Sales Hotline : 09448001653       Download App



ကမ္ဘာ့အဆင့်တက္ကသိုလ်သတ်မှတ်ချက်တွင် ရန်ကုန်တက္ကသိုလ်က အဆင့်(၈,၇၀၀)ကျော်၌ ရှိနေ

ကမ္ဘာ့အဆင့်တက္ကသိုလ်သတ်မှတ်ချက်တွင် ရန်ကုန်တက္ကသိုလ်က အဆင့်(၈,၇၀၀)ကျော်၌ ရှိနေ

ကမ္ဘာ့အဆင့် တက္ကသိုလ်သတ်မှတ်ချက်တွင် ရန်ကုန်တက္ကသိုလ်က အဆင့်(၈,၇၂၀)၌ရှိနေပြီး မြန်မာတက္က သိုလ်များအနက် အဆင့်အမြင့် ဆုံး ရရှိထားကြောင်း ပါမောက္ခ ချုပ်များ ကော်မတီဥက္ကဋ္ဌဒေါက် တာဇော်ဝေစိုးက ပြောသည်။

၂၀၁၈ ပညာရေးဖွံ့ဖြိုးတိုး တက်မှု အကောင်အထည်ဖော် ရေးနှီးနှောဖလှယ်ပွဲ (အဆင့်မြင့် ပညာကဏ္ဍ) ကို သြဂုတ် ၂၄ နှင့်၂၅ ရက်တွင် နေပြည်တော် MICC II ၌ ကျင်းပသော  ‘အဆင့် မြင့်ပညာရေးမြှင့်တင်ရေးနှင့် ပါမောက္ခချုပ်များ   ကော်မတီ၏ အခန်းကဏ္ဍ’စာတမ်းကို  ဖတ် ကြားစဉ်  ထိုသို့ပြောကြားခြင်းဖြစ်သည်။

‘‘မြန်မာပြည်မှာ Ranking အကောင်ဆုံးက ရန်ကုန်တက္က သိုလ်ဖြစ်ပါတယ်။ ရန်ကုန်တက္က သိုလ်တောင် ၈,၇၀၀ ကျော်မှာ ရှိပါတယ်။ ရေဆင်းတက္ကသိုလ် ဆို မြေနေရာရော၊ အထဲက Lab တွေရော အရမ်းကောင်းတယ်။ ဒါတောင် Ranking က ၁၅,၀၀၀ ကျော်မှာ ရှိနေတယ်။ ဒါတွေဟာ ဘာကြောင့်လဲဆိုတာ သုံးသပ် ကြည့်ဖို့ လိုပါတယ်’’ ဟု ဒေါက် တာဇော်ဝေစိုးက ဆိုသည်။

ကမ္ဘာ့အဆင့်တက္ကသိုလ် သတ်မှတ်ချက်တွင် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်   တက္ကသိုလ်က  အဆင့် (၁)၊ ကိန်းဘရစ်ခ်ျတက္ကသိုလ်က အဆင့် (၂)၊  အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားနည်းပညာ တက္ကသိုလ်နှင့်  စတန်းဖို့ဒ်တက္ကသိုလ်တို့က အဆင့်(၃)၌  ရှိနေသည်။အာရှနိုင်ငံတစ်ခုဖြစ်သည့် စင်ကာပူက အဆင့်(၂၂) နေရာ၌ ရပ်တည်နေသည်။

ကမ္ဘာ့တက္ကသိုလ်အဆင့် များကို လုပ်ငန်းခွင်လိုအပ်ချက် ဖြည့်ဆည်းနိုင်သည့် ဘွဲ့ရအရည် အသွေးမီ ကျောင်းသားမွေးထုတ် နိုင်မှု ပမာဏ၊ ကျောင်းသား၊ ဆရာအချိုး၊ နိုင်ငံတကာကျောင်းသား ဦးရေ၊ အမျိုးသား၊ အမျိုးသမီးဦး ရေ အချိုးတို့ပေါ် မူတည်၍ သတ်မှတ်ခြင်းဖြစ်သည်။

ကမ္ဘာ့အဆင့်တက္ကသိုလ် သတ်မှတ်ချက်တွင် ရန်ကုန်ကွန် ပျူတာတက္ကသိုလ်က အဆင့် (၁၄,၀၆၀)၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ကအဆင့်(၁၅,၂၃၉)၊ဆေးတက္ကသိုလ်(၁)ရန်ကုန်က အဆင့်(၁၈,၅၆၆)၊ ရန်ကုန်နည်း ပညာတက္ကသိုလ်က အဆင့် (၂၀,၁၁၂) ရရှိထားသည်။

အဆိုပါ တက္ကသိုလ်များ သည် မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၁၇၁ ခုရှိသည့်အနက် ကမ္ဘာ့အဆင့်တွင် အမြင့်ဆုံးစာရင်းဝင်တက္ကသိုလ် များဖြစ်သည်။

အမျိုးသားပညာရေးမဟာ ဗျူဟာ စီမံကိန်း ၂၀၁၆-၂၀၂၁ အရကမ္ဘာ့အဆင့်မီ အမျိုးသား တက္ကသိုလ်များနှင့် ဘက်စုံတက္က သိုလ်များ တည်ထောင်ရေးရည် မှန်းထားခြင်းကြောင့် ကမ္ဘာ့အ ဆင့်မီတက္ကသိုလ်တစ်ခု၏ စံသတ် မှတ်ချက်များ၊ လိုအပ်ချက်များ ကို ပြည့်မီအောင်ဖြည့်ရန် လိုအပ် ကြောင်း ဒေါက်တာဇော်ဝေစိုးက ဆိုသည်။

‘‘World Class University အဆင့်အပေါ် ရောက်ဖို့က သင် ကြားရေးရော၊ သင်ရိုးရော၊ သု တေသနရော အားလုံးဘက်ညီ အောင် ဖြည့်ရမှာ။ အရေးကြီးဆုံး ကတော့ ဗဟိုချုပ်ကိုင်မှုမရှိဘဲ ကိုယ့်တက္ကသိုလ်နဲ့ ကိုယ်လွတ် လွတ်လပ်လပ် လုပ်ခွင့်ရဖို့ပဲ။ အခုက နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ MoU ထိုးတာတောင် အဆင့်ခုနစ် ဆင့်လောက် ဖြတ်နေရတယ်’’ ဟု တက္ကသိုလ်ပါမောက္ခချုပ်တစ်ဦး က ဆိုသည်။

၂၀၁၄ က ကမ္ဘာ့အဆင့် ၁၀,၀၀၀ ကျော် နေရာတွင် မြန်မာ နိုင်ငံမှ ရန်ကုန်ကွန်ပျူတာ တက္က သိုလ်၊ မန္တလေးဆေးတက္ကသိုလ်၊ ရန်ကုန်ဆေးတက္ကသိုလ်(၁)၊ (၂) နှင့် မကွေးဆေးတက္ကသိုလ်တို့ ရှိ နေပြီး ရန်ကုန်တက္ကသိုလ် ဘွဲ့ ကြိုသင်တန်းများ ပြန်လည်ဖွင့် လှစ်ပြီးနောက် ရန်ကုန်တက္က သိုလ်က အဆင့်(၈,၇၀၀)ကျော် တွင် ရပ်တည်နိုင်ခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day

News Read 5333 times