Sales Hotline : 09448001653       Download App



တောင်ငူတွင် ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားများ ရေးဆွဲသော ဆော့ဖ်ဝဲ စမ်းသပ်သုံးစွဲ

တောင်ငူတွင် ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားများ ရေးဆွဲသော ဆော့ဖ်ဝဲ စမ်းသပ်သုံးစွဲ

စမ်းသပ်သုံးစွဲတဲ့အဆင့်ပဲရှိပါသေးတယ်၊ ပြင်ဆင်ခိုင်းစရာတွေကိုလည်း ပြင်ဆင်ခိုင်းထားပါတယ်၊ မြေဂရန်လျှောက်ထားမှု စာရင်းဇယားတွေ၊ ၀န်ထမ်းပိုင်းဆိုင်ရာ ကိုယ်ရေးအချက်အလက်တွေကို ရှာဖွေသုံးစွဲလို့ရမယ့် အနေအထားရှိပေမယ့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အကုန်လုံးတော့ သုံးစွဲလို့ ရမယ့် အနေအထားမျိုး မရှိသေးပါဘူး။

တောင်ငူ ကွန်ပျူတာ တက္ကသိုလ် ကျောင်းအုပ်ကြီး၏ ဦးဆောင်အားပေးမှုကြောင့် ကွန်ပျူတာ ထုတ်ကုန်ပြပွဲများကို အကြိမ်ကြိမ် ကျင်းပခဲ့ပြီး တက္ကသိုလ် ကျောင်းသားများ တီထွင်ရေးဆွဲထားသော ကွန်ပျူတာ ဆော့ဖ်ဝဲများကို တောင်ငူမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များကို ပေးအပ်ခဲ့ပါသည်။

အုပ်ချုပ်ရေး ရုံးလုပ်ငန်းများနှင့် သက်ဆိုင်သည့် နည်းပညာ ဆော့ဖ်ဝဲကို တောင်ငူ ကွန်ပျူတာ တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား မောင်စည်သူလင်းထွဋ်က ဦးဆောင်ပြီး ကျောင်းသား၊ ကျောင်းသူ ၇ ယောက် ရေးဆွဲခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလက ကျင်းပခဲ့သော တောင်ငူ ကွန်ပျူတာ တက္ကသိုလ် နည်းပညာ ထုတ်ကုန်ပြပွဲတွင် ထည့်သွင်း ပြသခဲ့ပြီး ထပ်မံ လိုအပ်နေသော အချက်အလက်များကို ပြင်ဆင်ရေးဆွဲပေးမည်ဖြစ်ပါသည်။

မြေပုံစာရင်းတွေ မြေဂရန်လျှောက်ထားမှုတွေနဲ့ အခြားကိန်းဂဏန်းဆိုင်ရာ အချက်အလက်များကို ထည့်သွင်းရေးဆွဲထားပါတယ်။

ထိုဆော့ဖ်ဝဲကို အဖွဲ့ဝင် ခုနှစ်ဦးနဲ့ ကြိုးစားခဲ့ပါသည်။

၂၀၁၆ ခုနှစ်က ကျင်းပခဲ့သော တောင်ငူ ကွန်ပျူတာ တက္ကသိုလ် နည်းပညာထုတ်ကုန်ပြပွဲတွင် ကွန်ပျူတာ တက္ကသိုလ် ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများ တီထွင်ဖန်တီးထားသည့် နည်းပညာ ဆော့ဖ်ဝဲ များစွာကို ထည့်သွင်းပြသခဲ့ပြီး KG တန်းနှင့် ဆိုင်သည့် ထုတ်ကုန်များ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းများတွင် သုံးစွဲနိုင်သည့် ဆော့ဖ်ဝဲများ သာမက ကွန်ပျူတာ ပညာရပ် လေ့လာလိုသူများနှင့် အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် မိုဘိုင်းလဲဖုန်းမှ တစ်ဆင့် လေ့လာနိုင်သည့် Product များကို ပြသခဲ့ပါသည်။

Source: The Voice Weekly

News Read 2789 times