Sales Hotline : 09448001653       Download App



အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ ၀င်ခွင့်ခေါ်ယူပြီ

အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ ၀င်ခွင့်ခေါ်ယူပြီ

ဝင်ခွင့်လျှောက်ထားခြင်း
*****************
၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ၂၀၁၈ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများသာလျှောက်ထားနိုင်ပါသည်။

လျှောက်လွှာထုတ်ပေး/လက်ခံမည့်ရက် - ၁.၁၀.၂၀၁၈ (တနင်္လာနေ့)မှ ၁၉.၁၀.၂၀၁၈ (သောကြာနေ့) အထိ
ဝင်ခွင့်ရရှိသူများစာရင်းကြေညာချက်      - ၁၅.၁၁.၂၀၁၈ (ကြာသပတေးနေ့)
လျှောက်လွှာနှင့်အတူ -
၁။ တက္ကသိုလ်ဝင်စာမေးပွဲ ရရှိသော ရမှတ်စာရင်း (မူရင်း)
၂။ လျှောက်ထားသူနှင့် မိဘနှစ်ဦးစလုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)
၃။ လိုင်စင်ဓာတ်ပုံ (၂) ပုံ
ဝင်ခွင့်လျှောက်လွှာများကို  National Management Degree College page နှင့် website www.nmdc.edu.mm တို့တွင် download ပြုလုပ်၍ ထုတ်ယူနိုင်ပါသည်။

လက်ခံသင်ကြားပေးနိုင်မည့်ဦးရေ

************************
Business Management (၁၀၀)ဦး

Tourism and Hospitality Management (၁၀၀)ဦး

Journalism (၅၀)ဦး

EPP (၅၀) ဦးသတ်မှတ်ထားပါသည်။

ဦးရေသတ်မှတ်ချက်အရသာခေါ်ယူခြင်းဖြစ်ပါသည်။

ဘွဲ့ကြိုတန်းအထူးပြုဘာသာရပ်များ
**************************
အထူးပြုဘာသာရပ်များမှာ

#Business Management ဘာသာရပ်

#English for Professional Purposes ဘာသာရပ်

#Tourism and Hospitality Management ဘာသာရပ်

#Journalismဘာသာရပ် တို့ဖြစ်ပါသည်။

ထိုဘာသာရပ်များအားလုံးသည် တက္ကသိုလ်နေ့သင်တန်းများ အတိုင်းအချိန်ပြည့်တက်ရောက်သင်ယူရပြီး စာတွေ့၊လက်တွေ့ကို သင်ထောက်ကူပစ္စည်းများပြည့်စုံစွာဖြင့် သင်ယူလေ့လာရမည် ဖြစ်ပါသည်။

သင်တန်းကာလ
************
ပညာသင်နှစ်တစ်နှစ်လျှင် Semester(၂)ခုတက်ရောက်ရပြီး စုစုပေါင်းSemester(၈)ခု တက်ရောက်အောင်မြင်ပြီးသူများကို ဘွဲ့အပ်နှင်းပါသည်။
 အပ်နှင်းသောဘွဲ့
************
သင်တန်းကာလ လေးနှစ်တာအောင်မြင်ပြီးမြောက်သူများကို #BBMဘွဲ့

#BA(EPP)ဘွဲ့

#BTHMဘွဲ့

#BA(Journalism)ဘွဲ့များအပ်နှင်းလျက်ရှိပါသည်။

ဒီပလိုမာ
******
Diploma in Tourism Studies and Management ဘွဲ့လွန်ဒီပလိုမာအချိန်ပိုင်းသင်တန်းကိုလည်းနိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် တစ်နှစ်တစ်ကြိမ်ကြော်ငြာ ခေါ်ယူလျက်ရှိပါသည်။သင်တန်းချိန်များမှာ တနင်္လာနေ့မှသောကြာနေ့အထိ၊ နံနက်(၇)နာရီမှနံနက်(၉)နာရီအထိ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလ စုစုပေါင်း(၉)လဖြစ်ပါသည်။

ထပ်မံသိရှိလိုသောအချက်အလက်များကိုအောက်ပါလိပ်စာတွင် ရုံးချိန်အတွင်းစုံစမ်းနိုင်ပါသည်။

National Management Degree College

အမှတ်(၂၇၃/၂၇၉)၊ကုန်သည်လမ်း၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

01-292566, 01-200639, 01-292121

News Read 6282 times