Sales Hotline : 09448001653       Download App



အသက်မွေးဝမ်းကျောင်း ပညာရပ်များကို တက္ကသိုလ်ကတည်းက အဆင်သင့် လေ့ကျင့်ပြီးဖြစ်အောင် ကြိုးစားရမည်ဟု ဦးဖြိုးမင်းသိန်းပြောကြား

အသက်မွေးဝမ်းကျောင်း ပညာရပ်များကို တက္ကသိုလ်ကတည်းက အဆင်သင့် လေ့ကျင့်ပြီးဖြစ်အောင် ကြိုးစားရမည်ဟု ဦးဖြိုးမင်းသိန်းပြောကြား

အလုပ်ခွင်ထဲရောက်မှ အလုပ်ခွင်သင်တန်း ပြန်တက်နေ ရသည်မျိုး မဟုတ်ဘဲ အသက်မွေး ဝမ်းကျောင်း ပညာရပ်များကို တက္ကသိုလ်ထဲတွင်သာ အဆင် သင့်လေ့ကျင့်ပြီးသားဖြစ်အောင် တက္ကသိုလ်များက ကြိုးစားရမည် ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား သည်။

စက်တင်ဘာ ၃ ရက်က ရန်ကုန်တက္ကသိုလ် (လှိုင်နယ် မြေ) ၌ ကျင်းပသည့် ရွှေအိုရောင် စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားတွင် ၎င်းကအမှာစကား၌ ထည့်သွင်းပြောကြားသည်။

‘‘ကျောင်းသားတွေဟာ ကျောင်းမှာ ပညာသင်ပြီး အလုပ် ခွင်ထဲရောက်မှ အလုပ်ခွင်သင် တန်းပြန်တက်နေရတာမျိုး မ ဟုတ်ဘဲ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို တက္ကသိုလ်ထဲ မှာသာ လေ့ကျင့်ပြီး ကျောင်းပြီးတဲ့ ကျောင်းသူ၊ ကျောင်းသားများကို စီးပွားရေးနယ်ပယ်များ၊ စက်မှုဇုန် များ၊ အလုပ်ခွင်အသီးသီးမှ လို အပ်နေတဲ့သူတွေကို တက္ကသိုလ် များက မွေးထုတ်နေတာမျိုးဖြစ် အောင် ကြိုးစားကြရမှာဖြစ်ပါ တယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ဟို တယ်နှင့် စားသောက်ဆိုင်လုပ် ငန်းများတွင် အလုပ်ပိုမိုလုပ်ကိုင် နေပြီး လာမည့်နှစ်များ၌ စိုက်ပျိုး ရေး၊ ကျန်းမာရေး၊ ငွေကြေးနှင့် စီး ပွားဝန်ဆောင်မှု၊ တည်ဆောက် ရေး၊ လျှပ်စစ်၊ဓာတ်ငွေ့၊ ရေလုပ် ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ စက်ရုံများ၊ သတ္တု၊ စွမ်းအင်၊ သယ် ယူပို့ဆောင်ရေး၊ ဟိုတယ်နှင့်  စားသောက်ဆိုင်များ၊ ပြည်သူ့ဝန် ဆောင်မှုလုပ်ငန်းများနှင့် သက် ဆိုင်သည့် ပညာရပ်ဆိုင်ရာသင် တန်းများကို သက်ဆိုင်ရာ တက္က သိုလ်များက ဦးစားပေးသင်ကြား ရန် သြဂုတ်နောက်ဆုံးပတ်၌ကျင်း ပသည့် ပညာရေးဖွံ့ဖြိုးတိုးတက် မှု အကောင်အထည်ဖော်ရေး နှီး နှောဖလှယ်ပွဲတွင်ဖတ်ကြားသည့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဆင့်စိုး၏ စာတမ်း၌ အကြံပြုထားသည်။

 မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုကို အစိုးရက ဆောင်ရွက်နေပြီး ပညာရေးစနစ် ပြောင်းလဲခြင်း ရည်ရွယ်ချက်များ တွင် ဒီမိုကရေစီပညာရေးစနစ် ဖြစ်အောင် ဆောင်ရွက်နေ ကြောင်းလည်း ရွှေအိုရောင်စာ ကြည့်တိုက်ဖွင့်ပွဲတွင် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသည်။

စာကြည့်တိုက်များကို တက္က သိုလ်ကျောင်းသား၊ ကျောင်းသူ များကြားတွင် ပြန်လည်ရှင်သန် နိုင်စေရန် ဆောင်ရွက်ရမည်ဖြစ် ပြီး တက္ကသိုလ်များ၌ ပညာသင် ကြားနေသည့် ကျောင်းသူ၊ ကျောင်းသားများသည် စာကြည့် တိုက်နှင့် နီးစပ်ရန် ဆရာ၊ဆရာမ များက သင်ကြားပေး၍ ကျောင်း သားများက ပိုမိုကျယ်ပြန့်သည့် လေ့လာမှုများကို စာကြည့်တိုက် များတွင် လေ့လာပြီးလက်တွေ့ခန်းများ၌       ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်ကဆိုသည်။

 ‘‘အခုအချိန်ကာလမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် လည်းဖြစ်၊ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ် အောင်ဆန်းစုကြည်က စာကြည့် တိုက်ယဉ်ကျေးမှု ပြန်လည်ထွန်း ကားနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါ တယ်။ စာကြည့်တိုက်တွေကို တက္ကသိုလ်ကျောင်းသူ၊ ကျောင်း သားတွေကြားမှာ ပြန်ရှင်သန်နိုင် ဖို့ ဆောင်ရွက်သလို ပြည်သူလူထု ကြားမှာလည်း ပြန်ရှင်သန်လာနိုင် ပြီး စာဖတ်တဲ့ အလေ့အကျင့် ကောင်းတွေရဖို့ ကြိုးပမ်းဆောင် ရွက်နေကြတာ ဖြစ်ပါတယ်’’ ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

ရန်ကုန်တက္ကသိုလ် (လှိုင် နယ်မြေ) ကို ၂၀၁၇ ဒီဇင်ဘာက ပြန်လည်ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်ခန့် အကြာတွင် ရွှေအိုရောင်စာကြည့် တိုက်ကို ရန်ကုန်တက္ကသိုလ် (လှိုင် နယ်မြေ) ၌ ဖွင့်လှစ်နိုင်ရန် ရွှေ အိုရောင်ပရဟိတအသင်းနှင့် အ မှတ် (၂) ဒေသကောလိပ်၊ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ) ကျောင်း သား၊ ကျောင်းသူဟောင်းများက လှူဒါန်းခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day daily

News Read 1629 times