Sales Hotline : 09448001653       Download App



ရုရှားနိုင်ငံမှပို့ချသော သင်တန်းဝက်ဘ်ဆိုက်လိပ်စာများ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ထား

ရုရှားနိုင်ငံမှပို့ချသော သင်တန်းဝက်ဘ်ဆိုက်လိပ်စာများ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ထား

ရုရှားနိုင်ငံမှပို့ချသော ဘာသာရပ်အလိုက် အွန်လိုင်း သင်တန်းဝက်ဘ်ဆိုက်လိပ်စာများကို တက္ကသိုလ်ကောလိပ်များမှ လေ့လာနိုင်ရန်  ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာပေးထားသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံများ၏ ပညာရေးနှင့် သိပ္ပံဝန်ကြီးဌာနမှ မြန်မာနိုင်ငံရှိ အထက်တန်းကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များနှင့် သုတေသနအဖွဲ့အစည်းများအတွက် ဘာသာရပ်များအလိုက် အွန်လိုင်းသင်တန်းများ ကို ၀က်ဘ်ဆိုက်လိပ်စာ http;//coursesinrussia.com တွင် ရှာဖွေကြည့်ရှုနိုင်သည်။

ယင်းအတွက် အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်အဖွဲ့အစည်းများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သည့် ဘာသာရပ်များအကြောင်းကို လွတ်လပ်စွာ ရှာဖွေကြည့်ရှု လေ့လာနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

"နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ပညာရေးဝန်ကြီးရုံးကို ပေးပို့လာတယ်။ ပြီးတော့ ဆရာတို့ အဆင့်မြင့်ပညာဦးစီးဌာနကို ဆက်ပြီး အကြောင်းကြားလာတဲ့အတွက် တက္ကသိုလ်၊ ကောလိပ်က ဆရာ/မများ သိအောင် ထပ်ဆင့်ထုတ်ပြန်ပေးတာ။ အကျိုးရှိမယ်ထင်လို့ ၀န်ကြီးရုံးက လမ်းညွှန်ပေးတာပါ၊"ဟုပြောသည်။

ထို website လိပ်စာများတွင် ပို့ချသော ဘာသာရပ်အလိုက် သင်ခန်းစာများ၊ အကြောင်းအရာများ၊ သုတေသနပြုလုပ်ပုံ များကို ၀င်ရောက်လေ့လာပြီး မိမိတို့ တက္ကသိုလ်၊ ကော်လိပ်များတွင် ပြန်လည်အသုံးချမှုများ ပြုလုပ်နိုင်သလို သုတေသနာဂျာနယ်များ ရေးသားရာတွင်လည်း သုတေသနပြုလုပ်ပုံအဆင့်ဆင့်တို့ကို လေ့လာပြီး စာတမ်းများ ရေးသားရာတွင် အသုံးချနိုင်မည့် သင်တန်းများ ဖြစ်သည်။

ယင်းကဲ့သို့ အခြားနိုင်ငံမှ မိမိတို့ နိုင်ငံအခြေအနေနှင့် ကိုက်ညီသော သင်တန်းများကို အွန်လိုင်းမှ လေ့လာနိုင်ရန် အတွက် ပြုလုပ်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

International/Private Read 1870 times