Sales Hotline : 09448001653       Download App



"ကမ္ဘာ့လစာ အကောင်းဆုံး ဆရာ/ဆရာမများ"

"ကမ္ဘာ့လစာ အကောင်းဆုံး ဆရာ/ဆရာမများ"

ကမ္ဘာပေါ်တွင် ဆရာ/ဆရာမများကို လုပ်ခလစာ အများဆုံး ပေးနိုင်သော ကမ္ဘာ့ နိုင်ငံ (၃)နိုင်ငံကို ဖော်ပြလိုက်ပါသည်။

၁။ လူဇင်ဘတ်နိုင်ငံ

လူဇင်ဘတ်နိုင်ငံဆိုတာကတော့ ဥရောပတိုက်ရှိ နိုင်ငံငယ်လေး တစ်နိုင်ငံပါ။ သို့ပေမဲ့ လူဇင်ဘတ်နိုင်ငံ ၏ ပညာရေးအရည်အသွေးမှာ ကမ္ဘာတွင် ကျော်ကြားလှပါသည်။

ကျောင်းအများစုမှာ အစိုးရပိုင် ဖြစ်ပြီး ဘဏ္ဌာရေး အရလည်း အစိုးရပိုင်းမှ တင်းပြည့်ကြပ်ပြည့် ထောက်ပံ့ ထားပါသည်။

အသက် (၄)နှစ်မှ (၁၂)နှစ်အတွင်း ကလေးများသည် ကျောင်းမတက်မနေရ ဖြစ်သည်။

ကျောင်းတွင် အင်္ဂလိပ်ဘာသာစကားအပြင် လူဇင်ဘတ်ဘာသာစကား၊ အိမ်နီးချင်း ဥရောပနိုင်ငံများဖြစ်သော ဂျာမန်ဘာသာစကားနှင့် ပြင်သစ်ဘာသာစကားတို့ပါ သင်ကြားရသည်။

အလုပ်ခွင်ဝင်စ ဆရာ/ဆရာမတစ်ဦး၏  (၁)နှစ် လုပ်ခလစာသည် ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၆၄၀၀၀(မြန်မာငွေသိန်းပေါင်း ၈၆၄သိန်း)ဝန်းကျင် ရှိသည်။

လုပ်သက်(၁၅)နှစ်ခန့်ရှိ ဆရာ/ဆရာမတစ်ဦး၏ (၁)နှစ်လုပ်ခလစာသည် ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၉၉၀၀၀ ဝန်းကျင် (မြန်မာငွေ သိန်းပေါင်း ၁၃၃၆သိန်း) အထိ မြင့်တက်သွားပါသည်။

၂။ ဂျာမနီနိုင်ငံ

ဒုတိယကမ္ဘာစစ်အပြီး ပြာပုံနိုင်ငံဖြစ်သွားသော ဂျာမနီနိုင်ငံသည် ယခုလို ဥရောပတိုက်တွင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်အောင် ပညာရေးဖြင့် ပြန်လည်တည်ဆောက်ခဲ့ရသည်။

ပညာရေးမှာ ငွေကြေးပံ့ပိုးခြင်းသည် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ခြင်းဖြစ်သည်ဟု ဂျာမန်ခေါင်းဆောင်များက ခံယူခဲ့ကြသည်။

ဂျာမနီတွင် ကလေးမျာသည် အသက်(၆)နှစ်မှစ၍ ကျောင်းတက်ရသည်။

ဂျာမနီနိုင်ငံတွင် အလုပ်ခွင်ဝင်စ ဆရာ/ဆရာမတစ်ဦး၏ (၁)နှစ် လုပ်ခလစာသည် ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၄၇၅၀၀ ဝန်းကျင်(မြန်မာငွေ သိန်းပေါင်း ၆၄၁သိန်း)ရှိပါသည်။

လုပ်သက်(၁၅)နှစ်ခန့်ရှိ ဆရာ/ဆရာမတစ်ဦး၏ (၁)နှစ်လုပ်ခလစာသည် ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၆၅၈၄၃ ဝန်းကျင် (မြန်မာငွေ သိန်းပေါင်း ၈၈၈သိန်း) အထိ မြင့်တက်သွားပါသည်။

၃။ ကနေဒါနိုင်ငံ

ကနေဒါနိုင်ငံ၏ ပညာရေး ဘတ်ဂျက်သည်လည်း ကမ္ဘာပေါ်တွင် နာမည်ကြီးပါသည်။

ကနေဒါအစိုးရသည် ကျောင်းသူ/ကျောင်းသား တစ်ဦးအပေါ် အမေရိကန်ဒေါ်လာ ၂၀၀၀၀ ဝန်းကျင်(မြန်မာငွေသိန်းပေါင်း ၂၇၀သိန်း ) ရင်းနှီးမြှုပ်နှံထားပါသည်။ တိုင်းပြည် GDP ၏ စုစုပေါင်း ၅.၄%ခန့် ကို ပညာရေး တွင် အသုံးပြုထားးသည်။

ထိုကဲ့သို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ပြီး ပညာရေး အသုံးစရိတ်မြင့်သည့် ကနေဒါနိုင်ငံမှာ ဆရာ/ဆရာမတွေ လစာကောင်းတာ မဆန်းပါဘူး။

လုပ်သက်(၁၅)နှစ်ခန့်ရှိ ဆရာ/ဆရာမတစ်ဦး၏ (၁)နှစ်လုပ်ခလစာသည် ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၆၃၅၅၇ ဝန်းကျင် (မြန်မာငွေ သိန်းပေါင်း ၈၅၈သိန်း)ရှိပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Sources: Myanmar Teacher Digest and News (Bloomberg)

Tips Read 2799 times