Sales Hotline : 09448001653       Download App



အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ စီးပွားရေးလုပ်ငန်းသုံး စီမံခန့်ခွဲမှုပညာအကြောင်း

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ စီးပွားရေးလုပ်ငန်းသုံး စီမံခန့်ခွဲမှုပညာအကြောင်း

BBM majorမှာ​တော့ လုပ်ငန်းခွင်လိုအပ်ချက်အပေါ်မူတည်တဲ့ သင်ကြားမှုတွေရှိလို့ အလုပ်အကိုင်အခွင့်အလမ်းရရှိမှု အရမ်းကောင်းပြီး၊ ကျောင်းတွင်းလှုပ်ရှားမှု activity တွေကိုပါ ​တွေ့ရှိရမယ့်​ဘွဲ့ဒီဂရီသင်တန်းတစ်​ခုဖြစ်​ပါတယ်​။

BBM (Bachelor of Business Management) ကို​တော့ မြန်မာလို “စီးပွားရေးလုပ်ငန်းသုံး စီမံခန့်ခွဲမှုပညာ”လို့​ခေါ်ပါတယ်​။

ဒီဘွဲ့ဟာဆိုရင်​ NMDCနဲ့ စီးပွားရေးတက္ကသိုလ်ကျောင်း ၂ကျောင်း တွဲဖက် affiliate ပြုလုပ်ပြီးပေးတဲ့ ဘွဲ့ပဲဖြစ်ပါတယ်။ ဒါကြောင့် NMDC မှာ ကျောင်းတက်ပြီး စီးပွားရေးတက္ကသိုလ်မှ အပ်နှင်းတဲ့ ဘွဲ့ကို ရမှာဖြစ်ပါတယ်။

ဗိုလ်တစ်ထောင်ကျောင်းဝင်းအတွင်းမှာ သင်​တန်းကာလ (၄)နှစ် တက်​​ရောက်​ရမှာဖြစ်ပါတယ်။

 ၁။ ဘယ်​လိုဘာသာရပ်​​တွေ အဓိကသင်​ကြားရမှာလဲ

BBM မှာ အဓိကသင်ကြားပေးတာကတော့ စီးပွားရေးလုပ်ငန်းတစ်ခုကို ဘယ်လိုစတင်ထူထောင်မယ်၊ ထူထောင်တဲ့အခါမှာ ဘယ်လိုအချက်တွေကို ထည့်သွင်းစဉ်းစားရမယ်​၊ ရှိနေတဲ့ စီးပွားရေးလုပ်ငန်းကိုလည်း စနစ်တကျနဲ့အကျိုးအမြတ် အများဆုံးရရှိအောင် ဘယ်လိုစီမံမလဲ ဆိုတာတွေကို သင်ကြားရပါတယ်။

Human Resource, Marketing, Finance, Operating အစရှိတဲ့ Business Functions ကြီး​လေးခုကို အ​ခြေခံတဲ့ဘာသာရပ်​​တွေအပြင် မိမိလုပ်ငန်းတစ်​ခုတည်းရဲ့ အကျိုးအမြတ်ချည်းပဲမဟုတ် ပတ်ဝန်းကျင်ကို ပြန်​လည်​အကျိုးပြုနိုင်​မယ့်​ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ဖို့ CSR စတာတွေကိုလည်း သင်ကြားရပါတယ်။

ဘာသာရပ်အားလုံးအတွက် သင်​ရိုးညွှန်းတမ်းများကို​တော့ U.S.A. နဲ့ U.K မှရိုက်နှိပ်ထုတ်ဝေတဲ့ သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ebook များနဲ့ Reference Book များကိုအသုံးပြုသင်​ကြား​ပေးပါတယ်

၂။ ဘယ်​လို​မျိုးသင်​ကြားရမှာလဲ

စာသင်ကြားတဲ့နေရာမှာတော့ စာသင်ခန်းထဲမှာ ဆရာ၊ ဆရာမတွေကပဲ သင်ကြားပေးခြင်း (One Way) မျိုးမဟုတ်ဘဲ ကျောင်းသားနှင့်​ဆရာ အပြန်အလှန် ဆွေးနွေးခြင်း၊ ကျောင်းသား အချင်းချင်း အုပ်စုများဖွဲ့၍ ဆွေးနွေးခြင်းစသည့်​ multi-way learning method ဖြင့်​ သင်​ကြား​ပေးပါတယ်​။

 ဒီလို activity တွေပြုလုပ်ရတဲ့အတွက် ကျောင်းသားအချင်းချင်း ​ဆွေး​နွေးတိုင်​ပင်​တတ်​မှု၊ စည်းလုံးညီညွတ်မှု​တွေကို ရရှိစေတဲ့အပြင် public speaking skills​ တွေပါ တိုးတက်​လာ​စေနိုင်​ပါတယ်​။

သင်​ကြားပို့ချပေးတဲ့ ဆရာဆရာမတွေကတော့ NMDC မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဆရာဆရာမများအပြင် နိုင်ငံခြားတက္ကသိုလ်များနှင့် အဖွဲ့အစည်းများမှဆရာဆရာမများ၊ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များကလည်း Visiting Lecturers များအဖြစ်​ လာရောက်​သင်​ကြားပို့ချ​​ပေးပါတယ်​။

၃။ စာသင်​ခန်းတွင်း ဘာသာရပ်​​တွေအပြင်​.....

ကျောင်းသားများအတွက် စိတ်ဝင်စားစရာကောင်းတဲ့ အတွေ့အကြုံတစ်ခုကတော့ အပတ်စဉ် ဟောပြောပွဲ Seminar များ၊ အလုပ်​သင်​ internship များအပြင်​ လုပ်​ငန်းခွင်​​လေ့လာ​ရေးခရီးများဖြစ်​တဲ့ plant trip များ သွား​​ရောက်ရခြင်း​များလည်းရှိပါတယ်​။

Seminar တွေမှာ ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင်တွေက သူတို့ရဲ့ ဖြတ်သန်းခဲ့ရတဲ့ စိတ်ဝင်စားစရာ လုပ်ငန်းခွင်နှင့်​ စီးပွားရေးလုပ်ငန်း အတွေ့အကြုံတွေကို ကျောင်းသားများ ဗဟုသုတ ရရှိပြီး လေ့လာနိုင်စေဖို့အတွက် လာရောက်ပြောပြကြပါတယ်​။

လုပ်​ငန်းခွင်​လက်​​တွေ့​လေ့လာ​ရေးခရီး ( Plant Trips ) ​တွေမှာ​တော့ ကျောင်းမှာ စာတွေ့သင်ကြားထားတဲ့ အကြောင်းအရာတွေကို အ​ခြေခံပြီး လုပ်ငန်းများရဲ့ လက်တွေ့လည်ပတ်မှု၊ထုတ်လုပ်မှုများကို လေ့လာရပါတယ်။

လေ့လာရေးအပြီးမှာတော့ အုပ်စုလိုက် Report တင်ရပါတယ်။

အလုပ်​သင်​(Internship program)​ မှာ​တော့ ​ကျောင်းသား၊ကျောင်းသူများက မိမိစိတ်ကြိုက် ကုမ္ပဏီများကို ရွေးချယ်ပြီး (၂)လ တာ internship ဆင်းရင်း လုပ်ငန်း​တွေရဲ့ သ​ဘောတရား၊ လုပ်ဆောင်မှု​တွေကို သင်ယူလေ့လာရပါတယ်။

ဒီအတွေ့အကြုံဟာ စာသင်ခန်းမှာ စာတွေ့သင်ယူရတဲ့ဗဟုသုတတွေကို လုပ်ငန်းတစ်ခုရဲ့ လက်တွေ့မှာ ဘယ်လိုမျိုးပြန်အသုံးချရမလဲ၊ လူတွေနဲ့ ဘယ်လို ဆက်ဆံရမယ်ဆိုတဲ့ အကြောင်းအရာ​တွေကိုသိရှိ​စေနိုင်​ပါတယ်​။

အလုပ်သင်လျှောက်ထားရာမှာလည်း ကျောင်းတွင်းအလုပ်အကိုင်ပြပွဲကနေ လျှောက်ထားနိုင်သလို၊ ဆရာဆရာမများမှလည်း company များနှင့် ချိတ်ဆက်ပေးပါတယ်။

စာတွေ့ချည်းပဲမဟုတ်ဘဲ လက်တွေ့လုပ်ငန်းခွင်ပါဝင်ခဲ့လို့ ကျောင်းသားတွေဟာ ဘွဲ့ရတာနဲ့တစ်​ပြိုင်​နက်​ အလုပ်ခွင်မှာ ကိုယ်တကယ် အလုပ်လုပ်နိုင်ပြီဆိုတဲ့ မိမိကိုယ်ကို ယုံကြည်မှုကို ရစေပါတယ်။

၎။ အမှတ်​ဘယ်​​လောက်​ဆို​လျှောက်​လို့ရမလဲ ??

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အမှတ်ပေါင်း ၄၅၀ နှင့် အထက် ရရှိထားသူ မည်သူမဆို လျှောက်ထားနိုင်ပါတယ်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာတော့ ၄၄၀ မှစတင်ခေါ်ခဲ့ပြီး ​နောက်​ဆုံးအမှတ်​ ၄၈၈ နဲ့ ဖြတ်ခဲ့ပြီး ယခုနှစ်အတွက် အမှတ်ကတော့ လျှောက်တဲ့ လူအရေအတွက် ပေါ်မူတည်ပြီး ​ရွေးချယ်​သွားမှာဖြစ်​ပါတယ်​။

သင်​တန်း​လျှောက်​လွှာ​ခေါ်ယူမယ့်​​နေ့ကိုေ​တာ့ သတင်းစာနှင့် official page ကေ​န တစ်ဆင့်ေ​ကြညာ​ပေးမှာဖြစ်​ပြီး သတ်​မှတ်​ကာလမတိုင်​ခင်​အထိ လျှောက်​ထားနိုင်​ပါတယ်​။

အသေးစိတ်သိရှိလိုပါက ၉.၈.၁၈( ကြာသပ​တေး​နေ့ )၊ မနက်​ ၉ နာရီ ၊ NMDC Tourism Hall၊ NMDC campus မှာ ကျင်းပမယ့်​ Open Campus သို့ လာ​ရောက်​​လေ့လာရန်​ ဖိတ်​​ခေါ်ပါတယ်​။

လူကိုယ်တိုင်လာရောက်စုံစမ်းချင်ရင်လည်း National Management Degree College - အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ ကျောင်းသားရေးရာဌာန (ဖုန်း ၀၁ ၂၉၂၅၆၆) သို့ လာရောက်စုံစမ်းနိုင်ပါတယ်နော် ။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source:National Management Degree College

News Read 2808 times