Sales Hotline : 09448001653       Download App



ဝင်ခွင့်တိုက်ရိုက်ခေါ်သည့် တက္ကသိုလ် ၁၁ ခု စက်တင်ဘာ ၁၇ ရက်တွင် ၀င်ခွင့်ရစာရင်း ကြေညာမည်

ဝင်ခွင့်တိုက်ရိုက်ခေါ်သည့် တက္ကသိုလ် ၁၁ ခု စက်တင်ဘာ ၁၇ ရက်တွင် ၀င်ခွင့်ရစာရင်း ကြေညာမည်

တက္ကသိုလ်ဝင်ခွင့် တိုက်ရိုက်ခေါ်သည့် ရန်ကုန်နှင့် မန္တလေးရှိ တက္ကသိုလ် ၁၁ ခု ၏ ၀င်ခွင့်ရစာရင်းကို စက်တင်ဘာ ၁၇ ရက်တွင် ကြေညာမည် ဖြစ်သည်။

တက္ကသိုလ် ၁၁ ခု

1. ရန်ကုန်တက္ကသိုလ်

2. ရန်ကုန်နည်းပညာတက္ကသိုလ်

3. သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် (ရန်ကုန်)

4. ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်

5. ရန်ကုန်စီးပွားရေးတက္ကသိုလ်

6. ရန်ကုန်ပညာရေးတက္ကသိုလ်

7. မန္တလေးတက္ကသိုလ်

8. မန္တလေးနည်းပညာတက္ကသိုလ်

9. မန္တလေးကွန်ပျူတာတက္ကသိုလ်

10. မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်

11. နည်းပညာတက္ကသိုလ် (မန္တလေး) တို့၏ ၀င်ခွင့်ရစာရင်းကို စက်တင်ဘာ ၁၇ ရက်တွင် ကြေညာမည်ဖြစ်ပြီး ထိုရက်တွင် ကျောင်းအပ်စတင်လက်ခံမည် ဖြစ်သည်။

တိုက်ရိုက်ခေါ်သည့် တက္ကသိုလ် ၁၁ ခုတွင် တက်ရောက်ခွင့်ရသူများ သတ်မှတ်ရက်အတွင်း ကျောင်းမအပ်ပါက တက်ရောက်ခွင့်မပြုဟု ကြေညာထားသည်။

ယင်းတက္ကသိုလ် ၁၁ ခုသို့ ၀င်ခွင့်ရသူများကို စက်တင်ဘာ ၁၇ ရက်မှ အောက်တိုဘာ ၁၇ ရက်အထိ ကျောင်းအပ်လက်ခံမည် ဖြစ်သည်။

ထိုတက္ကသိုလ် ၁၁ ခုသို့ တက်ရောက်လိုသူများကို ဇွန်လ ၁၅ ရက်မှ ဇူလိုင် ၁၅ ရက်အထိ ၀င်ခွင့်လျှောက်လွှာများ ခေါ်ယူခဲ့သည်။

ယင်းတက္ကသိုလ်များအနက် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် မန္တလေး နိုင်ငံခြား ဘာသာတက္ကသိုလ်တို့က ၀င်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲရမှတ် သတ်မှတ်ထားသည့်အပြင် ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၈ ရက်အထိ လူတွေ့နှုတ်ဖြေများပါ စစ်ဆေးခဲ့သည်။

ဝင်ခွင့်တိုက်ရိုက်ခေါ်သည့် တက္ကသိုလ်များမှလွဲ၍ အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ဝင်ခွင့်စိစစ်ရေးအဖွဲ့သို့ လျှောက်ထားရသည့် တက္ကသိုလ်များ၏ ၀င်ခွင့်ရစာရင်းကို အဆင့်မြင့်ပညာဦးစီးဌာနမက နိုဝင်ဘာလအတွင်း ကြေညာရန် လျာထားသည်ဟု ပြောကြားထားသည်။

၂၀၁၈-၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်ပထမနှစ်သင်တန်းများ ကို ဒီဇင်ဘာ ၃ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day

News Read 16094 times