒန်

နောက်ဆုံးမှာတော့ ပြည်ပမှာပညာသင်ဖို့အကောင်းဆုံးမြို့တွေထဲ ဗြိတိန်ရဲ့မြို့တော် လန်ဒန်က နံပါတ် ၁ နေရာကို ရရှိထားပြီး ၂၀၁၈ ကျမှ QS Best Student Cities မှာ ပထမဆုံးအဖြစ် ထိပ်ဆုံးကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

နိုင်ငံတကာအဆင့်မီတက္ကသိုလ်ပေါင်း ၁၉ ခု ရှိနေတဲ့ လန်ဒန်က University Rankings မှာလည်း ပထမနေရာကို ရယူထားပါတယ်။

အဲ့ထဲက နှစ်ခုကတော့ ကမ္ဘာ့ Top Ten အဆင့်ဝင်တွေဖြစ်တဲ့ UCL (University College London) နဲ့ Imperial College London (အဆင့် ၇ နဲ့ ၈ အသီးသီး ရရှိထားပါတယ်) တို့ပဲ ဖြစ်ပါတယ်။ 

ကျောင်းသားတွေအတွက်တော့ လန်ဒန်ရဲ့ Diverse ဖြစ်မှုက ဆွဲဆောင်မှုတစ်ခုဖြစ်ပြီး Student Mix ညွှန်းကိန်းမှာ Top Ten ၀င်ထားပါတယ် (နေထိုင်တဲ့ လူဦးရေသန်းပေါင်း ၁၃.၈ သန်းရဲ့ ၁.၈% က ကျောင်းသားတွေဖြစ်ပြီး ၄၁% သော ကျောင်းသားထုက ဗြိတိန်ပြင်ပက လာကြတာဖြစ်ပါတယ်)။

ဒါပေမယ့် ဒီနှစ်မှာ နံပါတ် ၁ နေရာကိုရောက်လာတာက သူ့ရဲ့ Student View ညွှန်းကိန်း တက်လာလို့ ဖြစ်ပါလိမ့်မယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ဗြိတိန်အနေနဲ့ EU ကနေ ထွက်လိုက်တာတောင် (Brexit) လန်ဒန်မြို့က ဆက်လက်ရေပန်းစားနေတုန်းပဲဆိုတာကို ပြသနေပါတယ်။ 

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။



Source: TopUniversities

ကာသေးမီကမှ ထုတ်ပြန်ထားတဲ့ QS Best Student Cities 2018 မှာ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ကျောင်းသားတစ်ယောက်အဖြစ်နေထိုင်လို့ အကောင်းဆုံးမို့ပေါင်း ၁၀ ကို ဖော်ပြထားပါတယ်။

 

ဒီ Ranking မှာ ပါတဲ့ ညွှန်းကိန်းတွေကတော့ တက္ကသိုလ်များ၏ International Ranking (University Ranking) မို့နေလူဦးရေနှင့် ပြည်တွင်းပြည်ပကျောင်းသား တက်ရောက်မှုအချိုးအစား (Student Mix)မို့၏နှစ်လိုဖွယ်ကောင်းမှု (Desirablity)၊ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ၏ ဘွဲ့ရများအားခန့်အပ်မှုအတိုင်းအတာ (Employer Activity)၊ ကျောင်းသားများနှင့် မိသားစုဝင်များအတွက် စရိတ်စက သက်သာမှု (Affordability)၊ ကျောင်းသားများ၏ အတွေ့အကုံ (Student View) တို့ဖြစ်ပါတယ်။ ဒ်ီနှစ်မှာ ဘယ်မြို့တွေ Top Ten ၀င်လဲ ဘာကြောင့်ဝင်လဲသိချင်ရင် ဆက်ဖတ်ကြည့်ပါနော်။

 

ကိုယ့်ဘာသာ အရင်စိတ်ကူးခန့်မှန်းလို့ရအောင် () ကနေမစပဲ Countdown သွားပါမယ်။

 

၁၀။ ဆိုးလ် (Seoul)

 

ဒီနှစ်ရဲ့ အကောင်းဆုံးကျောင်းသားမို့တော်အဖြစ် အဆင့် ၁၀ မှာချိတ်ပါတယ်။ တောင်ကိုးရီးယားမို့တော် ဆိုးလ်က သူ့ရဲ့ University Rankings နဲ့ Employer Activity မြင့်မားမှုကြောင့် Top Ten ၀င်တာပဲဖြစ်ပါတယ်။

 

ဆိုးလ်က ရှေ့ပြေး Global City အဖြစ် သတ်မှတ်ခံထားရပီး သူ့ရဲ့ အဆင့်အတန်းမြင့် နည်းပညာ၊ ပျော်စရာ Nightlife K-pop နဲ့ မို့ရဲ့ 24/7 မပြတ်တဲ့ စည်ကားသိုက်မိုက်မှုတွေကြောင့် ကျော်ကြားပါတယ်။

 

၉။ ဆစ်ဒနီ (Sydney)

 

ကျောင်းသားတွေအတွက် အကောင်းဆုံးမို့အဖြစ် အဆင့် ၁၃ ကနေ ၉ ကိုကျော်တက်လာတဲ့ ဆစ်ဒနီမို့ကတော့ သူ့ရဲ့ လူနေမှုအဆင့်အတန်း မြင့်မားမှု၊ အဆင့်အတန်းမြင့်မားတဲ့ ကမ်းခြေများနဲ့ လူတွေရဲ့ သက်တောင့်သက်သာ ဘ၀နေထိုင်မှုပုံစံများကြောင့် အများထင်တဲ့အတိုင်းပဲ နှစ်လိုဖွယ်အကောင်းဆုံးမြို့တွေထဲကတစ်ခု ဖြစ်ပါတယ် (Desirability က ၄ နေရာမြောက်မှာ ရှိနေပါတယ်)

 

Student Mix ညွှန်းကိန်းကတော့ Melbourne ပီးရင် ဒုတိယမြောက်မှာရှိနေပီး Diverse အဖြစ်ဆုံးမို့ထဲမှာလည်း ပါဝင်နေပါတယ်။ ပီးတော့ Student View ညွှန်းကိန်းမှာ ၂၉ နေရာကနေ ၁၄ နေရာကို ရောက်ရှိလာပါတယ်။

 

၈။ ဇူးရစ်ခ် (Zurich)

 

ဒီနှစ်မှ Top Ten ၀င်လာတာကတော့ ဆွစ်ဇလန်ရဲ့ အကီးဆုံးမို့တော် ဇူးရစ်ခ်ဖြစ်ပီး အဆင့် ၁၅ ကနေ ၈ နေရာကို ခုန်တက်လာတာ ဖြစ်ပါတယ်။

 

နှင်းတောင်တန်းတွေနဲ့ဝန်းရံထားတဲ့ ဇူးရစ်ခ်ရေကန်ရဲ့ မြောက်ဘက်ပိုင်းမှာရှိတဲ့ စွဲမက်ဖွယ်ကောင်းတဲ့ သောင်ကမ်းစပ်နေရာလေးက မို့ကိုပိုတင့်တယ်စေပီး ကမ္ဘာ့လူနေမှုအဆင့်အတန်း အမြင့်မားဆုံးမြို့တော်တွေထဲကတစ်ခုအဖြစ် စဉ်ဆက်မပြတ် သတ်မှတ်ခံလာရတာဖြစ်ပါတယ်။

 

ကံမကောင်းစွာပဲ ဇူးရစ်ခ်မှာ နေထိုင်မှုစရိတ်တွေ အဆမတန်မြင့်မားတယ်ဆိုပေမယ့် ကျောင်းသားတွေအတွက် ပေးရတာနဲ့တန်ပါတယ်။

 

၇။ ဘာလင် (Berlin)

 

ဒီနှစ် Ranking မှာ အဆင့် ၇ ကိုရောက်လာတဲ့ ဂျာမနီရဲ့မို့တော်ဘာလင်က ဥရောပရဲ့ အလန်းဆုံးမို့ပြများအဖြစ် ကီးပွားနေပါတယ်။

 

ပီးတော့ ဒီနှစ် Student View ရဲ့ ၈ နေရာမြောက်မှာ ရပ်တည်နေပီး ကျောင်းသားများအကြား ရေပန်းစားမှုလည်း ဆက်လက်မြင့်တက်လာနေပါတယ်။

 

မူးနစ်ခ် (Munich) ထက်စာရင် နေထိုင်မှုစရိတ်စကနည်းပါးမှုနဲ့ မည့်သည့်နိုင်ငံသားမဆို အခမဲ့ကျောင်းတက်နိုင်တာတွေကြောင့် Affordability မှာဆိုရင် Top Ten မြို့တွေထဲ အမှတ်အများဆုံး ရရှိထားပါတယ်။

 

QS World University Ranking 2018 မှာ အဆင့် ၁၂၀ ရှိတဲ့ Humboldt-Universität zu Berlin အပါအ၀င် ဂျာမနီရဲ့ အကောင်းဆုံးတက္ကသိုလ်တွေက ဘာလင်မို့မှာရှိနေတာပဲ ဖြစ်ပါတယ်။

 

၆။ မြူးနစ်ခ် (Munich)

 

ဂျာမနီချင်းတူတူတောင် ဘာလင်မို့ကိုကျော်ပီး အကောင်းဆုံးကျောင်းသားမို့အဖြစ် အဆင့် ၆ နေရာမှာ ရှိနေတာကတော့ မြူးနစ်ခ်မို့ပဲ ဖြစ်ပါတယ်။

 

Student View မှာ အရင် ၂၄ နေရာမှာ ရှိနေရာက ပျော်စရာကောင်းတဲ့ ဘာဗေးရီးယန်း (Bavarian) ယဉ်ကျေးမှုကိုချစ်မြတ်နိုးတဲ့ ကျောင်းသားတွေအကြား ဒုတိယနေရာကို ရောက်လာတာကတော့ အထင်ကီးလောက်စရာပဲ ဖြစ်ပါတယ်။

 

မူးနစ်ခ်ရဲ့ စီးပွားရေးအခြေအနေ ကောင်းမွန်မှုတွေကလည်း ကျောင်းသားတွေကို ဆွဲဆောင်ထားပါသေးတယ်။

 

၅။ ပဲရစ် (Paris)

 

ပြင်သစ်ရဲ့မို့တော် ပဲရစ်ကတော့ ၂၀၁၇ အထိ လေးနှစ်ဆက်တိုက် နံပါတ် ၁ နေရာမှာ ရှိနေခဲ့ပေမယ့် ၂၀၁၈ မှာတော့ အဆင့် ၅ နေရာကို ကျသွားပါတယ်။

 

ကမ္ဘာ့အဆင့် ၄၃ ရှိတဲ့ ENS Paris အပါအ၀င် တခြားနိုင်ငံတကာအဆင့်မီ တက္ကသိုလ်ပေါင်း ၁၈ ခု ရှိတာကြောင့် University Rankings ညွှန်းကိန်းမှာတော့ လန်ဒန်ပီးရင် ဒုတိယမြောက်နေရာမှာ ရပ်တည်နေပါတယ်။

 

ပညာရေးနဲ့အတွေးအခေါ်တို့ရဲ့ ဗဟိုချက်အဖြစ် “City of Light” လို့ တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ ပဲရစ်က နေထိုင်ရေးအတွက် ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ နေရာတစ်ခုဖြစ်တဲ့အပြင် ကြွယ်ဝချမ်းသာပီးရွှင်ပျတဲ့ ယဉ်ကျေးမှုနဲ့ အစားအစာတို့လည်း ပေးစွမ်းပါတယ်။

 

၎။ မွန်ထရီရယ် (Montréal)

 

မွန်ထရီရယ်ကတော့ ဒီနှစ်ရဲ့ ကျောင်းသားများအတွက်အကောင်းဆုံးမို့ Ranking မှာ နံပါတ် ၁ ကနေ ၄ နေရာကို ကျသွားပေမယ့် Student View ညွှန်းကိန်းမှာတော့ (ကနေဒါမို့ချင်းတူတူတောင် ကျောင်းသားများအရ ရေပန်းအစားဆုံးမို့ဖြစ်တဲ့ အော်တ၀ါ (Ottawa) ကို ကျော်တက်ပီး) နံပါတ် ၁ နေရာကို ခုန်တက်လာခဲ့ပါတယ်။

 

ကျာင်းသားတွေကို Survey လုပ်ထားချက်အရ ဒီမို့လေးက ချီးမွမ်းမှုအများကီးရရှိထားပီး ဖြေဆိုသူတစ်ယောက်ဆိုရင် သူ့ကို “… ဒီမို့က ယဉ်ကျေး၊ ငယ်ရွယ်ပီး ရွှင်ပျမှုရှိတယ်။

 

အကောင်းဆုံးဆိုတဲ့ အစားအစာတွေ ရှိတယ်၊ ဥရောပဆန်တယ်၊ စာလုပ်ဖို့အတွက် ရည်ရွယ်ထားတဲ့ကော်ဖီဆိုင်တွေ အများကီးရှိပီး နေရာတိုင်းမှာ ချောမောလှပတဲ့သူတွေနဲ့ ပြည့်နေတယ်လို့” ဆိုပါတယ်။

 

၃။ မဲလ်ဘွန်းန် (Melbourne)

 

ဒီနှစ်မှာ တတိယနေရာကိုရောက်လာတဲ့ Melbourne က ပြက္ကဒိန်မှာ ယဉ်ကျေးမှုဆိုင်ရာ Events တွေနဲ့ ပြည့်ကျပ်နေတဲ့ သြစတြေးလျရဲ့ ယဉ်ကျေးမှုမို့တော်အဖြစ် သိကြပါတယ်။

 

UNESCO ရဲ့ စာပေမို့တော်အဖြစ် အသိအမှတ်ပြုခံထားရပီး Street Art Music Theater များရဲ့ ဗဟိုချက်တစ်ခုလည်း ဖြစ်ပါတယ်။

 

Melbourne က သူ့ရဲ့ ကီးမားပီး Diverse ဖြစ်လွန်းတဲ့ ကျောင်းသားထုကြောင့် Student Mix ညွှန်းကိန်းတစ်ခုလုံးမှာ အမြင့်ဆုံးအမှတ်ကို ရရှိထားပါတယ်။

 

၂။ တိုကျို

တိုကျိုမို့က ယခင်အဆင့် ၇ မှာရှိနေရာက Employer Activity မှာ တခြားမို့တွေထက်မြင့်တဲ့ အမှတ်ကိုရရှိထားပီး ဒုတိယနေရာကို ရောက်ရှိလာပါတယ်။

 

ကမ္ဘာ့အကီးဆုံးမို့ပြစီးပွားရေးကို မောင်းနှင်နေပီး အဓိကငွေရေးကြေးရေးဆိုင်ရာ စင်တာများရှိတဲ့မို့တွေထဲကတစ်ခုအဖြစ် ဂုဏ်သတင်းကီးတဲ့အတွက် Employer Activitiy မြင့်တယ်ဆိုတာ အံ့သြစရာတော့ သိပ်မရှိလှပါဘူး။

 

ပီးတော့ Desirability ညွှန်းကိန်းမှာ တော်ရန်တိုမို့ (Toronto) ပီးရင် ဒုတိယနေရာမှာ ရပ်တည်နေပီး Student View မှာဆိုရင်တော့ Top 20 အတွင်းဝင်ပါတယ်။

 

ကျာင်းသားတစ်ယောက်ကတော့ သူ့ကို “… ခေတ်ရှေ့ပြေးတဲ့မြု့တစ်မို့၊ လုံလည်းလုံခုံတယ်၊ ပီးရင် လှလည်းလှပတယ်” လို့ဆိုပါတယ်။

 

၁။ လန်ဒန်

 

နောက်ဆုံးမှာတော့ ပြည်ပမှာပညာသင်ဖို့အကောင်းဆုံးမို့တွေထဲ ဗိတိန်ရဲ့မို့တော် လန်ဒန်က နံပါတ် ၁ နေရာကို ရရှိထားပီး ၂၀၁၈ ကျမှ QS Best Student Cities မှာ ပထမဆုံးအဖြစ် ထိပ်ဆုံးကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

 

နိုင်ငံတကာအဆင့်မီတက္ကသိုလ်ပေါင်း ၁၉ ခု ရှိနေတဲ့ လန်ဒန်က University Rankings မှာလည်း ပထမနေရာကို ရယူထားပါတယ်။

 

အဲ့ထဲက နှစ်ခုကတော့ ကမ္ဘာ့ Top Ten အဆင့်ဝင်တွေဖြစ်တဲ့ UCL (University College London) နဲ့ Imperial College London (အဆင့် ၇ နဲ့ ၈ အသီးသီး ရရှိထားပါတယ်) တို့ပဲ ဖြစ်ပါတယ်။

 

ကျောင်းသားတွေအတွက်တော့ လန်ဒန်ရဲ့ Diverse ဖြစ်မှုက ဆွဲဆောင်မှုတစ်ခုဖြစ်ပီး Student Mix ညွှန်းကိန်းမှာ Top Ten ၀င်ထားပါတယ် (နေထိုင်တဲ့ လူဦးရေသန်းပေါင်း ၁၃.၈ သန်းရဲ့ ၁.% က ကျောင်းသားတွေဖြစ်ပီး ၄၁% သော ကျောင်းသားထုက ဗြိတိန်ပြင်ပက လာကြတာဖြစ်ပါတယ်)

 

ဒါပေမယ့် ဒီနှစ်မှာ နံပါတ် ၁ နေရာကိုရောက်လာတာက သူ့ရဲ့ Student View ညွှန်းကိန်း တက်လာလို့ ဖြစ်ပါလိမ့်မယ်။

 

ဒါကိုကြည့်ခြင်းအားဖြင့် ဗိတိန်အနေနဲ့ EU ကနေ ထွက်လိုက်တာတောင် (Brexit) လန်ဒန်မြို့က ဆက်လက်ရေပန်းစားနေတုန်းပဲဆိုတာကို ပြသနေပါတယ်။

 

Source: TopUniversities

 

 

International/Private Read 3270 times