Sales Hotline : 09448001653       Download App



Victoria University College

Victoria University College

လက်ရှိအခါတွင် ကျောင်းခွဲနှစ်ကျောင်းရှိပြီး ၁၆၆၊ အထက်ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့နှင့် ၁၅၁၊ ၂၈ လမ်း၊ ၇၇/၇၈လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့တို့တွင် ဖွင့်လှစ်လျက်ရှိပါသည်။

VUC သည် ဗြိန်တိန်အစိုးရပိုင်သော South Essex College, Pearson Education တို့နှင့်ပူးပေါင်း၍ Higher National Diploma သင်တန်းများ၊ foundation course ဒီဂရီဘွဲ့များသင်ကြားပို့ချနေသည့် ကျောင်းတစ်ကျောင်းဖြစ်ပါသည်။

ဗြိတိန်အစိုးရပိုင်ဖြစ်သော South Essex College ၏ Foundation Diploma သင်တန်းကိုVictoria University College( VUC) ကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးသူများလျှောက်ထားနိုင်ပါသည်။

သင်တန်းများနှင့်ပို့ချသည့်ဘာသာရပ်များ

Foundation Diploma သင်တန်းကို သင်တန်းကာလ(၅)လ တက်ရောက်ပြီးပါက UK မှ တိုက်ရိုက်ချီးမြှင့်မည့် Diploma ဘွဲ့ကိုရရှိမည်ဖြစ်ပါသည်။

South Essex College(UK) မှ diploma ရရှိပြီးသူများသည် အင်္ဂလန်နိုင်ငံ Business and Technology Education Council (BTEC) မှ တိုက်ရိုက်ချီးမြှင့်မည့် HND ဘာသာရပ်(၄)ခုအနက် (၁)ခုကိုရွေးချယ်တက်ရောက်နိုင်ပါသည်။

Victoria University College သည် ဗြိတိန်နိုင်ငံ၏ Pearson Education နှင့် ပူးတွဲဆောင်ရွက်မှု စာချုပ်ချုပ်ဆိုပြီး Level 5 အဆင့် HND သင်တန်းများမှ Engineering(Civil/ Mechanical/ Electrical and Electronics)၊ Business (Management/ Marketing/ Accounting/ HR) ၊ Computing and Systems Development နှင့် Health & Social Care ဘာသာရပ်များကို သင်ကြားပို့ချလျက်ရှိပါသည်။

HND Diploma ဘွဲ့ရရှိရန်အတွက် (၂) နှစ် သင်ယူရမည်ဖြစ်ပါသည်။ သင်တန်းအောင်မြင်သောကျောင်းသား၊ ကျောင်းသူများသည် Bachelor Degree ရရှိမည်ဖြစ်ပြီးVictoria University College တွင် ဖွင့်လှစ်သည့်University of Wolverhampton(UK) တွင် ၁ နှစ်သင်ယူပြီးနောက် B.Engg (Hons:), နှင့် B.Sc(Hons:) ဘွဲ့များရရှိမည် ဖြစ်ပါသည်။

Courses.

No.

Name

Duration

Student

Fee

1.

Foundation Course

၅ လ

၃၀

၂,၀၀၀,၀၀၀

2.

HND Diploma

၂ နှစ်

၃၀

၇,၀၀၀,၀၀၀ နှင့် စတာလင်ပေါင်(၉၅)

3.

Bachelor

၁ နှစ်

၃၀

၅,၀၀၀,၀၀၀ နှင့် စတာလင်ပေါင်(၉၅၀)

 

သင်တန်းကြေးများ

Foundation Diploma သင်တန်းကိုသင်တန်းကြေးကို သိန်း(၂၀) ဖြစ်ပြီး HND ဆက်တက်ရပါက (၂) နှစ်ဖြစ်ပါသည်။ HND ၏ ပထမနှစ်အတွက် (၃၅) သိန်းနှင့် ဒုတိယနှစ်အတွက်(၃၅)သိန်းဖြစ်ပါသည်။HND ဘွဲ့ရပြီးမှ Bachelor (၁) နှစ်အတွက် သိန်း(၅၀) ဖြစ်ပါသည်။

Foundation Diploma သင်တန်းသည် ကျောင်းစရိတ်အပြင် မှတ်ပုံတင်ကြေးကိုလည်း ထပ်မံပေးသွားရမည်ဖြစ်ပါသည်။ HND Diploma အတွက် စတာလင်ပေါင် (၉၅) ပေါင်ဖြစ်ပြီး Bachelor အတွက် စတာလင်ပေါင် (၉၅၀) ဖြစ်ပါသည်။

Foundation Diploma သင်တန်းတွင် သင်တန်းသား(၃၀)ဦးသာ လက်ခံသင်ကြားမည်ဖြစ်ပြီး လျှောက်ထားလိုသူများသည် ၀င်ခွင့်လျှောက်လွှာနှင့်အတူ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် သိုမဟုတ် အမှတ်စာရင်း၊ ဓာတ်ပုံ(၃)ပုံ နှင့်အတူVictoria University Collegeကျောင်းသို့ လျှောက်ထားရမည်ဖြစ်ပါသည်။

Conact Detail

International/Private Read 2277 times