Sales Hotline : 09448001653       Download App



အလွယ်တကူဘွဲ့ရရေးစနစ်ဖြစ်နေသည့် အဝေးသင်ပညာရေးကို စတင်ပြုပြင်တော့မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အလွယ်တကူဘွဲ့ရရေးစနစ်ဖြစ်နေသည့် အဝေးသင်ပညာရေးကို စတင်ပြုပြင်တော့မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

နိုင်ငံအတွက် အသုံးဝင်မည့် သုတေသနများပြုလုပ်ရန် တက္ကသိုလ်ဆရာ၊ ဆရာမများအား တိုက်တွန်းထားပါသည်။

မြန်မာနိုင်ငံ၏ အဝေးသင်ပညာရေးသည် အလွယ်တကူဘွဲ့ရရေးစနစ်ဖြစ်နေ ပြီး ထိထိရောက်ရောက် ပညာပေး နိုင်သည့် အဝေးသင်ပညာရေး စနစ်အဖြစ် စတင်ပြုပြင်မည်ဖြစ် ကြောင်း နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

သြဂုတ် ၂၄ ရက်က နေပြည်တော် MICC II ၌ ကျင်းပသည့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအ ကောင်အထည်ဖော်ရေးနှီးနှော ဖလှယ်ပွဲ (အဆင့်မြင့်ပညာကဏ္ဍ) အဖွင့်အမှာစကားတွင်  ၎င်းက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

‘‘နှစ်ပေါင်းများစွာ ကျွန်မတို့ နိုင်ငံရဲ့ အဝေးသင်ပညာရေးစနစ် ဆိုတာ အလွယ်တကူဘွဲ့ရရေး စနစ်လို ဖြစ်ခဲ့ပါတယ်။ တော် တော်များများကနေပြီးတော့ အ ဝေးသင်ပညာရေးစနစ်ကနေ ဘွဲ့ ယူတာကို  ကျွန်မ အပြစ်ဆိုတာ မဟုတ်ပါဘူး။ ဒီလိုဘွဲ့လေးတစ်ခုရတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အဆင့်တစ်ခု ကျော်လွှားသွားနိုင် ပြီဆိုတာဟာ ကျွန်မတို့နိုင်ငံသူ၊ နိုင်ငံသားတွေ ပညာကို တန်ဖိုး ထားမှုကို ပြတာပါပဲ။ ဒါပေမဲ့ အဝေးသင်ပညာရေးစနစ်ဟာ ထိ ထိရောက်ရောက် ပညာပေးနိုင်တဲ့ စနစ်မဖြစ်ခဲ့ပါဘူး’’ဟု အတိုင်ပင် ခံပုဂ္ဂိုလ်က ဆိုသည်။

ထို့ကြောင့် အဝေးသင်ပညာ ရေးစနစ်ကို ထိထိရောက်ရောက် ပညာပေးနိုင်သည့် စနစ်အဖြစ် ကြိုးစားဆောင်ရွက်နေပြီဟု ၎င်းက အသိပေးပြောကြားသည်။

‘‘လက်ရှိ ကျွန်မတို့နိုင်ငံရဲ့ ကလေးတွေဟာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှာ ပြည့်ပြည့်ဝဝ မသင်ခဲ့ရတဲ့အခါ၊အဆင့် မြင့်ရောက်တဲ့အခါ ဘယ်လိုလုပ် အဆင်ပြေအောင် လုပ်မလဲဆို တာ ကျွန်မတို့နိုင်ငံအတွက် အကြီး မားဆုံး စိန်ခေါ်မှုပါပဲ’’ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆို သည်။

နှစ်ပေါင်းများစွာ မူလတန်း မှ အထက်တန်းအထိ ပညာရေး စနစ်အားနည်းခြင်းကြောင့် တက္ကသိုလ်အဆင့်ရောက်မှ အဆင့်မြှင့် ပေးရခြင်းသည် အခက်အခဲများ စွာရှိပြီး မကောင်းခဲ့သည့်အခြေခံ ကို ကျော်လွှားကာ ကောင်းသည့် နိဂုံးရောက်အောင် ပညာရေးဝန်ကြီးဌာန၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများက ဝိုင်းဝန်းကြိုးပမ်းပေးရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။

အခြားနိုင်ငံများ၏ အတွေ့ အကြုံကို နမူနာယူပြီး မိမိနိုင်ငံနှင့် ကိုက်ညီသည့် ပညာရေးပြုပြင် ပြောင်းလဲရမည်ဟု ၎င်းကအကြံ ပြုသည်။

ထို့ပြင် ပညာရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲနေသည့်တိုင် ရှိသည့်ငွေကို မှန်မှန်ကန်ကန် အကောင်းဆုံးဖြစ်အောင် သုံးစွဲ ရန် အရေးကြီးသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြော ကြားသည်။

ဆရာ၊ ဆရာမအရည်အ သွေးမြှင့်တင်ရေးသည် အရေး ကြီးဆုံးဖြစ်ပြီး လက်ရှိ ဆရာ၊ ဆရာမအများစုသည် ကိုယ်တိုင် က အားနည်းသည့် ပညာရေးစနစ် မှ ပေါက်ဖွားလာ၍ ၎င်းတို့ကို အရည်အသွေးမြှင့်မှသာ အရည် အသွေးရှိသည့် ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်နိုင်မည် ဟု ဒေါ်အောင်ဆန်းစုကြည်က ဆို သည်။

‘‘ဆရာ၊ ဆရာမတွေဆိုတာ လည်း ကိုယ်တိုင်က အားနည်းတဲ့ ပညာရေးစနစ်က ပေါက်ဖွားလာ ခဲ့ကြတာများပါတယ်။ ဒါပေမဲ့ လည်း နောက်မကျသေးပါဘူး။ ကိုယ့်ရဲ့အရည်အချင်းတွေကို မြှင့်တင်နိုင်ခွင့်က တစ်ချိန်လုံးရှိနေပါ တယ်။ ဆရာ၊ ဆရာမတွေဟာ အများအားဖြင့် ကိုယ့်ရဲ့မိသားစု တာဝန်တွေနဲ့ ဖြစ်နေပြီဆိုတော့ ကျောင်းသူ၊ ကျောင်းသားတွေလို အချိန်ပြည့် ပညာရေးကို အာရုံ မစိုက်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ နိုင်ငံရဲ့ လိုအပ်ချက်အရ တတ်နိုင် သလောက်တော့ ကိုယ့်ရဲ့အရည် အချင်း မြှင့်တင်ရေးအတွက် ဆရာ၊ ဆရာမတွေကို ကြိုးစားစေ ချင်ပါတယ်’’ဟု အတိုင်ပင်ခံ ပုဂ္ဂိုလ်က တိုက်တွန်းပြောကြား သည်။

လက်ရှိ နိုင်ငံ့ဝန်ထမ်းများ သည် တာဝန်ထမ်းဆောင်နေရ သည့်အဆင့်တွင် ပြီးပြည့်စုံမှုရှိ၊ မရှိ မိမိကိုယ်ကိုယ် အမြဲသုံးသပ် နေရန် အရေးကြီးသည်ဟုလည်း ၎င်းက ဆိုသည်။

သုတေသနကို အားပေးရမည်

သုတေသနလုပ်ငန်းများကို အားပေးရန် အစိုးရ၏ပညာရေး မူဝါဒတွင် ထည့်သွင်းထားပြီး တက္ကသိုလ်ဆရာ၊ ဆရာမများ သည် နိုင်ငံအတွက် အသုံးဝင်မည့် သုတေသနများ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်း များ၌ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပံ့ပိုးပါဝင်နိုင်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က အသိပေးပြော ကြားသည်။

‘‘သုတေသနလုပ်တယ်ဆို တဲ့အဓိပ္ပာယ်က အသစ်အဆန်း လမ်းတွေ ဖွင့်ပေးဖို့ဖြစ်ပါတယ်။ သုတေသနဆိုတာ အဆုံးမဟုတ် ပါဘူး။ နောက်အသစ်အဆန်းတွေ အတွက် အစဖြစ်ပါတယ်။ နှစ် ပေါင်းများစွာ သုတေသနကို လျစ် လျူရှုခဲ့တဲ့အခါကျတော့ ကျွန်မတို့ပြည်သူ၊ ပြည်သားတွေရဲ့ မွေးရာပါ တီထွင်ဉာဏ်တွေက တုံးသွားပါတယ်။ ဒါကြောင့် သုတေသနကို ဦးစားပေးချင်တယ်’’ ဟု နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆို သည်။

သင်ယူလိုစိတ်ကို မူလတန်းက စတင်ပျိုးထောင်ရမည်

ကျောင်းသား၊ ကျောင်းသူ များ၏သင်ယူလိုစိတ်၊ ရှုံးနိမ့်မှုကို ကြောက်ခြင်းထက် ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုတိုးလာခြင်းတို့ ကို ဆရာ၊ ဆရာမများက မူလ တန်းက စတင်ကာ တက္ကသိုလ် ရောက်သည်အထိ ပျိုးထောင်ပေး  ရမည်ဖြစ်ပြီး ထိုသို့ပျိုးထောင်ပေး ရာတွင် စာမေးပွဲစနစ်ကြောင့် အ မှတ်အနည်း၊ အများပြိုင်ဆိုင်သည့် အလေ့အကျင့်ကိုပါ ပပျောက်အောင် ပြုလုပ်ပေးရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထည်သွင်းပြောကြား သည်။

‘‘နှစ်ပေါင်းများစွာ စာမေးပွဲ စနစ်ကြောင့် သူများထက် အမှတ်နည်းရင် ကိုယ်က ရှုံးတယ်။ သူက နိုင်တယ်ဆိုပြီး ဖြစ်ကြတယ်။ ဘေးက လူကိုပဲ ကြည့်ပြီးတော့ သူ ဒီလိုဖြစ်ရင် ကိုယ်လည်း ဒီလိုဖြစ်ရ မယ်။ သူ ဒီလောက်ရရင် ကိုယ် လည်း ဒီလောက်ရရမယ်ဆိုတဲ့ စိတ်တွေကို အားမပေးပါနဲ့။ တစ် ယောက်နဲ့တစ်ယောက် မနာလိုတဲ့စိတ်တွေကိုလည်း အားပေးရာ ရောက်ပါတယ်။ ဒါကလည်း လူ့ အသိုင်းအဝိုင်းတစ်ခုအတွက် အားနည်းချက်တစ်ခုပါပဲ’’ဟု ၎င်းက ဆိုသည်။

လက်ရှိ မူလတန်း၊ အလယ် တန်းကျောင်းသား၊ ကျောင်းသူ များတွင် သင်ယူလိုစိတ်၊ စူးစမ်း လေ့လာလိုစိတ်များကို တွေ့မြင် နေရပြီး နိုင်ငံ့ကိစ္စအဝဝ၌ ပညာရေးတိုးတက်မှုကို ၎င်းအနေဖြင့် အားအရဆုံးဖြစ်သည်ဟု နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှော ဖလှယ်ပွဲ (အဆင့်မြင့်ပညာကဏ္ဍ) ကို ပြည်ထောင်စုဝန်ကြီးများ၊ တစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ကော လိပ် ၁၇၀ ကျော်မှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ကြီးဌာနအဆင့်မြင့်အရာရှိများ တက် ရောက်ခဲ့သည်။

အဆိုပါပွဲကို သြဂုတ် ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး တက္က သိုလ်ပညာရေးဆိုင်ရာ စာတမ်း ၁၁ စောင်ဖတ်ကြားကာ ဆက် လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အတည်ပြုသတ်မှတ်မည်ဖြစ် သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day daily

News Read 4689 times