Sales Hotline : 09448001653       Download App



ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆)ခုက ၂၀၁၈ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ ဆေးတက္ကသိုလ်သို့ လျှောက်ထားနိုင်

ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆)ခုက ၂၀၁၈ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ ဆေးတက္ကသိုလ်သို့ လျှောက်ထားနိုင်

၁။နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ(၆)ခု (နာဂ၊ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ) တို့မှ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်များသို့ အောက်ပါ အရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်။

၂။ လိုအပ်သောအရည်အချင်း

(က) ဝင်ခွင့်လျှောက်ထားချိန်တွင် လျှောက်ထားသူနှင့် ၎င်း၏မိဘ(၂)ဦးစလုံးသည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (နိုင်)၊ (ပြု)၊ (ဧည့်) ကိုင်ဆောင်ထားသူ ဖြစ်ရမည်။

(ခ) နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့်လူမှုရေး ခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ (နာဂ၊ ဓနု၊ ပအိုဝ်း၊ပလောင်၊ ကိုးကန့်၊ ဝ)တွင် အမြဲနေထိုင်သူဖြစ်ရမည်။

(ဂ) ၂၀၁၈-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊  ရူပဗေဒ၊ ဇီဝဗေဒဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်။

(ဃ) အခြေခံပညာသင်တန်း(၈-တန်း၊ ၉-တန်း၊ ၁၀-တန်း) များကို ၎င်းဒေသများတွင် ဆက်တိုက်ပညာသင်ကြားခဲ့ပြီး ၎င်းဒေသများမှပင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ဖြစ်ရမည်။

 မှတ်ချက်။ အပိုဒ်(ခ)ပါဒေသများတွင်နေထိုင်သော်လည်း အခြေခံပညာ အထက်တန်းကျောင်းမရှိခြင်း၊ စာစစ်ဌာနမရှိခြင်း၊ အခြေခံပညာအထက်တန်းကျောင်းရှိသော် လည်း သိပ္ပံဘာသာတွဲ သင်ကြားနိုင်မှုမရှိခြင်းတို့ကြောင့် အနီးစပ်ဆုံးမြို့နယ်ရှိ အထက် တန်းကျောင်းများမှ အောင်မြင်သော ကျောင်းသားများအား (၈-တန်း၊ ၉-တန်း၊ ၁၀-တန်း)ကို ခက်ခဲဒေသတွင် (၃) နှစ်ဆက်တိုက် တက်ရောက်ခဲ့ခြင်းမရှိသော်လည်း ခြွင်းချက်ဖြင့် စဉ်းစားမည်။

 ၃။ လျှောက်လွှာနှင့်အတူ အောက်ပါအချက်များကို ပူးတွဲတင်ပြရမည်။

(က) မြန်မာနိုင်ငံစာစစ်အဖွဲ့မှထုတ်ပေးသည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ရမှတ် စာရင်း (မူရင်း)(၁)စောင် ၊

(ခ) ၎င်းဒေသရှိ ကျောင်း၌ (၃) နှစ်ဆက်တိုက် တက်ရောက်ခဲ့သူဖြစ်ကြောင်းနှင့် တက္ကသိုလ်ဝင် စာမေးပွဲအား ၎င်းဒေသရှိ စာစစ်ဌာနမှ အောင်မြင်သူဖြစ်ကြောင်း သက်ဆိုင်ရာအခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး၏ထောက်ခံချက် နှင့် မြို့နယ်ပညာရေးမှူးတို့၏ထောက်ခံချက်။

(ဂ) အိမ်ထောင်စုစာရင်းဇယားမိတ္တူနှင့် ၎င်းဒေသတွင် (၃)နှစ်ဆက်တိုက်နေထိုင်သူဖြစ်ကြောင်း သက်ဆိုင်ရာဒေသ အာဏာပိုင်များ၏ ထောက်ခံချက်။

(ဃ) လျှောက်ထားသူနှင့် မိဘ(၂)ပါးစလုံးတို့၏ နိုင်ငံသားစိစစ်ရေး ကတ်မိတ္တူများ

(င) (၆)လအတွင်း ရိုက်ကူးထားသည့် လိုင်စင်အရွယ်ရောင်စုံဓာတ်ပုံ(၂)ပုံ ၊

(စ) ဘွဲ့ရရှိပြီးပါက မိမိဒေသတွင် (၅)နှစ်မပျက်မကွက် (မပျက်မကွက်) တာဝန်ထမ်းဆောင်ပါမည်ဟု ကတိပြုဝန်ခံချက်။

မှတ်ချက်။ အထူးအခွင့်အရေးအဖြစ် ဆေးတက္ကသိုလ်သို့ တက်ရောက်ခွင့်ပြုခြင်းဖြစ်သည့်အတွက် တက်ရောက်ခွင့်ရရှိပြီး တက္ကသိုလ်သို့ သင်တန်းလာအပ်ပါက ဘွဲ့ရရှိပြီး နောက် မိမိဒေသတွင်အနည်းဆုံး(၅)နှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ပါမည် ဟု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတာဝန်ခံနှင့် ပြည်နယ်/ တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ရှေ့တွင် လက်မှတ်ရေးထိုးထားသည့် ကတိပြုဝန်ခံချက် တင်ပြရမည်။

၎။ အောက်ဖော်ပြပါ လျှောက်လွှာနမူနာပုံစံအတိုင်း A-4 size ဖြင့် ကွန်ပျူတာရိုက်၍ မိမိ အစီအစဉ်ဖြင့် လျှောက်ထားရန်ဖြစ်ပါသည်။

 ၅။ လျှောက်လွှာများကို ၂၈-၉-၂၀၁၈ ရက် နောက်ဆုံးထား၍ ကျန်းမာရေးလူ့စွမ်းအား အရင်း အမြစ်ဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ နေပြည်တော် တိုက်ရိုက်ပေးပို့လျှောက်ထား ရမည်ဖြစ်သည်။

၆။ လျှောက်လွှာပိတ်ရက်ထက် နောက်ကျရောက်ရှိလာသော လျှောက်လွှာများနှင့် မပြည့်စုံလျှောက်လွှာများအား လုံးဝ(လုံးဝ) ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

၇။ ရောက်ရှိလာသော လျှောက်လွှာများနှင့် အမှတ်စာရင်းများကို စိစစ်၍ ဆေးတက္ကသိုလ်ဝင်ခွင့်ပြုမည်ဖြစ်ပါသည်။

(မှတ်ချက်။ ရွေးချယ်ခြင်းမခံရသူများအား ပြန်လည်အကြောင်းကြားမည်မဟုတ်ပါ)

၈။ ဆေးတက္ကသိုလ်သို့ ဝင်ခွင့်ရရှိသူများသည် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန မှ တက်ရောက်ခွင့်ပြုသည့် ဝင်ခွင့်ရတက္ကသိုလ်တွင်သာ သင်တန်းပြီးဆုံးသည်အထိ တက်ရောက်မည် ဖြစ်သည်။

၉။ အသေးစိတ်သိလိုပါက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ နေပြည်တော်၊ ဖုန်း ၀၆၇-၃၄၁၁၂၃၉ နှင့် ဝ၆၇-၃၄၁၁၁၄၈၊ ၃၄၁၁၁၄၉၊ လိုင်းခွဲ(၈၁၁)သို့ ရုံးချိန်အတွင်း ဆက် စုံစမ်းနိုင်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: ကြေးမှုံ

News Read 6897 times